ဘာစီလိုနာမှာ ဆက်နေမလား မနေဘူးလားဆိုတာ မက်ဆီပဲ ဆုံးဖြတ်ရမယ်လို့ ဆိုလိုက်တဲ့ အဘီဒယ်

ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်သူ မက်ဆီ ဟာ လတ်တလော မှာတော့ အသင်းနဲ့ မပြေမလည်မူတွေရှိနေပြီး နူးကမ့်ကနေထွက်ခွာဖို့လည်း နီးစပ်နေပါတယ်။
နည်းပြ ဗယ်ဗာဒီ ထွက်ခွာသွားခဲ့တဲ့ ကိစ္စနဲ့ပက်သက်ပြီးဖြေကြားခဲ့တဲ့ ဘာစီလိုနာ အားကစားဒါရိုက်တာ အဘီဒယ် ရဲ့ အဖြေအပေါ်မှာ မကျေနပ်ဖြစ်ခဲ့ပြီး မက်ဆီက သူ့ရဲ့အင်စတာဂရမ် ကနေတစ်ဆင့်တုံ့ပြန်ခဲ့ရာမှာဒီပြသနာဟာ ကြီးထွားလာခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ မက်ဆီနဲ့ အဘီဒယ် တို့အကြား အပြန်အလှန်ပြောဆိုမူတွေရှိလာခဲ့ပြီး မက်ဆီဟာ ရာသီကုန်မှာ နူးကမ့်ကနေထွက်ခွာတော့မယ်လို့လည်း သိရပါတယ်။
မက်ဆီ ကို ခေါ်ယူဖို့ မန်စီးတီး အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ ကလည်း မက်ဆီ နဲ့ အတူ ဘာစီလိုနာ မှာတုန်းကလက်တွဲခဲ့ဖူးတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။

ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး (၂၀၂၁) မှာ ပြည့်မှာဖြစ်ပါတယ်။
မက်ဆီ နဲ့ ဘာစီလိုနာ တို့ရဲ့ သဘောတူညီချက်အရ စာချုပ်သက်တမ်းမပြည့်ခင် တစ်နှစ်အလိုမှာ ဖျက်သိမ်းခွင့်ရှိတာကြောင့် ဒီနွေရာသီမှာစာချုပ်သက်တမ်း ဖျက်သိမ်းမယ်ဆိုရင် မန်စီးတီး ကို အလွတ်ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိလည်း မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ဟာ စာချုပ်သစ်အတွက် ညှိနိူင်းမူတွေပြုလုပ်ဖို့မရှိသေးတာတွေ့ရပါတယ်။

 


အဆိုပါ ကိစ္စနဲ့ပက်သက်ပြီး ဘာစီလိုနာ ရဲ့ အားကစားဒါရိုက်တာ အဘီဒယ် ကိုမေးမြန်းခဲ့ရာမှာ ‘ မက်ဆီရှိမလား မရှိဘူးလားဆိုတဲ့မေးခွန်းက သူ့ကိုမေးရမှာပါ၊
ကျွန်တော်ကတော့ရှိနေဖို့ မျှော်လင့်ပါတယ်၊
ဘာစီလိုနာ က သူ့ရဲ့ ဘဝဖြစ်ပါတယ်လို့ မက်ဆီ ပြောခဲ့ဖူးပါတယ်၊
သူဆက်နေပြီး အလုပ်လုပ်ချင်တယ်ဆိုတာက သူဆုံးဖြတ်ရမှာဖြစ်ပါတယ်၊
သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ပြီး သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စ ဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး ’ လို့ ဖြေကြားသွားခဲ့ပါတယ်။
မက်ဆီ ကို မန်စီးတီး အသင်းအပြင် ဒေးဗစ်ဘက်ခမ်း ရဲ့ အင်တာမီယာမီ အသင်းကလည်းခေါ်ယူဖို့ ယခုနှစ်ဘောလုံးရာသီအစောပိုင်းတုန်းက ဆက်သွယ်မူတွေပြုလုပ်ခဲ့ပါသေးတယ်။

 

#Messi #Barcelona #Abidal #Myanball

 

Zawgyi

 



လက်ရှိအချိန်ထိလည်း မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ဟာ စာချုပ်သစ်အတွက် ညှိနိုင်းမူတွေပြုလုပ်ဖို့မရှိသေးတာတွေ့ရပါတယ်။

