ပွဲထွက်ခွင့် ပုံမှန်မရရင်တောင် အက်ဇ်ပီလီကွီတာအသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမယ်လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြလမ်းပတ်
ချဲလ်ဆီးနည်းပြ လမ်းပတ်က အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာဟာ ချဲလ်ဆီးအသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမယ်လို့ အတည်ပြုပြောသွားခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ အသင်းကို အသစ်ရောက်လာတဲ့ ဘရာဇီးနောက်ခံလူ သီယာဂိုဆေးလ်ဗားကို အသင်းခေါင်းဆောင် အဖြစ် လွှဲပြောင်းပေးအပ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း နည်းပြလမ်းပတ်က စပိန်နောက်ခံလူဟာ ရီစီဂျိမ်းစ်ကြောင့် ပုံမှန်ပွဲထွက်ခွင့်မရှိရင်တောင် အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမယ်လို့ ပြောသွားခဲ့ပါတယ်။အသက် ၃၁ နှစ်အရွယ် အက်ဇ်ပီလီကွီတာဟာ တံကောက်ကြောဒဏ်ရာကြောင့် ရုန်းကန်နေရပြီး တနလာၤနေ့က ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ (၅) မိနစ်သာ လူစားဝင်ရောက်ကစားခဲ့ရသူ ဖြစ်ပါတယ်။
သို့သော်လည်း သူ့ရဲ့ ကွင်းအတွင်း လွှမ်းမိုးနိုင်မှုဟာ မေးခွန်းထုတ်စရာမလိုလို လမ်းပတ်က သူ့ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဆက်ပြီးပေးသွားမယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ လီဗာပူးလ်နဲ့ ပွဲမတိုင်က သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က “ဟုတ်ပါတယ်။ အက်ဇ်ပီလီကွီတာပဲ ဒီရာသီအသင်းခေါင်းဆောင် အဖြစ် ဆက်ရှိမှာပါ။
သူဟာ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပါတယ်။ ကျွန်တော်ဒီကို မရောက်ခင်ကတည်းက သူအသင်းအပေါ်ကို ကွင်းအတွင်းကွင်းအပြင် ကိုင်တွယ်မှု ၊ ဒီအသင်းပေါ်ကို ခံစားမှု ၊ ဒီအသင်းရဲ့ လူစာရင်းအပေါ် ဆက်ဆံမှုတွေက သူဟာ ကျွန်တော့်ကို အများကြီး ကူညီထားပါတယ်။ ညာနောက်ခံလူနေရာမှာ ရီစီဂျိမ်းစ်ရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့လည်း တွေ့မြင်ထားပါတယ်။ ဒါပေမယ့် အက်ဇ်ပီလီကွီတာဟာ ဒီနှစ်မှာလည်း ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိမှာဖြစ်ပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။