ယူနိုက်တက်ကို ပြန်လည်တည်ဆောက်သွားတော့မယ်လို့ ပြောလိုက်တဲ့ အက်ဝုဒ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမူဆောင်အရာရှိချုပ်ဖြစ်သူ အက်ဝုဒ် ဟာ လာမယ့်နှစ်မှာတော့ အသင်းကို အကောင်းဆုံးဖြစ်အောင်ပြန်လည်တည်ဆောက်သွားတော့မယ်လို့ ပြောသွားခဲ့ပါတယ်။
အက်ဝုဒ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာတုန်းက ယူနိုက်တက်ပရိတ်သတ်တွေရဲ့ကစားသမားခေါ်ယူပေးခြင်းမရှိလို့ ဒေါသထွက်တိုက်ခိုက်မူကို ခံခဲ့ရသေးတာလည်းဖြစ်ပါတယ်။
အက်ဝုဒ် ရဲ့နေအိမ်ကို တိုက်ခိုက်ခဲ့မူအပြီးမှာတော့ ဖာနန်ဒက်စ် နဲ့ အီယာလို တို့ကို အိုးထရက်ဖို့ဒ် ဆီခေါ်ယူပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ (၂၀၁၂-၂၀၁၃) ဘောလုံးရာသီ မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း (၈) နှစ်ကြာတဲ့အချိန်ထိ ရယူနိုင်ခဲ့ခြင်းမရှိတော့တာဖြစ်ပါတယ်။
လက်ရှိမှာလည်း ပရီးမီးယားလိဂ်ရဲ့ အဆင့် (၇) နေရာမှာရပ်တည်နေပြီး အဆင့် (၄) နေရာက ချဲလ်ဆီး နဲ့ (၆) မှတ်အကွာမှာ ရောက်ရှိနေပါတယ်။
ဒီရာသီ အသင်းရဲ့ ပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ပဲဖြစ်ပေမယ့် ဒီဝင်ခွင့်ကိုရရှိဖို့အတွက် က ရာသီကုန်အထိရုန်းကန်ရဦးမှာဖြစ်ပါတယ်။

အက်ဝုဒ် က ‘ ကျွန်တော်တို့ အားလုံးအသစ်ပြန်လည်ဖွဲ့စည်းဖို့ ကစားသမားတွေကို စီစစ်ပြီး သေချာရွေးချယ်သွားတော့မှာပါ၊
ဒီနွေရာသီအပြောင်းအရွှေ့မှာလည်း ကျွန်တော်တို့ ခေါ်ယူမူတွေပြုလုပ်ဖို့ စောင့်ကြည့်သွားမှာပါ၊
အသင်းကို ပြန်လည်တည်ဆောက်ရေးမှာ နွေရာသီကစားသမားသစ်ခေါ်ယူမူက အရေးကြီးတဲ့ နေရာတစ်ခုမှာပါဝင်ပါတယ်၊
ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို ပြန်ပြီး စိန်ခေါ်လာနိုင်အောင်ပြင်ဆင်သွားမှာပါ၊
နောက်ပြီး အဓိက ပစ်မှတ်က လူငယ်ကစားသမားတွေ အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ဖြစ်ပြီး အကယ်ဒမီ တွေကိုလည်း အဆင့်ထပ်မြှင့်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ် ’ လို့ ဖြေကြားသွားခဲ့ပါတယ်။
ဖာဂူဆန် နောက်ပိုင်းယူနိုက်တက်ဟာတဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး နည်းပြ တွေအပြောင်းအလဲများစွာပြုလုပ်ခဲ့ပေမယ့် ဒီနေ့အထိ ပရိတ်သတ်တွေရဲ့ စိတ်ကျေနပ်မူကို ခံရခြင်းမရှိသေးပါဘူး။

 

#ManUtd #Edwood #Myanball

 




