ပါဘလိုမာရီ ရောက်ရှိလာခဲ့တာဟာ အာဆင်နယ် အသင်းရဲ့ ခံစစ်ကို အများကြီး အကူအညီပေးသွားနိုင်လိမ့်မယ်လို့ ချီးကျူးသွားခဲ့တဲ့ ဒေးဗစ်လုဇ်

အာဆင်နယ် အသင်းရဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်သူ ဒေးဗစ်လုဇ် က သူ့အနေနဲ့ ဒီဆောင်းရာသီမှာ အငှားခေါ်ယူထားတဲ့ မာရီ နဲ့ပက်သက်ပြီးကြိုဆိုသွားခဲ့ကာ ချီးကျူးစကားပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ် ဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး ခံစစ်ပြသနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့ လက်ရှိအချိန်ထိလည်း အသားကျဖို့အတွက် ကစားသမားတွေအနေနဲ့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
နည်းပြဟောင်း အမ်မရီ ဟာ အာဆင်နယ် ရဲ့ခံစစ်အတွက် ဒီနွေရာသီမှာတုန်းက ကစားသမားတော်အသင့်ခေါ်ယူအားဖြည့်ခဲ့ပါတယ်။
ဒီခံစစ်ပြသနာ ဟာ ပြီးဆုံးခဲ့ခြင်းမရှိခဲ့တာကြောင့် အာတီတာ အနေနဲ့ မာရီ ကို ဖလန်မင်းဂိုးလ် ကနေ အငှားနဲ့ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဗဟိုခံစစ်မှူးတွေအဖြစ်ရှိနေကြတဲ့ ဒေးဗစ်လုဇ် နဲ့ မူစတာဖီ တို့ ပုံမှန်ခြေစွမ်းပြန်ရရှိထားပြီကို တွေ့မြင်နေရပါပြီ။

မာရီ ကို ဒီဆောင်းရာသီနားရက်ပြီးတဲ့အခါ နည်းပြ အာတီတာ အနေနဲ့ ပွဲထွက်အသုံးပြုခွင့်ပေးသွားမယ့်အပေါ်မှာတော့ ဒေးဗစ်လုဇ် က ချီးကျူးသွားခဲ့ပါတယ်။
မာရီ နဲ့ အာတီတာ တို့ဟာ မန်စီးတီးအသင်းမှာတုန်းက ဆုံခဲ့ဖူးတဲ့ ဆရာတပည့် နှစ်ဦးဖြစ်ပါတယ်။
ဒါပေမဲ့ မာရီ အနေနဲ့ မန်စီးတီး အတွက်တော့ ပွဲထွက်ကစားခွင့်မရရှိခဲ့ပဲ ထိုစဉ်က အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။
မာရီ ရဲ့ ခြေစွမ်းကို ယုံကြည်မူရှိနေတဲ့ အာတီတာ က သူ အာဆင်နယ်နည်းပြအဖြစ်တာဝန်ယူတဲ့အချိန်မှာ ပထမဆုံး ခေါ်ယူမူအဖြစ်ပြုလုပ်ခဲ့ပါတယ်။

တကယ်လို့ အာတီတာ သာ မာရီ ကို ပွဲထွက်ဦးစားပေးကစားသမားအဖြစ် အသုံးပြုမယ်ဆိုပါက ဒေးဗစ်လုဇ် ဟာ အရံခုံကိုရောက်ဖို့ ရှိနေပေမယ့် အဆိုပါ ဝါရင့်နောက်ခံလူကတော့ အခုလိုဖြေကြားသွားခဲ့ပါတယ်။
‘ မာရီ ဟာ တကယ်ကိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ၊ အသင်းမှာ ဒီလို အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိနေရတာအတော်လေး ကောင်းမွန်ပါတယ်၊
အပတ်စဉ်တိုင်းမှာပွဲကစားနေရတာဖြစ်လို့ ဒါကို ကျေနပ်မူရှိပါတယ်၊
သူဟာ ဘရာဇီး မှာတုန်းက ဂျေးဆု ရဲ့လက်အောက်မှာ အတော်လေးကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်ခဲ့သူပါ၊
ကျွန်တော်နဲ့ ဂျေးဆု (ဖလန်မင်ဂိုးလ်နည်းပြ) ဟာ အတော်လေး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်၊
ကျွန်တော်က ပွဲတိုင်းမှာပါဝင်ကစားချင်တဲ့သူတော့ဖြစ်ချင်ပါတယ်၊
ဒါပေမဲ့ နည်းပြလိုချင်တဲ့အတိုင်းကစားပေးမှာပါ၊ တကယ်လို့ မာရီ ပွဲထွက်ကစားခဲ့မယ်ဆိုရင် ကျွန်တော် ဘယ်ခြမ်းမှာ ထွက်ပြီးကစားပေးရလည်း အဆင်ပြေပါတယ် ’ လို့ ဖြေကြားသွားခဲ့ပါတယ်။

#Arsenal #Mari #Luiz #Myanball