ခွဲစိတ်မူအောင်မြင်ခဲ့ပေမယ့် ကာလရှည်အနားယူသွားရတော့မယ့် ဒမ်ဘီလီ

ဘာစီလိုနာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ဒမ်ဘီလီ ဟာ တံကောက်ကြောဒဏ်ရာကြောင့် (၆) လခန့်အနားယူရတော့မယ်လို့ သိရပါတယ်။
ဒါဟာ ဘာစီလိုနာ အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ် ကလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်ပါတယ်။
ဒါ့အပြင် အသင်းခေါင်းဆောင် မက်ဆီ နဲ့ အားကစားဒါရိုက်တာတို့ကြား မပြေလည်မူတွေကြောင့် လာမယ့် နှစ် နွေရာသီမှာ မက်ဆီဟာလည်း နူးကမ့်ကနေထွက်သွားသွားနိုင်ပါတယ်။
ဒါကြောင့် တိုက်စစ်မှာ ဒီနွေရာသီက ခေါ်ယူထားခဲ့တ့ ဂရက်ဇ်စမန်း တစ်ဦး ထဲကိုသာ အားကိုးရဖို့ရှိနေပြီး လူငယ်တိုက်စစ်မှူးလေး ဖာတီ နဲ့ တွဲဖက်ကစားစေဖို့ပြင်ဆင်ရတော့မှာပါ။

ဒမ်ဘီလီ ကို (၂၀၁၇) ခုနှစ်က ဒေါ့မွန် အသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ ယူရို (၁၃၅) သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာ အသင်းမှာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတဲ့ ပွဲဟာ အတော်လေးနည်းပါးခဲ့ပါတယ်။
ဒမ်ဘီလီ ဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၇၄) ပွဲပါဝင်ကစားပေးခဲ့ပေမယ့် ပွဲချိန်ပြည့်ပါဝင်ခွင့်ရတဲ့ ပွဲဟာ (၁၀) ပွဲအထိသာရှိခဲ့တယ်လို့သိရပါတယ်။
ဒါပေမဲ့ ကော်တင်ဟို ကို ဘိုင်ယန်မြူးနစ် ထံ အငှားချခဲ့ပြီးနောက်မှာတော့ ဒမ်ဘီလီ အတွက်အခွင့်အရေးပိုမိုရရှိခဲ့ပေမယ့် အခုလိုပဲ ဒဏ်ရာရရှိသွားခဲ့တာပါ။
အသက် (၂၂) နှစ်အရွယ်ရှိ ဒမ်ဘီလီ ဟာ ဒုတိယအကြိမ်မြောက် ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ အဂါၤနေ့က ခွဲစိတ်ကုသမူပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ခွဲစိတ်မူဟာ အောင်မြင်ခဲ့ပေမယ့် ဒမ်ဘီလီ အနေနဲ့ နောက်ထပ် (၆) လနီးပါးလောက် အနားယူရဖို့ရှိတယ်လို့ သိရပါတာ္။

ဘာစီလိုနာ အသင်းဟာ အခုလို အသင်းအတွင်းအဆင်မပြေမူတွေ ဒဏ်ရာရ ကစားသမားတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ပွဲကျပ်ကာလကိုဖြတ်သန်းရတော့မှာပါ။
လာမယ့် ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာ ချန်ပီယံလိဂ်ပွဲစဉ်တွေလည်း ပြန်လည်စတင်တော့မှာဖြစ်ပြီးလာလီဂါ မှာလည်း ရီးရဲလ်မက်ဒရစ် ရဲ့ ဦးဆောင်မူအောက်ကို ရောက်ရှိနေတာကြောင့် အရေးကြီးတဲ့ပွဲစဉ်တွေကို ရင်ဆိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

 

#Barcelona #Messi #Dembele #Myanball

 

Zawgyi

 

ခြဲစိတ္မူေအာင္ျမင္ခဲ႔ေပမယ္႔ ကာလရွည္အနားယူသြားရေတာ႔မယ္႔ ဒမ္ဘီလီ

ဘာစီလိုနာ အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမားတစ္ဦးျဖစ္သူ ဒမ္ဘီလီ ဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင္႔ (၆) လခန္႔အနားယူရေတာ႔မယ္လို႔ သိရပါတယ္။
ဒါဟာ ဘာစီလိုနာ အသင္းအတြက္ ထုိးႏွက္ခ်က္တစ္ခုျဖစ္ျပီး တိုက္စစ္မွဴး ဆြာရက္ဇ္ ကလည္း ဒဏ္ရာေၾကာင္႔ အနားယူေနရဆဲျဖစ္ပါတယ္။
ဒါ႔အျပင္ အသင္းေခါင္းေဆာင္ မက္ဆီ နဲ႔ အားကစားဒါရိုက္တာတို႔ၾကား မေျပလည္မူေတြေၾကာင္႔ လာမယ္႔ ႏွစ္ ေႏြရာသီမွာ မက္ဆီဟာလည္း ႏူးကမ္႔ကေနထြက္သြားသြားႏုိင္ပါတယ္။
ဒါေၾကာင္႔ တိုက္စစ္မွာ ဒီေႏြရာသီက ေခၚယူထားခ႔ဲတ႔ ဂရက္ဇ္စမန္း တစ္ဦး ထဲကိုသာ အားကိုးရဖို႔ရွိေနျပီး လူငယ္တိုက္စစ္မွဴးေလး ဖာတီ န႔ဲ တြဲဖက္ကစားေစဖို႔ျပင္ဆင္ရေတာ႔မွာပါ။

ဒမ္ဘီလီ ကို (၂၀၁၇) ခုႏွစ္က ေဒါ႔မြန္ အသင္းကေန စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး တစ္ရပ္ျဖစ္တဲ႔ ယူရို (၁၃၅) သန္းနဲ႔ ေခၚယူခဲ႔တာျဖစ္ပါတယ္။
ဒါေပမဲ႔ ဘာစီလိုနာ အသင္းမွာ ပြဲထြက္ကစားသမားအျဖစ္ ကစားခဲ႔ရတဲ႔ ပြဲဟာ အေတာ္ေလးနည္းပါးခဲ႔ပါတယ္။
ဒမ္ဘီလီ ဟာ ဘာစီလိုနာအတြက္ ျပိဳင္ပြဲစံု (၇၄) ပြဲပါ၀င္ကစားေပးခဲ႔ေပမယ္႔ ပြဲခ်ိန္ျပည္႔ပါ၀င္ခြင္႔ရတဲ႔ ပြဲဟာ (၁၀) ပြဲအထိသာရွိခဲ႔တယ္လို႔သိရပါတယ္။
ဒါေပမဲ႔ ေကာ္တင္ဟို ကို ဘိုင္ယန္ျမဴးနစ္ ထံ အငွားခ်ခဲ႔ျပီးေနာက္မွာေတာ႔ ဒမ္ဘီလီ အတြက္အခြင္႔အေရးပိုမိုရရွိခဲ႔ေပမယ္႔ အခုလုိပဲ ဒဏ္ရာရရွိသြားခဲ႔တာပါ။
အသက္ (၂၂) ႏွစ္အရြယ္ရွိ ဒမ္ဘီလီ ဟာ ဒုတိယအၾကိမ္ေျမာက္ ဒဏ္ရာျပသနာနဲ႔ ရင္ဆိုင္ခဲ႔ရတာျဖစ္ျပီး ျပီးခဲ႔တဲ႔ အဂါၤေန႔က ခြဲစိတ္ကုသမူျပဳလုပ္ခဲ႔ပါတယ္။
အဆိုပါ ခြဲစိတ္မူဟာ ေအာင္ျမင္ခဲ႔ေပမယ္႔ ဒမ္ဘီလီ အေနနဲ႔ ေနာက္ထပ္ (၆) လနီးပါးေလာက္ အနားယူရဖို႔ရွိတယ္လို႔

ဘာစီလုိနာ အသင္းဟာ အခုလို အသင္းအတြင္းအဆင္မေျပမူေတြ ဒဏ္ရာရ ကစားသမားေတြနဲ႔ရင္ဆိုင္ေနရတဲ႔အခ်ိန္မွာ ပြဲက်ပ္ကာလကိုျဖတ္သန္းရေတာ႔မွာပါ။
လာမယ္႔ ေဖေဖာ္၀ါရီ ေနာက္ဆံုးအပတ္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြလည္း ျပန္လည္စတင္ေတာ႔မွာျဖစ္ျပီးလာလီဂါ မွာလည္း ရီးရဲလ္မက္ဒရစ္ ရဲ႕ ဦးေဆာင္မူေအာက္ကို ေရာက္ရွိေနတာေၾကာင္႔ အေရးၾကီးတဲ႔ပြဲစဥ္ေတြကို ရင္ဆိုင္ရဖို႔ ရွိေနတာျဖစ္ပါတယ္။

#Barcelona #Messi #Dembele #Myanball