ဘန်စ်လေ နဲ့ ပွဲမှာ အသစ်ခေါ်ယူထားတဲ့ သီယာဂိုဆေးလ်ဗား နဲ့ ဘင်ချီဝဲလ် ပါဝင်ကစားမယ်လို့ အတည်ပြုပြောကြားခဲ့တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အသစ်ခေါ်ယူထားတဲ့ သီယာဂိုဆေးလ်ဗား နဲ့ ဘင်ချီဝဲလ်တို့ (၂) ယောက်စလုံး ဘန်စ်လေ နဲ့ ကာရာဘောင် ဖလားပွဲစဉ်မှာ ပါဝင်ကစားမယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ ချဲလ်ဆီးအသင်းဟာ စတန်းဖိုဒ့်ဘရစ်ချ်၌ ချန်ပီယံရှစ်အသင်းကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို ပြုပြင်ပြောင်းလဲမှု အများအပြားလုပ်ထားပြီး ကစားသမားသစ်များစွာ ခေါ်ယူထားပါတယ်။ တီမိုဝါနာ နဲ့ ကိုင်ဟာဗက်ဇ်တို့ကတော့ ချဲလ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်တွေ ရထားပေမယ့် ဇီယက်၊ သီယာဂိုဆေးလ်ဗား နဲ့ ဘင်ချီဝဲလ်တို့ကတော့ ကြံ့ခိုင်မှု အခြေအနေတွေအရ မကစားရသေးဘူး ဖြစ်ပါတယ်။

အင်္ဂါနေ့က အသက် ၃၆ နှစ်ပြည့်သွားတဲ့ ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားတဲ့ သီယာဂိုဆေးလ်ဗားနဲ့ လက်စတာအသင်းကနေ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တဲ့ ဘင်ချီဝဲလ်တို့ (၂) ယောက်စလုံး ဗုဒ္ဓဟူးနေ့ကစားမယ်ပွဲမှာ ပါဝင်မယ်လို့ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

“ဒါက မွေးနေ့လက်ဆောင် ဟုတ်လား မဟုတ်လား ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် သူကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။ သီယာဂို မနက်ဖြန် လူစာရင်းမှာ ပါဝင်မှာပါ။ ပွဲအခြေအနေပေါ်ကြည့်ပြီး သူဘယ်လောက်ကစားနိုင်မလဲဆိုတာ ကျွန်တော် ဆုံးဖြတ်ချက်ချဦးမှာ ဖြစ်ပါတယ်။ ဘင်ချီဝဲလ်လည်း လူစာရင်းမှာ ပါဝင်ပါတယ်။ ပူလီဆစ် နဲ့ ဇီယက်တို့လည်း ပါဝင်ခါနီးပါပြီ” လို့ နည်းပြလမ်းပတ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘန္စ္ေလ နဲ႔ ပြဲမွာ အသစ္ေခၚယူထားတဲ့ သီယာဂိုေဆးလ္ဗား နဲ႔ ဘင္ခ်ီ၀ဲလ္ ပါ၀င္ကစားမယ္လို႔ အတည္ျပဳေျပာၾကားခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ အသစ္ေခၚယူထားတဲ့ သီယာဂိုေဆးလ္ဗား နဲ႔ ဘင္ခ်ီ၀ဲလ္တို႔ (၂) ေယာက္စလံုး ဘန္စ္ေလ နဲ႔ ကာရာေဘာင္ ဖလားပြဲစဥ္မွာ ပါ၀င္ကစားမယ္လို႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။ တနဂၤေႏြေန႔က လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့ျပီးေနာက္ ဗုဒၶဟူးေန႔ညမွာ ခ်ဲလ္ဆီးအသင္းဟာ စတန္းဖိုဒ့္ဘရစ္ခ်္၌ ခ်န္ပီယံရွစ္အသင္းကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ျပဳျပင္ေျပာင္းလဲမႈ အမ်ားအျပားလုပ္ထားျပီး ကစားသမားသစ္မ်ားစြာ ေခၚယူထားပါတယ္။ တီမို၀ါနာ နဲ႔ ကိုင္ဟာဗက္ဇ္တို႔ကေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ ပြဲထြက္ကစားခြင့္ေတြ ရထားေပမယ့္ ဇီယက္၊ သီယာဂိုေဆးလ္ဗား နဲ႔ ဘင္ခ်ီ၀ဲလ္တို႔ကေတာ့ ၾက့ံခိုင္မႈ အေျခအေနေတြအရ မကစားရေသးဘူး ျဖစ္ပါတယ္။

အဂၤါေန႔က အသက္ ၃၆ ႏွစ္ျပည့္သြားတဲ့ ပီအက္စ္ဂ်ီအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚထားတဲ့ သီယာဂိုေဆးလ္ဗားနဲ႔ လက္စတာအသင္းကေန ေပါင္သန္း ၅၀ နဲ႔ ေခၚယူခဲ့တဲ့ ဘင္ခ်ီ၀ဲလ္တို႔ (၂) ေယာက္စလံုး ဗုဒၶဟူးေန႔ကစားမယ္ပြဲမွာ ပါ၀င္မယ္လို႔ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။

“ဒါက ေမြးေန႔လက္ေဆာင္ ဟုတ္လား မဟုတ္လား ဆိုတာေတာ့ မသိပါဘူး။ ဒါေပမယ့္ သူကေတာ့ ၾကံ့ခိုင္မႈ ျပည့္၀ေနပါတယ္။ သီယာဂို မနက္ျဖန္ လူစာရင္းမွာ ပါ၀င္မွာပါ။ ပြဲအေျခအေနေပၚၾကည့္ျပီး သူဘယ္ေလာက္ကစားႏိုင္မလဲဆိုတာ ကၽြန္ေတာ္ ဆံုးျဖတ္ခ်က္ခ်ဦးမွာ ျဖစ္ပါတယ္။ ဘင္ခ်ီ၀ဲလ္လည္း လူစာရင္းမွာ ပါ၀င္ပါတယ္။ ပူလီဆစ္ နဲ႔ ဇီယက္တို႔လည္း ပါ၀င္ခါနီးပါျပီ” လို႔ နည္းျပလမ္းပတ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။