ဗန်ဒိုက်ခ်လည်း ဒဏ်ရာက သက်သာလာပြီဖြစ်တာကြောင့် နောက်ထပ်ပရီးမီးယားလိဂ်ဖလားကို ရနိုင်တယ်လို့ ပြောခဲ့တဲ့ ကလော့ပ်


လီဗာပူးအသင်းနည်းပြ ကလော့ပ်က ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရဖို့ ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လက်ရှိမှာ ဒဏ်ရာကသက်သာလာပြီး ဒူဘိုင်းမှာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီဖြစ်တဲ့ ဗန်ဒိုက်ခ်ကြောင့် အသင်း အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံကို ကာကွယ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးဟာ တစ်ပွဲလျော့အနေ အထားနဲ့ အမှတ်ပေးဇယားအဆင့်-၄ နေရာမှာရှိနေပြီး ဇယားထိပ်က ယူနိုက်တက်နဲ့ ၆ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။


လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီအကုန်မှာ ဒုတိယနေရာက မန်စီးတီးကို ၁၈ မှတ်ဖြတ်ကာ နှစ် ၃၀ ကြာဝေးကွာနေခဲ့တဲ့ အမှတ်ပေးချန်ပီယံကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ညမှာ ဘန်လေအသင်းနဲ့ ကစားမယ့်ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကလော့ပ်က ပရီးမီးယားလိဂ်မှာ ချန်ပီ ယံဖြစ်ဖို့အတွက်က အခြားလိဂ်တွေထက် ပိုပြီးခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်က “ အသင်းတစ်သင်းအနေနဲ့ တစ်ရာသီလုံးမှာ ရရှိနိုင်တဲ့အမှတ် ၁၁၄ မှတ်လုံးအပြည်ရနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းဆိုရင် အမှတ်ရဖို့က ပိုခက်ပါတယ်။ ကျန်တဲ့အသင်းတွေ အားလုံးက လက်ရှိချန်ပီယံကို အနိုင်ကစားမယ်ဆိုတဲ့ စိတ်မျိုးနဲ့ကစားနေတာကြောင့် ချန်ပီယံဆုကို ကာကွယ်ရတဲ့အသင်း က ပိုခက်ပါတယ်။ အခုချိန်က အသင်းအတွက် ခက်ခဲတယ်ဆိုပေမယ့် ဗန်ဒိုက်ခ်လည်း ပြန်လာတော့မှာဖြစ်လို့ ချန်ပီယံဆု ကို ကာကွယ်နိုင်မှာပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဗန္ဒိုက္ခ္လည္း ဒဏ္ရာက သက္သာလာၿပီျဖစ္တာေၾကာင့္ ေနာက္ထပ္ပရီးမီးယားလိဂ္ဖလားကို ရႏိုင္တယ္လို႔ ေျပာခဲ့တဲ့ ကေလာ့ပ္
လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က ဒဏ္ရာေၾကာင့္ ရာသီကုန္အထိအနားယူရဖို႔ ရွိတယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္ လက္ရွိမွာ ဒဏ္ရာကသက္သာလာၿပီး ဒူဘိုင္းမွာ အေပါ့စားေလ့က်င့္ခန္းေတြ ျပဳလုပ္ေနၿပီျဖစ္တဲ့ ဗန္ဒိုက္ခ္ေၾကာင့္ အသင္း အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံကို ကာကြယ္ႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ လက္ရွိမွာေတာ့ လီဗာပူးဟာ တစ္ပြဲေလ်ာ့အေန အထားနဲ႔ အမွတ္ေပးဇယားအဆင့္-၄ ေနရာမွာရွိေနၿပီး ဇယားထိပ္က ယူႏိုက္တက္နဲ႔ ၆ မွတ္ကြာဟေနတာ ျဖစ္ပါတယ္။
လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ၿပီး ရာသီအကုန္မွာ ဒုတိယေနရာက မန္စီးတီးကို ၁၈ မွတ္ျဖတ္ကာ ႏွစ္ ၃၀ ၾကာေဝးကြာေနခဲ့တဲ့ အမွတ္ေပးခ်န္ပီယံကို ရယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီေန႔ညမွာ ဘန္ေလအသင္းနဲ႔ ကစားမယ့္ပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ကေလာ့ပ္က ပရီးမီးယားလိဂ္မွာ ခ်န္ပီ ယံျဖစ္ဖို႔အတြက္က အျခားလိဂ္ေတြထက္ ပိုၿပီးခက္ခဲတယ္လို႔ ေျပာခဲ့ပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္က “ အသင္းတစ္သင္းအေနနဲ႔ တစ္ရာသီလံုးမွာ ရရွိႏိုင္တဲ့အမွတ္ ၁၁၄ မွတ္လံုးအျပည္ရႏိုင္ဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းဆိုရင္ အမွတ္ရဖို႔က ပိုခက္ပါတယ္။ က်န္တဲ့အသင္းေတြ အားလံုးက လက္ရွိခ်န္ပီယံကို အႏိုင္ကစားမယ္ဆိုတဲ့ စိတ္မ်ိဳးနဲ႔ကစားေနတာေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ရတဲ့အသင္း က ပိုခက္ပါတယ္။ အခုခ်ိန္က အသင္းအတြက္ ခက္ခဲတယ္ဆိုေပမယ့္ ဗန္ဒိုက္ခ္လည္း ျပန္လာေတာ့မွာျဖစ္လို႔ ခ်န္ပီယံဆု ကို ကာကြယ္ႏိုင္မွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။