ပိုချက်တီနို ကိုခေါ်ယူဖို့ စောင့်ကြည့်နေဆဲဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းကတော့ စပါး အသင်းရဲ့နည်းပြဟောင်းဖြစ်သူ ပိုချက်တီနို ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပိုချက်တီနို ဟာ စပါး အသင်းမှာ (၅) နှစ်ကြာတာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်မှာသာမကပဲ ဥရောပမှာ အသင်းကြီးတစ်သင်းအဖြစ်ရပ်တည်နိုင်အောင် ကူညီခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်မှာဗိုလ်လုပွဲအထိ စပါး အသင်းကိုပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာသမိုင်းတစ်လျှောက် အမြင့်ဆုံး ချန်ပီယံလိဂ် အောင်မြင်မူလည်းဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီရာသီမှာတော့ ပိုချက်တီနို ရဲ့ စပါး အသင်းဟာ ဘောလုံးရာသီအစောပိုင်းမှာထဲက ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၁၀) အပြင်ကိုရောက်ရှိနေခဲ့တာပါ။
ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်ဆိုပေမယ့် စပါးအသင်းရဲ့ တာဝန်ရှိသူတွေကတော့
ပိုချက်တီနို ကို ထုတ်ပယ်ခဲ့လိုက်ပြီး နည်းပြ မော်ရင်ဟို နဲ့ အစားထိုးခဲ့ပါတယ်။
အဓိက ကတော့ စပါးအသင်းကို ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်မပေးနိုင်မှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။

ပိုချက်တီနို ဟာ စပါးအသင်းကနေထွက်ခွာလာခဲ့ပြီးနောက် အခုချိန်ထိ အသင်းလက်မဲ့အဖြစ်ရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် ယူနိုက်တက်ဟာ ပိုချက်တီနို ကို ခေါ်ယူဖို့ ပြင်ဆင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ပိုချက်တီနို ကို စပါးအသင်းမှာရှိစဉ်ကထဲက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် တရားဝင်ကမ်းလှမ်းမူမပြုလုပ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် မော်ရင်ဟို ယူနိုက်တက်ကနေထွက်ခွာခဲ့ပြီးနောက်ပိုင်း ယာယီနည်းပြအဖြစ် ရပ်တည်ခဲ့တဲ့ ဆိုးလ်ရှား ကိုသာ နည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဆိုးလ်ရှား က ယူနိုက်တက်ကို အကောင်းမွန်ဆုံးထိန်းကျောင်းနိုင်ခဲ့ခြင်းမရှိပဲ အရင်နည်းပြတွေလိုပဲ ရုန်းကန်နေရဆဲပါ။
ပရီးမီးယားလိဂ်မှာလည်း အဆင့် (၇) နေရာကိုရောက်ရှိနေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဓိက ပစ်မှတ်တစ်ခုဖြစ်ပေမယ့် အဆင့် (၄) နေရာက ချဲလ်ဆီး နဲ့ (၆) မှတ်အထိကွာဟနေဆဲဖြစ်ပါတယ်။
ယူနိုက်တက်ပရိတ်သတ်တွေရဲ့ဖိအားပေးမူတွေလည်း ခံနေရတဲ့အတွက် ဆိုးလ်ရှား ဟာ ဒီရာသီကုန်မှာ ထုတ်ပယ်ခံရနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေရှိနေသလို ဆိုးလ်ရှား မရှိခဲ့ရင် အစားထိုးဖို့အတွက် ပိုချက်တီနို ကို ယူနိုက်တက်တို့ စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

 

#ManUtd #Pochettino #Spur #Myanball

 

Zawgyi

 

ပိုခ်က္တီႏို ကိုေခၚယူဖို႔ ေစာင္႔ၾကည္႔ေနဆဲျဖစ္တဲ႔ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ အသင္းကေတာ႔ စပါး အသင္းရဲ႕နည္းျပေဟာင္းျဖစ္သူ ပိုခ်က္တီႏို ကို ေခၚယူဖို႔အတြက္ ေစာင္႔ၾကည္႔ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။
ပိိုခ်က္တီႏို ဟာ စပါး အသင္းမွာ (၅) ႏွစ္ၾကာတာ၀န္ယူခ႔ဲ႔ျပီး ပရီးမီးယားလိဂ္မွာသာမကပဲ ဥေရာပမွာ အသင္းၾကီးတစ္သင္းအျဖစ္ရပ္တည္ႏုိင္ေအာင္ ကူညီခဲ႔ပါတယ္။
ျပီးခ႔ဲ႔တဲ႔ႏွစ္က ခ်န္ပီယံလိဂ္မွာဗုိလ္လုပြဲအထိ စပါး အသင္းကိုပို႔ေဆာင္ေပးႏုိင္ခဲ႔ျပီး ဒါဟာသမိုင္းတစ္ေလွ်ာက္ အျမင္႔ဆံုး ခ်န္ပီယံလိဂ္ ေအာင္ျမင္မူလည္းျဖစ္ခဲ႔ပါတယ္။
ဒါေပမဲ႔ ဒီရာသီမွာေတာ႔ ပိုခ်က္တီႏို ရဲ႕ စပါး အသင္းဟာ ေဘာလံုးရာသီအေစာပိုင္းမွာထဲက ရုန္းကန္ခဲ႔ရျပီး ပရီးမီးယားလိဂ္မွာ အဆင္႔ (၁၀) အျပင္ကိုေရာက္ရွိေနခဲ႔တာပါ။
ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင္႔ကိုတက္ေရာက္ႏိုင္ခဲ႔တယ္ဆိုေပမယ္႔ စပါးအသင္းရဲ႕ တာ၀န္ရွိသူေတြကေတာ႔
ပိုခ်က္တီႏို ကို ထုတ္ပယ္ခဲ႔လိုက္ျပီး နည္းျပ ေမာ္ရင္ဟို နဲ႔ အစားထိုးခဲ႔ပါတယ္။
အဓိက ကေတာ႔ စပါးအသင္းကို ဒီရာသီခ်န္ပီယံလိဂ္၀င္ခြင္႔ရရွိေအာင္ စြမ္းေဆာင္မေပးႏုိင္မွာကို စိုးရိမ္တာေၾကာင္႔ျဖစ္ပါတယ္။

ပိုခ်က္တီႏို ဟာ စပါးအသင္းကေနထြက္ခြာလာခဲ႔ျပီးေနာက္ အခုခ်ိန္ထိ အသင္းလက္မဲ႔အျဖစ္ရွိေနဆဲျဖစ္ပါတယ္။
ဒါေၾကာင္႔ ယူႏုိက္တက္ဟာ ပိုခ်က္တီႏို ကို ေခၚယူဖို႔ ျပင္ဆင္ေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။
ယူႏိုက္တက္ဟာ ပိုခ်က္တီႏို ကို စပါးအသင္းမွာရွိစဥ္ကထဲက ေခၚယူဖို႔ ပစ္မွတ္ထားခဲ႔တာျဖစ္ေပမယ္႔ တရား၀င္ကမ္းလွမ္းမူမျပဳလုပ္ႏိုင္ခဲ႔ပါဘူး။
ဒါေၾကာင္႔ ေမာ္ရင္ဟို ယူႏိုက္တက္ကေနထြက္ခြာခဲ႔ျပီးေနာက္ပိုင္း ယာယီနည္းျပအျဖစ္ ရပ္တည္ခဲ႔တဲ႔ ဆိုးလ္ရွား ကိုသာ နည္းျပအျဖစ္ခန္႔အပ္ခဲ႔တာျဖစ္ပါတယ္။

ဒါေပမဲ႔ လက္ရွိမွာေတာ႔ ဆိုးလ္ရွား က ယူႏိုက္တက္ကို အေကာင္းမြန္ဆံုးထိန္းေက်ာင္းႏုိင္ခဲ႔ျခင္းမရွိပဲ အရင္နည္းျပေတြလိုပဲ ရုန္းကန္ေနရဆဲပါ။
ပရီးမီးယားလိဂ္မွာလည္း အဆင္႔ (၇) ေနရာကိုေရာက္ရွိေနပါတယ္။
ခ်န္ပီယံလိဂ္၀င္ခြင္႔ရဖို႔အတြက္ အဓိက ပစ္မွတ္တစ္ခုျဖစ္ေပမယ္႔ အဆင္႔ (၄) ေနရာက ခ်ဲလ္ဆီး နဲ႔ (၆) မွတ္အထိကြာဟေနဆဲျဖစ္ပါတယ္။
ယူႏိုက္တက္ပရိတ္သတ္ေတြရဲ႕ဖိအားေပးမူေတြလည္း ခံေနရတဲ႔အတြက္ ဆိုးလ္ရွား ဟာ ဒီရာသီကုန္မွာ ထုတ္ပယ္ခံရႏုိင္မလားဆိုတာ ေစာင္႔ၾကည္႔ရမယ္႔အေျခအေနရွိေနသလို ဆိုးလ္ရွား မရွိခဲ႔ရင္ အစားထိုးဖို႔အတြက္ ပိုခ်က္တီႏို ကို ယူႏိုက္တက္တို႔ ေစာင္႔ၾကည္႔ေနတာလည္းျဖစ္ပါတယ္။

#ManUtd #Pochettino #Spur #Myanball