ပေါ့ဘာက အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ချီးကျူးခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား


ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာအနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ပြီးနောက်မှာတော့ ယူ နိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပေ့ါဘာဟာ ဘန်လေကို အနိုင်ရတဲ့ပွဲတုန်းက လည်း အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ ကျွန်တော်တို့ အမြဲပြောလေ့ရှိသလိုပါ ပဲ။ ပေါ့ဘာက ကွင်းလယ်မှာ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားမျိုးပါ။ ဂိုးဖန်တီးမှုပြုလုပ်တာ ၊ ဂိုးကန် သွင်းတာတွေ အားလုံးကို သူအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ သူဟာ ကြံခိုင်မှုပြည့်ဝနေမယ်ဆိုရင် သူအနေ နဲ့ အကောင်းဆုံးကစားနိုင်တာကို တွေ့ရမှာပါ” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ် ၅ပွဲမှာ ၄ပွဲနိုင်ပြီး လီဗာပူးကို သရေကျခဲ့တာကြောင့် ရရှိနိုင်တဲ့ အမှတ် ၁၅ မှတ်ထဲကနေ ၁၃ မှတ်အထိရယူနိုင်ခဲ့ပါတယ်။ လက်ရှိခြေစွမ်းအရ အကောင်းဆုံးဖြစ်နေတာကြောင့် အမှတ် ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ ယူနိုက်တက်အနေနဲ့ နည်းပြကြီး ဖာဂူဆန်အနားယူသွားတဲ့ ၂၀၁၂-၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံကို ပြန်လည်ရယူနိုင်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

zawgyi version

ေပါ့ဘာက အရာအားလံုးကို လုပ္ေဆာင္ႏိုင္စြမ္းရွိတယ္လို႔ ခ်ီးက်ဴးခဲ့တဲ့ ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား
ဖူလ္ဟမ္အသင္းကို အေဝးကြင္းမွာအႏိုင္ရခဲ့ၿပီးေနာက္ အမွတ္ေပးဇယားကို ျပန္လည္ဦးေဆာင္ႏိုင္ၿပီးေနာက္မွာေတာ့ ယူ ႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းအတြက္ အႏိုင္ဂိုးသြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ အရာအားလံုးကို လုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့ ကစားသမားမ်ိဳးျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ေပ့ါဘာဟာ ဘန္ေလကို အႏိုင္ရတဲ့ပြဲတုန္းက လည္း အသင္းအတြက္ တစ္လံုးတည္းေသာအႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။
ပြဲအၿပီး ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက “ ကၽြန္ေတာ္တို႔ အၿမဲေျပာေလ့ရွိသလိုပါ ပဲ။ ေပါ့ဘာက ကြင္းလယ္မွာ အရာအားလံုးကို လုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့ ကစားသမားမ်ိဳးပါ။ ဂိုးဖန္တီးမႈျပဳလုပ္တာ ၊ ဂိုးကန္ သြင္းတာေတြ အားလံုးကို သူအေနနဲ႔ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ပါတယ္။ သူဟာ ၾကံခိုင္မႈျပည့္ဝေနမယ္ဆိုရင္ သူအေန နဲ႔ အေကာင္းဆံုးကစားႏိုင္တာကို ေတြ႕ရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ပရီးမီးယားလိဂ္ ၅ပြဲမွာ ၄ပြဲႏိုင္ၿပီး လီဗာပူးကို သေရက်ခဲ့တာေၾကာင့္ ရရွိႏိုင္တဲ့ အမွတ္ ၁၅ မွတ္ထဲကေန ၁၃ မွတ္အထိရယူႏိုင္ခဲ့ပါတယ္။ လက္ရွိေျခစြမ္းအရ အေကာင္းဆံုးျဖစ္ေနတာေၾကာင့္ အမွတ္ ေပးဇယားကို ဦးေဆာင္ထားႏိုင္တဲ့ ယူႏိုက္တက္အေနနဲ႔ နည္းျပႀကီး ဖာဂူဆန္အနားယူသြားတဲ့ ၂၀၁၂-၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအႀကိမ္ ပရီးမီးယားလိဂ္ခ်န္ပီယံကို ျပန္လည္ရယူႏိုင္ဖို႔ ရွိေနတယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။