ယူနိုက်တက်ကြယ်ပွင့် လင်ဂတ် ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုဟာ ယူနိုက်တက် ကြယ်ပွင့် လင်ဂတ်ကို ခေါ်ယူရန် အသင်းဥက္ကဌ လီဗိုင်းနဲ့ စတင်ဆွေးနွေးနေတယ်လို့ သတင်းများအရ သိရပါတယ်။ ယူနိုက်တက်အကယ်ဒမီ ထွက်ကစားသမားဟာ ဖေဖော်ဝါရီလကတည်းက ပရီးမီးယားလိဂ်မှာ လူစားဝင် (၂) ပွဲသာ ကစားခဲ့ရပြီး စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို (၃-၁) နဲ့ ရှုံးခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း လူစာရင်းမှာ မပါဝင်ခဲ့ဘူး ဖြစ်ပါတယ်။

လင်ဂတ်ဟာ မော်ရင်ဟို ၂၀၁၇-၁၈မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်စဉ်က (၄၈) ပွဲကစားထားပြီး (၁၃) ဂိုးသွင်းကာ သူ့ရဲ့ အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပါတယ်။ လင်ဂတ်ဟာ အင်္ဂလန်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်းမှာလည်း ပါဝင်ခဲ့ပေမယ့် အဲ့ဒီအချိန်ကတည်းက ပရီးမီးယားလိဂ်မှာ (၅) ဂိုးသာ သွင်းထားနိုင်သူပါ။ မော်ရင်ဟို ဟာ ဥက္ကဌလီဗိုင်းကို စုံစမ်းရန် တိုက်တွန်းနေတယ်လို့ ESPN က အဆိုအရ သိရပါတယ်။

ရုရှားကလပ် ဇင်းနစ်ကလည်း လင်ဂတ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပါးအသင်းဟာ ဂါရတ်ဘေးလ် နဲ့ ရီဂွီလွန်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူထားပြီး အသင်းရဲ့ တိုက်စစ်အင်အားကိုလည်း ဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်တို့ဟာ ပြီးခဲ့တဲ့ ရာသီက စပါးအသင်းအတွက ်(၂) ယောက်ပေါင်း (၄၂) ဂိုးသွင်းထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ (၁-ဝ) နဲ့ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၂၀၄) ပွဲကစားထားပြီး (၃၃) ဂိုးသွင်းပေးကာ လက်ရွေးစင်အသင်းအတွက်လည်း (၂၄) ပွဲကစားပေးထားသူဖြစ်ပါတယ်။

ယူႏိုက္တက္ၾကယ္ပြင့္ လင္ဂတ္ ကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ စပါးနည္းျပ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုဟာ ယူႏိုက္တက္ ၾကယ္ပြင့္ လင္ဂတ္ကို ေခၚယူရန္ အသင္းဥကၠဌ လီဗိုင္းနဲ႔ စတင္ေဆြးေႏြးေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။ ယူႏိုက္တက္အကယ္ဒမီ ထြက္ကစားသမားဟာ ေဖေဖာ္၀ါရီလကတည္းက ပရီးမီးယားလိဂ္မွာ လူစား၀င္ (၂) ပြဲသာ ကစားခဲ့ရျပီး စေနေန႔က ခရစၥတယ္ပဲေလ့စ္ကို (၃-၁) နဲ႔ ရႈံးခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာလည္း လူစာရင္းမွာ မပါ၀င္ခဲ့ဘူး ျဖစ္ပါတယ္။

လင္ဂတ္ဟာ ေမာ္ရင္ဟို ၂၀၁၇-၁၈မွာ ယူႏိုက္တက္အသင္းကို ကိုင္တြယ္စဥ္က (၄၈) ပြဲကစားထားျပီး (၁၃) ဂိုးသြင္းကာ သူ႔ရဲ႕ အေကာင္းဆံုး ရာသီ ျဖစ္ခဲ့ပါတယ္။ လင္ဂတ္ဟာ အဂၤလန္အသင္း ၂၀၁၈ ကမာၻ႕ဖလား ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့တဲ့ အသင္းမွာလည္း ပါ၀င္ခဲ့ေပမယ့္ အဲ့ဒီအခ်ိန္ကတည္းက ပရီးမီးယားလိဂ္မွာ (၅) ဂိုးသာ သြင္းထားႏိုင္သူပါ။ ေမာ္ရင္ဟို ဟာ ဥကၠဌလီဗိုင္းကို စံုစမ္းရန္ တိုက္တြန္းေနတယ္လို႔ ESPN က အဆိုအရ သိရပါတယ္။

ရုရွားကလပ္ ဇင္းနစ္ကလည္း လင္ဂတ္ကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ စပါးအသင္းဟာ ဂါရတ္ေဘးလ္ နဲ႔ ရီဂြီလြန္ကို ရီးရဲလ္မက္ဒရစ္အသင္းကေန ေခၚယူထားျပီး အသင္းရဲ႕ တိုက္စစ္အင္အားကိုလည္း ျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။

ဟယ္ရီကိန္း နဲ႔ ဆြန္ေဟာင္မင္တို႔ဟာ ျပီးခဲ့တဲ့ ရာသီက စပါးအသင္းအတြက ္(၂) ေယာက္ေပါင္း (၄၂) ဂိုးသြင္းထားခဲ့ေပမယ့္ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ (၁-၀) နဲ႔ အဲဗာတန္အသင္းကို ရႈံးနိမ့္ခဲ့ရပါတယ္။ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းအတြက္ ျပိဳင္ပြဲစံု (၂၀၄) ပြဲကစားထားျပီး (၃၃) ဂိုးသြင္းေပးကာ လက္ေရြးစင္အသင္းအတြက္လည္း (၂၄) ပြဲကစားေပးထားသူျဖစ္ပါတယ္။