ယူနိုက်တက်အသင်း ဘရိုက်တန်ကို (၇-၁) နဲ့ ရှုံးသင့်တယ်ဆိုပြီး ဗန်ဒီဘိခ် ရဲ့ အေးဂျင့် ဖြစ်သူ ပြောဆို

အေဂျက်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ယခုအချိန်အထိ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်မရသေးတာ နဲ့ ပတ်သက်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဆွက်က စိတ်ဆိုးမကျေမနပ်ဖြစ်နေတာဖြစ်ပါတယ်။ Voetbalprimeur ကို အေးဂျင့်ဖြစ်သူ ဆွက်က “လူစားလဲ ဝင်ရောက်ကစားရတာကို ကျွန်တော် လုံးဝမကြိုက်ပါဘူး။ (၄) မိနစ်ကျန်တဲ့အချိန်မှာ လူစားလဲဝင်ရောက်ကစားတာက လုံးဝမဖြစ်သင့်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

ဒက်ချ်ကွင်းလယ်ကစားသမားရောက်လာတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ယူနိုက်တက်ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ် နဲ့ ပေါ့ဘာ တို့နဲ့ အတူ တွဲကစားတာကို မြင်ချင်နေတာ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ လူစားဝင်ရောက် (၂) ပွဲပဲ ကစားခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲတုန်းက ပွဲကစားချိန် (၂၃) မိနစ် အကျန်နဲ့ ဘရိုက်တန် နဲ့ပွဲမှာ ကစားချိန် နောက်ဆုံးမိနစ်မှသာ လူစားဝင်ရောက်ကစားခဲ့ရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲမှာ သူဝင်ရောက်ကစားပြီး သိပ်မကြာခင်မှာပဲ ဗန်ဒီဘိခ်က ယူနိုက်တက်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီ ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း သူဝင်လာပြီး မကြာခင်ပဲ ယူနိုက်တက် ပင်နယ်တီ ရခဲ့တာဖြစ်ပါတယ်။

“သူလူစားဝင်ရောက်ကစားပြီး သိပ်မကြာခင် ယူနိုက်တက် အသင်းက အနိုင်ဂိုး ရခဲ့တာပါ။ ဒါဟာ သူ့ကြောင့် ရခဲ့တာပါ။ ပုံမှန်အားဖြင့် ဆိုရင် ယူနိုက်တက်အသင်း (၇-၁) နဲ့ ရှုံးသင့်ပါတယ်။ ဘရိုက်တန်က ဂိုးတိုင် (၅) ကြိမ် လောက်ထိခဲ့တာပါ။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ဒါမျိုးက ယူနိုက်တက်နဲ့ ဆိုရင် မဖြစ်သင့်ပါဘူး” လို့ အေးဂျင့်ဖြစ်သူက ထပ်ပြီးပြောသွားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ လူတန်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာတော့ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပွဲကစားချိန် (၇၈) မိနစ်မှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ယူႏိုက္တက္အသင္း ဘရိုက္တန္ကို (၇-၁) နဲ႔ ရႈံးသင့္တယ္ဆိုျပီး ဗန္ဒီဘိခ္ ရဲ႕ ေအးဂ်င့္ ျဖစ္သူ ေျပာဆို

ေအဂ်က္အသင္းကေန ယူႏိုက္တက္အသင္းဆီ ေပါင္သန္း ၄၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဗန္ဒီဘိခ္ဟာ ယခုအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားခြင့္မရေသးတာ နဲ႔ ပတ္သက္ျပီး သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ဆြက္က စိတ္ဆိုးမေက်မနပ္ျဖစ္ေနတာျဖစ္ပါတယ္။ Voetbalprimeur ကို ေအးဂ်င့္ျဖစ္သူ ဆြက္က “လူစားလဲ ၀င္ေရာက္ကစားရတာကို ကၽြန္ေတာ္ လုံး၀မၾကိဳက္ပါဘူး။ (၄) မိနစ္က်န္တဲ့အခ်ိန္မွာ လူစားလဲ၀င္ေရာက္ကစားတာက လံုး၀မျဖစ္သင့္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။

ဒက္ခ်္ကြင္းလယ္ကစားသမားေရာက္လာတာနဲ႔ ပတ္သက္ျပီး ပရိသတ္ေတြက ယူႏိုက္တက္ကြင္းလယ္မွာ ဘရူႏိုဖာနန္ဒက္စ္ နဲ႔ ေပါ့ဘာ တို႔နဲ႔ အတူ တြဲကစားတာကို ျမင္ခ်င္ေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ လူစား၀င္ေရာက္ (၂) ပြဲပဲ ကစားခဲ့ရျပီး ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပြဲတုန္းက ပြဲကစားခ်ိန္ (၂၃) မိနစ္ အက်န္နဲ႔ ဘရိုက္တန္ နဲ႔ပြဲမွာ ကစားခ်ိန္ ေနာက္ဆံုးမိနစ္မွသာ လူစား၀င္ေရာက္ကစားခဲ့ရပါတယ္။

ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပြဲမွာ သူ၀င္ေရာက္ကစားျပီး သိပ္မၾကာခင္မွာပဲ ဗန္ဒီဘိခ္က ယူႏိုက္တက္အသင္းအတြက္ ပထမဆံုးဂိုးကို သြင္းယူေပးခဲ့ျပီ ဘရိုက္တန္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာလည္း သူ၀င္လာျပီး မၾကာခင္ပဲ ယူႏိုက္တက္ ပင္နယ္တီ ရခဲ့တာျဖစ္ပါတယ္။

“သူလူစား၀င္ေရာက္ကစားျပီး သိပ္မၾကာခင္ ယူႏိုက္တက္ အသင္းက အႏိုင္ဂိုး ရခဲ့တာပါ။ ဒါဟာ သူ႔ေၾကာင့္ ရခဲ့တာပါ။ ပံုမွန္အားျဖင့္ ဆိုရင္ ယူႏိုက္တက္အသင္း (၇-၁) နဲ႔ ရႈံးသင့္ပါတယ္။ ဘရိုက္တန္က ဂိုးတိုင္ (၅) ၾကိမ္ ေလာက္ထိခဲ့တာပါ။ သူတို႔က အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္ ဒါမ်ိဳးက ယူႏိုက္တက္နဲ႔ ဆိုရင္ မျဖစ္သင့္ပါဘူး” လို႔ ေအးဂ်င့္ျဖစ္သူက ထပ္ျပီးေျပာသြားခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ လူတန္အသင္းကို အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလားပြဲမွာေတာ့ ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ပြဲကစားခ်ိန္ (၇၈) မိနစ္မွာ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။