ယူနိုက်တက်အသင်းရဲ့ ခံစစ်ပြဿနာအတွက် ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ် (၂) ယောက်ထဲက (၁) ယောက်ကိုပဲ ကစားခွင့်ပေးရမယ်လို့ ဆိုလိုက်တဲ့ ဒန်နီမာဖီ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်ကို အသင်းရဲ့ ကွင်းလယ် (၃) အတွဲမှာ ဆက်ပြီး ကစားခွင့်ပေးမယ်ဆိုရင် ဂိုးတွေ ဆက်ပေးရမှာဖြစ်လို့ ဆိုးလ်ရှားအနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချရမယ်လို့ ဒန်နီမာဖီက ပြောသွားခဲ့ပါတယ်။ ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေဖြစ်လို့ အသင်းရဲ့ ကွင်းလယ်ခံစစ်ကို လိုက်ပါအင်အားဖြည့်နိုင်ခြင်းမရှိဘူးလို့ ဒန်နီမာဖီက ပြောသွားခဲ့တာဖြစ်ပါတယ်။

စနေနေ့က ဘရိုက်တန်အသင်းနဲ့ ပွဲမှာလည်း အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဟာ နောက်တန်းကို လိုက်ပါအင်အားဖြည့်တင်းရာမှာ အမှားအချို့ လုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အသင်းရဲ့ နောက်ခံအစွန်လူတွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာ နဲ့ လုခ်ရှောတို့ကလည်း နောက်တန်းကို ပြန်လည်အင်အားဖြည့်တင်းရာမှာ အားနည်းတွေဖြစ်လို့ ဘရိုက်တန်နဲ့ ပွဲမှာလည်း တောင်ပံတွေ လွတ်ထွက်ပြီး ယူနိုက်တက် ထိန်းမနိုင်ဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းမှာတော့ အာနိုးလ် နဲ့ ရော်ဘတ်ဆန် တို့ အရှေ့ကို လိုက်ပါတိုက်စစ်ဆင်ပေမယ့်လည်း ကွင်းလယ်မှာ ဟန်ဒါဆန် နဲ့ ဝိုင်နယ်လ်ဒမ်တို့လို ကစားသမားက နောက်တန်းကို အပြည့်အ၀ ပြန်လည်ကာကွယ်ပေးနိုင်တယ်လို့လည်း မာဖီက နှိုင်းယှဉ်ပြောသွားခဲ့ပါတယ်။ ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ (၂) ယောက်စလုံးက ပျင်းရိလေးပင်သူတွေ မဟုတ်ပေမယ့် ပွဲရဲ့ လိုအပ်ချက်အရ တစ်ယောက်ကိုပဲ ထည့်သုံးရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ယူႏိုက္တက္အသင္းရဲ႕ ခံစစ္ျပႆနာအတြက္ ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္ (၂) ေယာက္ထဲက (၁) ေယာက္ကိုပဲ ကစားခြင့္ေပးရမယ္လို႔ ဆိုလိုက္တဲ့ ဒန္နီမာဖီ

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္ကို အသင္းရဲ႕ ကြင္းလယ္ (၃) အတြဲမွာ ဆက္ျပီး ကစားခြင့္ေပးမယ္ဆိုရင္ ဂိုးေတြ ဆက္ေပးရမွာျဖစ္လို႔ ဆိုးလ္ရွားအေနနဲ႔ ၾကီးမားတဲ့ ဆံုးျဖတ္ခ်က္ ခ်ရမယ္လို႔ ဒန္နီမာဖီက ေျပာသြားခဲ့ပါတယ္။ ဖန္တီးမႈ ေကာင္းတဲ့ ကစားသမားေတြျဖစ္လို႔ အသင္းရဲ႕ ကြင္းလယ္ခံစစ္ကို လိုက္ပါအင္အားျဖည့္ႏိုင္ျခင္းမရွိဘူးလို႔ ဒန္နီမာဖီက ေျပာသြားခဲ့တာျဖစ္ပါတယ္။

စေနေန႔က ဘရိုက္တန္အသင္းနဲ႔ ပြဲမွာလည္း အသင္းရဲ႕ ကြင္းလယ္ကစားသမားေတြဟာ ေနာက္တန္းကို လိုက္ပါအင္အားျဖည့္တင္းရာမွာ အမွားအခ်ိဳ႕ လုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ အသင္းရဲ႕ ေနာက္ခံအစြန္လူေတြျဖစ္တဲ့ ၀မ္ဘစ္ဆာကာ နဲ႔ လုခ္ေရွာတို႔ကလည္း ေနာက္တန္းကို ျပန္လည္အင္အားျဖည့္တင္းရာမွာ အားနည္းေတြျဖစ္လို႔ ဘရိုက္တန္နဲ႔ ပြဲမွာလည္း ေတာင္ပံေတြ လြတ္ထြက္ျပီး ယူႏုိက္တက္ ထိန္းမႏိုင္ျဖစ္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းမွာေတာ့ အာႏိုးလ္ နဲ႔ ေရာ္ဘတ္ဆန္ တို႔ အေရွ႕ကို လိုက္ပါတိုက္စစ္ဆင္ေပမယ့္လည္း ကြင္းလယ္မွာ ဟန္ဒါဆန္ နဲ႔ ၀ိုင္နယ္လ္ဒမ္တို႔လို ကစားသမားက ေနာက္တန္းကို အျပည့္အ၀ ျပန္လည္ကာကြယ္ေပးႏိုင္တယ္လို႔လည္း မာဖီက ႏိႈင္းယွဥ္ေျပာသြားခဲ့ပါတယ္။ ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္တို႔ (၂) ေယာက္စလံုးက ပ်င္းရိေလးပင္သူေတြ မဟုတ္ေပမယ့္ ပြဲရဲ႕ လိုအပ္ခ်က္အရ တစ္ေယာက္ကိုပဲ ထည့္သံုးရမွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။