လီဗာပူးလ်အသင်းက အမှတ်ပေးဖလားကို ကာကွယ်နိုင်တဲ့အသင်းမဟုတ်တော့ဘူးလို့ ဆိုလိုက်တဲ့ နောက်ခံလူ ရော်ဘတ်ဆန်

လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်က အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ရှုံးခဲ့ရတာက သူတို့ရဲ့ အမှတ်ပေးဖလားကာကွယ်နေမှုကို အဆုံးသတ်သွားပြီလို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာ အိမ်ကွင်း (၆၈) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်ထားတာဟာ ပြီးခဲ့တဲ့အပတ်က ဘန်လေကို ရှုံးခဲ့လို့ပျက်ပြယ်ခဲ့ရပြီးနောက် ဒီတစ်ပတ်မှာလည်း ဘရိုက်တန်ကို ထပ်မံ ရှုံးခဲ့တာဖြစ်ပါတယ်။

အခုအခါ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့၌ မန်စီးတီးအသင်းကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး အဲ့ဒီပွဲကို ရှုံးခဲ့ပါက ဂွါဒီယိုလာရဲ့ အသင်းနဲ့ (၁၀) မှတ်အထိကွာဟသွားပြီဖြစ်ပါတယ်။

“မန်စီးတီးနဲ့ ကစားမယ့်ပွဲတိုင်းက အရေးကြီးတဲ့ ပွဲဖြစ်ပါတယ်။ အခုအခြေအနေမှာတော့ ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းမရှိပါဘူး။

ကျွန်တော်တို့ဟာ သူတို့နောက် (၇) မှတ်တောင် ကွာဟနေပြီး သူတို့က တစ်ပွဲကစားရန် ကျန်ပါသေးတယ်။ သူတို့လည်း သူတို့ဟာ (၁၀)မှတ်လောက် အသာရနေတယ်လို့ တွက်ဆနေမှာ သေချာပါတယ်။ ကျွန်တော်တို့ အားလုံး သိတဲ့ လီဗာပူးလ်အသင်းဖြစ်အောင် ပြန်ကြိုးစားရပါမယ်။ ကျွန်တော်တို့ဟာ အသင်းကောင်းတစ်သင်းဖြစ်နေဆဲပါ” လို့ ရော်ဘတ်ဆန်က ပြောသွားခဲ့ပါတယ်။

လီဗာပူးလ္အသင္းက အမွတ္ေပးဖလားကို ကာကြယ္ႏိုင္တဲ့အသင္းမဟုတ္ေတာ့ဘူးလို႔ ဆိုလိုက္တဲ့ ေနာက္ခံလူ ေရာ္ဘတ္ဆန္

လီဗာပူးလ္အသင္းရဲ႕ ဘယ္ေနာက္ခံလူ ေရာ္ဘတ္ဆန္က အိမ္ကြင္းမွာ ဘ႐ိုက္တန္အသင္းကို ရႈံးခဲ့ရတာက သူတို႔ရဲ႕ အမွတ္ေပးဖလားကာကြယ္ေနမႈကို အဆံုးသတ္သြားၿပီလို႔ ေျပာသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္မွာ အိမ္ကြင္း (၆၈) ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္တင္ထားတာဟာ ၿပီးခဲ့တဲ့အပတ္က ဘန္ေလကို ရႈံးခဲ့လို႔ပ်က္ျပယ္ခဲ့ရၿပီးေနာက္ ဒီတစ္ပတ္မွာလည္း ဘ႐ိုက္တန္ကို ထပ္မံ ရႈံးခဲ့တာျဖစ္ပါတယ္။

အခုအခါ လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔၌ မန္စီးတီးအသင္းကို အန္ဖီးလ္မွာ ဧည့္ခံကစားရမွာျဖစ္ၿပီး အဲ့ဒီပြဲကို ရႈံးခဲ့ပါက ဂြါဒီယိုလာရဲ႕ အသင္းနဲ႔ (၁၀) မွတ္အထိကြာဟသြားၿပီျဖစ္ပါတယ္။

“မန္စီးတီးနဲ႔ ကစားမယ့္ပြဲတိုင္းက အေရးႀကီးတဲ့ ပြဲျဖစ္ပါတယ္။ အခုအေျခအေနမွာေတာ့ ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္တဲ့ အရည္အခ်င္းမရွိပါဘူး။ ကၽြန္ေတာ္တို႔ဟာ သူတို႔ေနာက္ (၇) မွတ္ေတာင္ ကြာဟေနၿပီး သူတို႔က တစ္ပြဲကစားရန္ က်န္ပါေသးတယ္။ သူတို႔လည္း သူတို႔ဟာ (၁၀)မွတ္ေလာက္ အသာရေနတယ္လို႔ တြက္ဆေနမွာ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔ အားလံုး သိတဲ့ လီဗာပူးလ္အသင္းျဖစ္ေအာင္ ျပန္ႀကိဳးစားရပါမယ္။ ကၽြန္ေတာ္တို႔ဟာ အသင္းေကာင္းတစ္သင္းျဖစ္ေနဆဲပါ” လို႔ ေရာ္ဘတ္ဆန္က ေျပာသြားခဲ့ပါတယ္။