ဒီကလန်ရိုက်အစား ဘယ်လင်ဂမ်ကို ခေါ်ယူရန်စဉ်းစားနေတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို မခေါ်နိုင်ပါက ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက ကစားသမားခေါ်ယူမှု တွေ အများဆုံးလုပ်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ပေါင်သန်း ၇၀ တန် အသက် ၂၁ နှစ်အရွယ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်ကို မခေါ်ယူနိုင်ခဲ့ပါဘူး။

သတင်းများအရ ချဲလ်ဆီးအသင်းဟာ ဒီကလန်ရိုက်ကို နောက်နှစ်မှာလည်း မခေါ်ယူနိုင်ပါက နောက်ထပ်ပစ်မှတ်ကစားသမားကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။နည်းပြလမ်းပတ်ရဲ့ အဆိုပါရည်ရွယ်ထားတဲ့ ကစားသမားစာရင်းထဲမှာ ဘာမင်ဂမ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ လူငယ်ကစားသမားလေး ဘယ်လင်ဂမ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘယ်လင်ဂမ်ကို ရေရှည်အတွက် ရည်ရွယ်ထားပြီး သူဟာ ဒီကလန်ရိုက်လိုပဲ အသင်းကို စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဒီကလန္ရိုက္အစား ဘယ္လင္ဂမ္ကို ေခၚယူရန္စဥ္းစားေနတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ၀က္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္စ္ကို မေခၚႏိုင္ပါက ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဂမ္ကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ကစားသမားေခၚယူမႈ ေတြ အမ်ားဆံုးလုပ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ေပါင္သန္း ၇၀ တန္ အသက္ ၂၁ ႏွစ္အရြယ္ ၀က္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္ကို မေခၚယူႏိုင္ခဲ့ပါဘူး။

သတင္းမ်ားအရ ခ်ဲလ္ဆီးအသင္းဟာ ဒီကလန္ရိုက္ကို ေနာက္ႏွစ္မွာလည္း မေခၚယူႏိုင္ပါက ေနာက္ထပ္ပစ္မွတ္ကစားသမားကို သတ္မွတ္ထားတယ္လို႔ သိရပါတယ္။နည္းျပလမ္းပတ္ရဲ႕ အဆိုပါရည္ရြယ္ထားတဲ့ ကစားသမားစာရင္းထဲမွာ ဘာမင္ဂမ္ကေန ေဒါ့မြန္ကို ေျပာင္းေရႊ႕သြားတဲ့ လူငယ္ကစားသမားေလး ဘယ္လင္ဂမ္လည္း ပါ၀င္ေနတာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဘယ္လင္ဂမ္ကို ေရရွည္အတြက္ ရည္ရြယ္ထားျပီး သူဟာ ဒီကလန္ရိုက္လိုပဲ အသင္းကို စြမ္းေဆာင္ေပးႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။