စမောလင်း ကို ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဖြစ်သူ စမောလင်း ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာတုန်းက ယူနိုက်တက်ကနေ ရိုးမား အသင်းဆီကို အငှားနဲ့သွားရောက်ကစားခဲ့ပါတယ်။
စမောလင်း ဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်တုန်းက ရုန်းကန်ခဲ့ရပြီး ပရိတ်သတ်တွေရဲ့ ဝေဖန်မူတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အီတလီ မှာတော့ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဒါကြောင့် ရိုးမား အသင်းဘက်က စမောလင်း ကို အပြီးသတ်ခေါ်ယူချင်နေပြီး ယူနိုက်တက်ဆီက တစ်ရာသီအငှားနဲ့ စာချုပ်ချုပ်ဆိုထားတာဟာ ဒီရာသီကုန်ရင် ပြည့်မှာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှား အနေနဲ့ကလည်း စမောလင်း ကိုပြန်လည်ခေါ်ယူဖို့ ဆန္ဒမရှိနေဘူးလို့သိရပါတယ်။
ယူနိုက်တက်ဟာ မက်ဂွဲယား နဲ့ ဘစ်ဆာကာ တို့နှစ်ဦး ကိုသာ ခံစစ်နေရာအတွက် အားဖြည့်ထားခဲ့ပြီး ရိုဂျို၊ ဗလင်စီယာ နဲ့ စမောလင်း တို့ကို လက်လွှတ်ထားပါတယ်။
ဒါပေမဲ့ ရိုဂျို နဲ့ စမောလင်း တို့ကို အငှားသာချထားတာဖြစ်ပါတယ်။
အခု ရိုးမား က အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်လာချိန်မှာတော့ ယူနိုက်တက်ရဲ့ အမူဆောင်ချုပ်ဖြစ်သူ အက်ဝုဒ် က အဆိုပါနောက်ခံလူအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၇) သန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
ရိုးမား အနေနဲ့ အငှားခေါ်ယူခဲ့စဉ်က ယူရို (၅) သန်း ပေးချေခဲ့ရတာဖြစ်တဲ့အတွက် အခု အပြီးသတ်ခေါ်ယူပါက နောက်ထပ် ယူရို (၁၂) သန်း ပေးချေရမှာပဲဖြစ်ပါတယ်။

စမောလင်း ဟာ ရိုးမား အသင်းမှာ တစ်ပတ်လုပ်ခလစာ ယူရို (၅၈၀၀၀) ရရှိနေတာဖြစ်ပြီး အီတလီ မှာ အပြီးသတ်ပြောင်းရွှေ့ကစားသွားဖို့လည်း စိတ်အားထက်သန်နေတယ်လို့ ပြောကြားထားခဲ့ပါတယ်။
အသက် (၃၁) နှစ်အရွယ်ရှိ စမောလင်း က သူ့အနေနဲ့ အီတလီ မှာ နည်းပြသာ အလိုရှိမယ်ဆိုပါက ပြောင်းရွှေ့ကစားချင်ကြောင်း၊ ဒီမှာ လည်း အင်္ဂလိပ်စကားပြောဆိုမူတွေရှိတာကြောင့် အဆင်ပြေတဲ့အကြောင်း တွေဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

 

#Smalling #Roma #ManUtd #Myanball

 

Zawgyi

 

 

စေမာလင္း ကို အျပီးသတ္ ေခၚယူသြားဖို႔ၾကိဳးစားေနတဲ႔ ရိုးမား ကို ေျပာင္းေရႊ႕ေၾကးသတ္မွတ္လိုက္တဲ႔ ယူႏုိက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံကစားသမားျဖစ္သူ စေမာလင္း ဟာ ျပီးခဲ႔တဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာတုန္းက ယူႏိုက္တက္ကေန ရိုးမား အသင္းဆီကို အငွားနဲ႔သြားေရာက္ကစားခဲ႔ပါတယ္။
စေမာလင္း ဟာ ယူႏိုက္တက္မွာ ကစားခဲ႔စဥ္တုန္းက ရုန္းကန္ခဲ႔ရျပီး ပရိတ္သတ္ေတြရဲ႕ ေ၀ဖန္မူေတြနဲ႔ ရင္ဆိုင္ခဲ႔ရေပမယ္႔ အီတလီ မွာေတာ႔ ပံုမွန္ေျခစြမ္းျပသႏိုင္ခဲ႔ပါတယ္။
ဒါေၾကာင္႔ ရိုးမား အသင္းဘက္က စေမာလင္း ကို အျပီးသတ္ေခၚယူခ်င္ေနျပီး ယူႏိုက္တက္ဆီက တစ္ရာသီအငွားနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတာဟာ ဒီရာသီကုန္ရင္ ျပည္႔မွာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွား အေနနဲ႔ကလည္း စေမာလင္း ကိုျပန္လည္ေခၚယူဖို႔ ဆႏၵမရွိေနဘူးလို႔သိရပါတယ္။
ယူႏိုက္တက္ဟာ မက္ဂြဲယား နဲ႔ ဘစ္ဆာကာ တို႔ႏွစ္ဦး ကိုသာ ခံစစ္ေနရာအတြက္ အားျဖည္႔ထားခဲ႔ျပီး ရိုဂ်ိဳ၊ ဗလင္စီယာ နဲ႔ စေမာလင္း တို႔ကို လက္လႊတ္ထားပါတယ္။
ဒါေပမဲ႔ ရိုဂ်ိဳ နဲ႔ စေမာလင္း တို႔ကို အငွားသာခ်ထားတာျဖစ္ပါတယ္။
အခု ရိုးမား က အျပီးသတ္ေခၚယူဖို႔ ျပင္ဆင္လာခ်ိန္မွာေတာ႔ ယူႏိုက္တက္ရဲ႕ အမူေဆာင္ခ်ဳပ္ျဖစ္သူ အက္၀ုဒ္ က အဆိုပါေနာက္ခံလူအတြက္ ေျပာင္းေရႊ႕ေၾကး ယူရို (၁၇) သန္း သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။
ရိုးမား အေနနဲ႔ အငွားေခၚယူခဲ႔စဥ္က ယူရို (၅) သန္း ေပးေခ်ခဲ႔ရတာျဖစ္တဲ႔အတြက္ အခု အျပီးသတ္ေခၚယူပါက ေနာက္ထပ္ ယူရို (၁၂) သန္း ေပးေခ်ရမွာပဲျဖစ္ပါတယ္။

စေမာလင္း ဟာ ရိုးမား အသင္းမွာ တစ္ပတ္လုပ္ခလစာ ယူရို (၅၈၀၀၀) ရရွိေနတာျဖစ္ျပီး အီတလီ မွာ အျပီးသတ္ေျပာင္းေရႊ႕ကစားသြားဖို႔လည္း စိတ္အားထက္သန္ေနတယ္လို႔ ေျပာၾကားထားခဲ႔ပါတယ္။
အသက္ (၃၁) ႏွစ္အရြယ္ရွိ စေမာလင္း က သူ႔အေနနဲ႔ အီတလီ မွာ နည္းျပသာ အလိုရွိမယ္ဆိုပါက ေျပာင္းေရႊ႕ကစားခ်င္ေၾကာင္း၊ ဒီမွာ လည္း အဂၤလိပ္စကားေျပာဆိုမူေတြရွိတာေၾကာင္႔ အဆင္ေျပတဲ႔အေၾကာင္း ေတြဖြင္႔ဟေျပာၾကားသြားခဲ႔ပါတယ္။

#Smalling #Roma #ManUtd #Myanball