မီနာမင်နို နဲ့ပက်သက်ပြီး သူ့ရဲ့အမြင်ကိုပြောပြသွားခဲ့တဲ့ လီဗာပူး နောက်ခံလူ ဂိုမက်စ်

လီဗာပူး အသင်းရဲ့ နောက်ခံလူ ဂိုမက်စ် က အန်ဖီးလ် ကို ဒီရာသီမှာ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးလေး မီနာမင်နို နဲ့ပက်သက်ပြီး ဒီမှာလျင်လျင်မြန်မြန်အသားကျသွားဖို့ကို မယုံကြည်နိုင်ကြောင်း ပြောသွားခဲ့ပါတယ်။
မီနာမင်နို ဟာ လီဗာပူး အသင်းရဲ့တိုက်စစ်မှာတော့ ဦးစားပေးကစားသမားအဖြစ် မရှိသေးပေမယ့် လိဂ်ဖလားပွဲစဉ်တွေမှာ အသုံးပြုဖို့ ကလော့ က ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲအပါအဝင် (၂) ပွဲပါဝင်ကစားပေးထားနိုင်ခဲ့ပါပြီ။
မီနာမင်နို ဟာ အသက် (၂၅) နှစ်အရွယ်ရှိပြီး ဆဲလ်ဘတ် ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပရီးမီးယားလိဂ် ရဲ့ပြိုင်ဆိုင်မူပြင်းထန်မူမျိုးအပေါ်မှာ အမြန်ဆုံး အသားကျလာမယ်လို့ မယုံကြည်မိကြောင်း လီဗာပူး အသင်းဖော်ဖြစ်တဲ့ ဂိုမက်စ် ကပြောသွားခဲ့တာပါ။

ဂိုမက်စ် က ‘ သူက ဒီမှာ ပျော်နေပါတယ်၊
သူကိုယ်တိုင်လည်း ပိုတိုးတက်လာမှာဖြစ်ပြီးတော့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေရရှိစေမှာပါ၊
သူ အန်ဖီးလ် ကိုရောက်လာခဲ့တဲ့အချိန်မှာ အကောင်းဆုံးကစားပေးနိုင်ဖို့ကြိုးစားရမှာဖြစ်ပြီးတော့ ပွဲတစ်ပွဲကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာကိုလည်း သင်ယူရရှိစေမှာပါ၊
ဒီမှာ ကစားတဲ့အခါ သူ့အတွက် အကျိုးမရှိစေတဲ့ လူတွေကိုတော့ သတိထားရပါမယ်၊
ပြိုင်ပွဲမှာ ဖိအားတွေလည်း ရရှိလာစေမှာမို့လို့ မီနာမင်နို အနေနဲ့ ဒီမှာ လျင်လျင်မြန်မြန်အသားကျလာဖို့ကို မလွယ်လောက်ပါဘူး ’ လို့ ပြောပြသွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ဒီနှစ် အပြောင်းအရွှေ့မှာတော့ကစားသမားသစ် တွေ ခေါ်ယူအားဖြည့်ခြင်းကို ကြီးကြီးမားမား မပြုလုပ်ခဲ့သလို အသင်းရဲ့ကစားသမားတွေကိုလည်း ရောင်းထုတ်တာမျိုးတွေ မပြုလုပ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ ရာသီက ရှိခဲ့တဲ့ အကောင်းဆုံးပုံစံအတိုင်းပဲ ဆက်သွားခဲ့ပြီး လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အကောင်းဆုံးအခြေအနေတစ်ရပ်မှာလည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။

 

#Minamino #Liverpool #Gomes #Myanball

 

Zawgyi




