မက်ဆီ နဲ့ ရော်နယ်ဒို တို့ တစ်သင်းထဲမှာ ကစားနိုင်ကြဖို့ ဂွာဒီယိုလာ ပေါင်းစည်းပေးနိုင်မလား

မန်စီးတီး အသင်းရဲ့နည်းပြဖြစ်သူ ဂွာဒီယိုလာ ဟာ လာမယ့်ရာသီမှာတော့ အီတီဟက် ကနေထွက်ခွာနိုင်ချေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
မန်စီးတီး နဲ့ ဂွာဒီယိုလာ တို့ရဲ့ စာချုပ်သက်တမ်းဟာ (၂၀၂၁) ခုနှစ်အထိ ရှိပေမယ့် နှစ်ဦးသဘောတူညီချက်အရ စာချုပ်မပြည့်မီ တစ်နှစ်အလိုမှာ ဂွာဒီယိုလာ ဟာ ထွက်ခွာနိုင်ပါတယ်။
ဂွာဒီယိုလာ ဟာ ပရီးမီးယားလိဂ်ကနေထွက်ခွာလာခဲ့မယ်ဆိုရင် အီတလီကိုပြောင်းရွှေ့လာဖွယ်ရှိပြီး ဂျူဗီတပ် အသင်းကို ကိုင်တွယ်သွားနိုင်တယ်လို့ သိရပါတယ်။
ဂျူဗီတပ်အသင်းကလည်း နွေရာသီမှာထဲက နည်းပြဆာရီ မရောက်ခင် ဂွာဒီယိုလာ ကိုခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။
သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်ဖို့အတွက် ပြင်ဆင်နေကြတာဖြစ်ပြီး နည်းပြ ဆာရီ အနေနဲ့ ယခုနှစ်မှာ မစွမ်းဆောင်ပြနိုင်ခဲ့ရင် ရာသီကုန်မှာ လမ်းခွဲသွားနိုင်ပါတယ်။

ဒါကြောင့် ဂွာဒီယိုလာ ဟာ စီးရီးအေရောက်လာနိုင်ချေရှိပြီးတော့ လက်ရှိမှာ ဘာစီလိုနာ ကနေထွက်ခွာမယ့် မက်ဆီကိုလည်း ခေါ်ယူသွားနိုင်တယ်လို့ သုံးသပ်မူတွေရှိလာခဲ့တာပါ။
မက်ဆီ ဟာ ဘာစီလိုနာ အားကစားဒါရိုက်တာ အဘီဒယ် နဲ့ အဆင်မပြေမူတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် နွေရာသီမှာ ကက်တလန်ကလပ် ကနေထွက်ခွာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ဒါကြောင့် မက်ဆီအနေနဲ့ သူ့ရဲ့ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာ ရှိတဲ့ မန်စီးတီး ကို ရောက်လာဖွယ်ရှိနေပြီး ဂွာဒီယိုလာ သာ ဂျူဗီတပ် ကိုရောက်ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် စီးရီးအေမှာ သွားပြီး ဆုံတွေ့ကြဖို့ရှိနေပါတယ်။
အသက် (၃၅) နှစ်အရွယ်ရှိပေမယ့် လက်ရှိအချိန်ထိ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ ဂျုဗီတပ် ကို ချန်ပီယံလိဂ်ရယူပေးဖို့တာဝန်တွေရှိနေတာကြောင့် ဂွာဒီယိုလာ သာရောက်လာခဲ့မယ်ဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ကြာပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ မက်ဆီ နဲ့ ပေါင်းစည်းသွားရဖို့ရှိနေပါတယ်။

ဒါဟာလည်း ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေ မြင်တွေ့ချင်နေကြတဲ့ မြင်ကွင်းမျိုးဖြစ်ပါတယ်။
ရော်နယ်ဒို နဲ့ မက်ဆီ တို့ကို ဘောလုံးလောက ကနေ အနားမယူခင်မှာ တစ်သင်းထဲအတူတွဲကစားတာမြင်ချင်ကြတဲ့ပရိတ်သတ်တွေအတွက် ပက်ဂွာဒီယိုလာ အနေနဲ့ ပေါင်းစည်းပေးနိုင်မလား ဆိုတာကို မကြာခင်မှာပဲ မြင်တွေ့ရတော့မှာပါ။

 

 

 

#Messi #Ronaldo #Barcelona #Juventus #Myanball

 

Zawgyi

 

 

မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ တစ္သင္းထဲမွာ ကစားႏုိင္ၾကဖို႔ ဂြာဒီယိုလာ ေပါင္းစည္းေပးႏုိင္မလား

မန္စီးတီး အသင္းရဲ႕နည္းျပျဖစ္သူ ဂြာဒီယိုလာ ဟာ လာမယ္႔ရာသီမွာေတာ႔ အီတီဟက္ ကေနထြက္ခြာႏိုင္ေခ်ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ႔ပါတယ္။
မန္စီးတီး နဲ႔ ဂြာဒီယိုလာ တို႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ (၂၀၂၁) ခုႏွစ္အထိ ရွိေပမယ္႔ ႏွစ္ဦးသေဘာတူညီခ်က္အရ စာခ်ဳပ္မျပည္႔မီ တစ္ႏွစ္အလိုမွာ ဂြာဒီယိုလာ ဟာ ထြက္ခြာႏိုင္ပါတယ္။
ဂြာဒီယိုလာ ဟာ ပရီးမီးယားလိဂ္ကေနထြက္ခြာလာခဲ႔မယ္ဆိုရင္ အီတလီကိုေျပာင္းေရႊ႕လာဖြယ္ရွိျပီး ဂ်ဴဗီတပ္ အသင္းကို ကိုင္တြယ္သြားႏုိင္တယ္လို႔ သိရပါတယ္။
ဂ်ဴဗီတပ္အသင္းကလည္း ေႏြရာသီမွာထဲက နည္းျပဆာရီ မေရာက္ခင္ ဂြာဒီယိုလာ ကိုေခၚယူဖို႔ သတင္းေတြထြက္ေပၚခဲ႔ဖူးပါတယ္။
သူတို႔ရဲ႕ အဓိက ပစ္မွတ္ျဖစ္တဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရယူသြားႏုိင္ဖို႔အတြက္ ျပင္ဆင္ေနၾကတာျဖစ္ျပီး နည္းျပ ဆာရီ အေနနဲ႔ ယခုႏွစ္မွာ မစြမ္းေဆာင္ျပႏိုင္ခဲ႔ရင္ ရာသီကုန္မွာ လမ္းခြဲသြားႏုိင္ပါတယ္။

ဒါေၾကာင္႔ ဂြာဒီယိုလာ ဟာ စီးရီးေအေရာက္လာႏိုင္ေခ်ရွိျပီးေတာ႔ လက္ရွိမွာ ဘာစီလိုနာ ကေနထြက္ခြာမယ္႔ မက္ဆီကိုလည္း ေခၚယူသြားႏုိင္တယ္လို႔ သံုးသပ္မူေတြရွိလာခဲ႔တာပါ။
မက္ဆီ ဟာ ဘာစီလိုနာ အားကစားဒါရုိက္တာ အဘီဒယ္ နဲ႔ အဆင္မေျပမူေတြ ျဖစ္ေပၚခဲ႔ျပီးေနာက္ ေႏြရာသီမွာ ကက္တလန္ကလပ္ ကေနထြက္ခြာဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။
ဒါေၾကာင္႔ မက္ဆီအေနနဲ႔ သူ႕ရဲ႕ဆရာေဟာင္းျဖစ္သူ ဂြာဒီယိုလာ ရွိတဲ႔ မန္စီးတီး ကို ေရာက္လာဖြယ္ရွိေနျပီး ဂြာဒီယိုလာ သာ ဂ်ဴဗီတပ္ ကိုေရာက္ျပီး ေခၚယူႏုိင္ခဲ႔မယ္ဆိုရင္ စီးရီးေအမွာ သြားျပီး ဆံုေတြ႕ၾကဖို႔ရွိေနပါတယ္။
အသက္ (၃၅) ႏွစ္အရြယ္ရွိေပမယ္႔ လက္ရွိအခ်ိန္ထိ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြ ျပသထားႏုိင္ခဲ႔တဲ႔ ေရာ္နယ္ဒို ဟာ ဂ်ဳဗီတပ္ ကို ခ်န္ပီယံလိဂ္ရယူေပးဖို႔တာ၀န္ေတြရွိေနတာေၾကာင္႔ ဂြာဒီယိုလာ သာေရာက္လာခဲ႔မယ္ဆိုရင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာျပိဳင္ဘက္ေတြျဖစ္ခဲ႔ၾကတ႔ဲ မက္ဆီ နဲ႔ ေပါင္းစည္းသြားရဖို႔ရွိေနပါတယ္။

ဒါဟာလည္း ကမာၻ႕ေဘာလံုးပရိတ္သတ္ေတြ ျမင္ေတြ႕ခ်င္ေနၾကတဲ႔ ျမင္ကြင္းမ်ိဳးျဖစ္ပါတယ္။
ေရာ္နယ္ဒို နဲ႔ မက္ဆီ တို႔ကို ေဘာလံုးေလာက ကေန အနားမယူခင္မွာ တစ္သင္းထဲအတူတြဲကစားတာျမင္ခ်င္ၾကတဲ႔ပရိတ္သတ္ေတြအတြက္ ပက္ဂြာဒီယိုလာ အေနနဲ႔ ေပါင္းစည္းေပးႏုိင္မလား ဆိုတာကို မၾကာခင္မွာပဲ ျမင္ေတြ႕ရေတာ႔မွာပါ။

#Messi #Ronaldo #Barcelona #Juventus #Myanball