ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်ရရှိ

ဒီဇင်ဘာလရဲ့ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို အက်စတွန်ဗီလာအသင်းနည်းပြ ဒင်းစမစ်က ရရှိသွားပါတယ်။ အက်စတွန်ဗီလာအသင်းနည်းပြဟာ အဆိုပါဆုကို အဲဗာတန်နည်းပြ အန်စလော့တီ၊ ဘန်လေနည်းပြ ဒိုက်ချီ နဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့ကို ကျော်ဖြတ်ပြီး (၅) ပွဲဆက်တိုက် ရှုံးပွဲမရှိပဲနဲ့ ရရှိသွားတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီဇင်ဘာလက ကစားခဲ့တဲ့ (၅) ပွဲမှာ (၃) ပွဲနိုင် (၂) ပွဲ သရေကျခဲ့ပြီး ၂၀၂၀ ကို အမှတ်ပေးဇယား အဆင့် (၅) နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒ့ါအပြင် အက်စတွန်ဗီလာအသင်းဟာ (၈) ဂိုးသွင်းပြီး (၁) ဂိုးသာ ခွင့်ပြုပေးခံခဲ့ရတာဖြစ်ပြီး (၄) ပွဲ ပေးဂိုးမရှိခဲ့ပါဘူး။

ခရစ္စတယ်ပဲလေ့စ် နဲ့ ဝက်စ်ဘရွန်းအသင်းတို့ကို (၃-ဝ) နဲ့ ဆက်တိုက် အနိုင်ရခဲ့တာကလည်း အသင်းကို အမှတ်ပေးဇယားအပေါ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် ဒီရာသီအတွက် ဗီလာနည်းပြအနေနဲ့ (၃) ကြိမ်မြောက် ဆန်ခါတင်စာရင်းမှာ ပါခဲ့တာဖြစ်ပြီး စက်တင်ဘာလ နဲ့ နိုဝင်ဘာလတွေတုန်းကတော့ အန်စလော့တီ နဲ့ နူနိုဆန်တို တို့က အသီးသီးရရှိသွားခဲ့ပါတယ်။

ဒီဇင္ဘာလရဲ႕ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆံုးနည္းျပဆုကို အက္စတြန္ဗီလာနည္းျပ ဒင္းစမစ္ရရွိ

ဒီဇင္ဘာလရဲ႕ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆံုးနည္းျပဆုကို အက္စတြန္ဗီလာအသင္းနည္းျပ ဒင္းစမစ္က ရရွိသြားပါတယ္။ အက္စတြန္ဗီလာအသင္းနည္းျပဟာ အဆိုပါဆုကို အဲဗာတန္နည္းျပ အန္စေလာ့တီ၊ ဘန္ေလနည္းျပ ဒိုက္ခ်ီ နဲ႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားတို႔ကို ေက်ာ္ျဖတ္ၿပီး (၅) ပြဲဆက္တိုက္ ရႈံးပြဲမရွိပဲနဲ႔ ရရွိသြားတာ ျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္းဟာ ဒီဇင္ဘာလက ကစားခဲ့တဲ့ (၅) ပြဲမွာ (၃) ပြဲႏိုင္ (၂) ပြဲ သေရက်ခဲ့ၿပီး ၂၀၂၀ ကို အမွတ္ေပးဇယား အဆင့္ (၅) နဲ႔ အဆံုးသတ္ခဲ့ပါတယ္။ ဒ့ါအျပင္ အက္စတြန္ဗီလာအသင္းဟာ (၈) ဂိုးသြင္းၿပီး (၁) ဂိုးသာ ခြင့္ျပဳေပးခံခဲ့ရတာျဖစ္ၿပီး (၄) ပြဲ ေပးဂိုးမရွိခဲ့ပါဘူး။

ခရစၥတယ္ပဲေလ့စ္ နဲ႔ ၀က္စ္ဘရြန္းအသင္းတို႔ကို (၃-၀) န႔ဲ ဆက္တိုက္ အႏိုင္ရခဲ့တာကလည္း အသင္းကို အမွတ္ေပးဇယားအေပၚကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ႀကိမ္ ဒီရာသီအတြက္ ဗီလာနည္းျပအေနနဲ႔ (၃) ႀကိမ္ေျမာက္ ဆန္ခါတင္စာရင္းမွာ ပါခဲ့တာျဖစ္ၿပီး စက္တင္ဘာလ နဲ႔ ႏို၀င္ဘာလေတြတုနး္ကေတာ့ အန္စေလာ့တီ နဲ႔ ႏူႏိုဆန္တို တို႔က အသီးသီးရရွိသြားခဲ့ပါတယ္။