လိဒ်ယူနိုက်တက်က ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ယူနိုက်တက် တောင်ပံကစားသမား ဒန်နီယဲယ်ဂျိမ်းစ် အိုးထရက်ဖိုဒ့်မှာပဲ ဆက်နေလို

ယူနိုက်တက် တောင်ပံကစားသမား ဒန်နီယဲယ်ဂျိမ်းစ် ဟာ လိဒ်ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ရန် ပြင်ဆင်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဝေးလ်လက်ရွေးစင်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ဆွမ်ဆီးအသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာတုန်းက ပုံမှန်ပွဲကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ (၃၆) ပွဲ ပွဲထွက်ကစားပြီး (၁၁) ပွဲ လူစားဝင်ရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

သို့သော်လည်း ယုူနိုက်တက်အသင်းဟာ ဒေါ့မွန်က ဂျာဒွန်ဆန်ချိုကို အဓိက ပစ်မှတ်ထားပြီး ခေါ်ယူလိုက်နိုင်ပါက အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့ ပွဲကစားခွင့်ဟာ ပိုမိုနည်းပါးလာဖွယ်ရှိနေပါတယ်။ စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြချက်အရ ဒန်နီယဲယ်ဂျိမ်းစ်ဟာ အိုးထရက်ဖိုဒ့်မှာပဲ ဒီရာသီမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားချင်နေတယ်လို့ သိရပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ ဒန်နီယဲယ်ဂျိမ်းစ်ကို ပြီးခဲ့တဲ့ နှစ်ကလည်း ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ အငှားနဲ့ အရင် ခေါ်ယူရန် ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။

လိဒ္ယူႏိုက္တက္က ေခၚယူရန္ စိတ္၀င္စားေနတဲ့ ယူႏိုက္တက္ ေတာင္ပံကစားသမား ဒန္နီယဲယ္ဂ်ိမ္းစ္ အိုးထရက္ဖိုဒ့္မွာပဲ ဆက္ေနလို

ယူႏိုက္တက္ ေတာင္ပံကစားသမား ဒန္နီယဲယ္ဂ်ိမ္းစ္ ဟာ လိဒ္ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခြင့္ရမယ့္ အခြင့္အေရးကို ျငင္းပယ္ရန္ ျပင္ဆင္ထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ေ၀းလ္လက္ေရြးစင္ေတာင္ပံကစားသမားဟာ ျပီးခဲ့တဲ့ေႏြရာသီက ဆြမ္ဆီးအသင္းကေန ယူႏုိက္တက္ကို ေျပာင္းေရႊ႕လာတုန္းက ပံုမွန္ပြဲကစားခြင့္ရခဲ့ျပီး ျပိဳင္ပြဲစံု (၃၆) ပြဲ ပြဲထြက္ကစားျပီး (၁၁) ပြဲ လူစား၀င္ေရာက္ကစားခဲ့သူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ယုူႏိုက္တက္အသင္းဟာ ေဒါ့မြန္က ဂ်ာဒြန္ဆန္ခ်ိဳကို အဓိက ပစ္မွတ္ထားျပီး ေခၚယူလိုက္ႏိုင္ပါက အသက္ ၂၂ ႏွစ္အရြယ္ကစားသမားရဲ႕ ပြဲကစားခြင့္ဟာ ပိုမိုနည္းပါးလာဖြယ္ရွိေနပါတယ္။ စကိုင္းစေပါ့ သတင္းဌာနက ေဖာ္ျပခ်က္အရ ဒန္နီယဲယ္ဂ်ိမ္းစ္ဟာ အိုးထရက္ဖိုဒ့္မွာပဲ ဒီရာသီမွာ ပြဲထြက္ခြင့္အတြက္ တိုက္ပြဲ၀င္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

လိဒ္ယူႏိုက္တက္အသင္းဟာ ဒန္နီယဲယ္ဂ်ိမ္းစ္ကို ျပီးခဲ့တဲ့ ႏွစ္ကလည္း ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ယူႏိုက္တက္ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ လိဒ္ယူႏိုက္တက္အသင္းဟာ အငွားနဲ႔ အရင္ ေခၚယူရန္ ကမ္းလွမ္းသြားဖြယ္ရွိေနပါတယ္။