စပါးအသင်းရဲ့ ဂိုးသမား လော်ရစ် မကြာခင်ပြန်ကစားနိုင်ဖို့ အခြေအနေရှိ

စပါး အသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးဖြစ်သူ လော်ရစ် ကပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ဘရိုက်တန် အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ကာလရှည်အနားယူနေခဲ့ရတာဖြစ်ပါတယ်။ လော်ရစ် ဟာ ဘရိုက်တန် ကစားသမား ကန်သွင်းတဲ့ဘောလုံးကို ပုတ်ထုတ်ရာမှာ ဟန်ချက်ပျက်ပြီးလဲကျခဲ့ရာမှာ လက်ကျိုးသွားခဲ့တာပါ။ အောက်တိုဘာလ ထဲက အနားယူနေခဲ့ရတဲ့ လော်ရစ် ဟာ လက်ရှိအချိန်မှာတော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်နေနိုင်ပြီလို့ သိရပါတယ်။ လော်ရစ် ဟာ မော်ရင်ဟို ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာခဲ့ပြီး ဇန်နဝါရီလအကုန် ဒါမှမဟုတ် ဖေဖော်ဝါရီ ထက် နောက်မကျပဲ ပြန်ကစားနိုင်တော့မယ်လို့ စပါး အသင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

စပါးအသင်းဟာ လာမယ့်အပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူး အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ လက်ရှိစပါးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေထဲမှာ ဂိုးသမား လော်ရစ် အပါအဝင် ဟာရီကိန်း၊ ဆစ်ဆိုကို၊ ဘင်ဒေးဗစ်၊ ဒန်နီရို့စ် နဲ့ အန်ဒွန်ဘီလီ တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဂိုးသမားလော်ရစ် ပြန်လာနိုင်မယ်ဆိုတဲ့ သတင်းက စပါးနည်းပြ မော်ရင်ဟို အတွက်တော့ ကျေနပ်စရာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ လထဲမှာ ချန်ပီယံလိဂ်ပွဲတွေပြန်ကစားရတော့မှာဖြစ်ပြီး စပါးအသင်းက ရှုံးထွက်အဆင့်မှာ လိုက်ဇစ် နဲ့ တွေ့ဆုံနေပါတယ်။

စပါးအသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သူ ဟာရီရက်နပ် က တော့’ စပါးအသင်းရဲ့ သွားနေတဲ့ပုံစံက နည်းနည်းတော့ ဟာသပုံဖြစ်နေတယ်၊ သူတို့ကို ကြည့်ကြည့်ပါ၊ အချိန်အကြာကြီး ကော်ငးမွန်နေခဲ့ပြီး တိတ်ဆိတ်သွားသလိုပါပဲ၊ ပြီးခဲ့တဲ့နောက်ဆုံး (၂၅) ပွဲမှာ ပိုချက်တီနို နဲ့အတူ အကောင်းဆုံးအနေအထားနဲ့သွားနေပြီး ရုတ်တရက် ဆိုသလို ဆိုးရွားတဲ့အခြေအနေကို ရောက်သွားခဲ့တယ်၊ သူတို့ဟာ အဲ့ဒီအခိုက်အတန့်မှာ တကယ်ကို ကျဆုံးသွားခဲ့တာပါ၊ ကျွန်တော်တို့ ဟိုဆေး ရဲ့ မှတ်တမ်းတွေကို သိပါတယ်၊ အခုလိုမျိုးအခြေအနေက မယုံနိုင်စရာကောင်းတယ်၊ ဒါပေမဲ့ သူ့အနေနဲ့ မျက်လှည့်ဆန်ဆန် လုပ်ပြနိုင်ဖို့ ရှိနေမှာတော့ အမှန်ပါပဲ ‘ လို့ မှတ်ချက်ပေးပြောကြားသွားခဲ့ပါတယ်။

 

#Spur #Lloris #Myanball


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344