စီရီးအေ (၁၀) ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်တစ်ခုထပ်မံတင်ရှိသွားပြန်တဲ့ ရော်နယ်ဒို

ဂျူဗီတပ် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ကတော့ စီးရီးအေမှာ ဘယ်ကစားသမားမှ မတင်ခဲ့ဖူးတဲ့ စံချိန်ကောင်းတစ်ခုကို ထပ်မံပိုင်ဆိုင်သွားခဲ့ပြန်ပါပြီ။
ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတုန်းကပဲ အသက် (၃၅) နှစ်ကိုပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့အဆိုပါ ပေါ်တူဂီ သားကြီးဟာ လက်ရှိအချိန်ထိ ခြေစွမ်းကျဆင်းသွားခဲ့ခြင်းမရှိသေးပဲ အရင်လိုမျိုး စွမ်းဆောင်ရည်တွေနဲ့ စံချိန်တွေထပ်မံတင်နေနိုင်ဆဲပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတုန်းက စီးရီးအေရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ မနေ့က ကစားခဲ့တဲ့ ဗီရိုနာ နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး စီးရီးအေ (၁၀) ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ကို တင်ခဲ့ပါတယ်။

ရော်နယ်ဒို ဟာ စီးရီးအေ (၁၀) ပွဲဆက်မှာ (၁၅) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။
အရင်က စီးရီးအေရဲ့ (၉) ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ဂျူဗီတပ် တိုက်စစ်မှူး ဟောင်းဖြစ်သူ ထရာဇီဂေး က တင်ထားတာဖြစ်ပြီး ရော်နယ်ဒို က မနေ့က ပွဲမှာ ချိုးဖျက်ပြီး စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တာဖြစ်ပါတယ်။

 


ဒါပေမဲ့ ရော်နယ်ဒို ရဲ့ဂျုဗီတပ် အသင်းဟာ မနေ့ကပွဲစဉ်မှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။
ဗီရီုနာ ကို (၂-၁) နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် အဆင့် (၂) နေရာကနေဖိအားပေးနေတဲ့ အင်တာမီလန် အသင်း သာ ဒီနေ့ပွဲမှာ အနိုင်ရရှိခဲ့ရင် ရမှတ်တူညီသွားမှာဖြစ်ပါတယ်။
အင်တာမီလန် အသင်းဟာ ဒီနေ့မှာ မီလန် ဒါဘီအဖြစ် အေစီမီလန် နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ဂျူဗီတပ် အသင်းကတော့ သူတို့ရဲ့ပစ်မှတ်အဖြစ် ချန်ပီယံလိဂ်ကိုသာ အဓိက ရယူဖို့ အားထားနေပြီး အင်တာမီလန် အသင်းကတော့ နှစ်ပေါင်းအတော်ကြာဝေးကွာနေတဲ့ စတူဒက်တို ဖလား ကိုရယူဖို့ ပြင်ဆင်နေတဲ့ အချိန်ဖြစ်ပါတယ်။

 

#InterMilan #Juventus #Ronaldo #Myanball

 

 

Zawgyi

 




