ယနေ့နောက်ဆုံးရ ညနေခင်းအားကစားသတင်းတိုများ (၁၈.၁၂.၂၀၁၉)


အော်ရီလီယိုဘူတာ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လက်စတာ
လက်စတာအသင်းဟာ ပေါ်တူဂီ လူငယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ အော်ရီလီယိုဘူတာ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဆိုပါ နောက်ခံကစားသမားလေးဟာ လက်ရှိမှာ ပေါ်တူဂီ ယူ (၂၁) အသင်းမှာ ကစားနေတာဖြစ်ပြီးတော့ ပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ ဝုဗ်ဗာဟမ်တန်၊ ဝက်ဖို့ဒ် နဲ့ ဆောက်သမ်တန် အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။


ဘိုင်ယန်ကို မြန်မြန်ပြောင်းရွှေ့ချင်နေတဲ့ ဆာနေး
မန်စီးတီး အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာနေးလ် ဟာ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ဆာနေးလ် ဟာ ရာသီအစပိုင်းမှာထဲက ဒဏ်ရာပြသနာကြောင့် ကာလရှည်အနားယူနေရတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ တနလာၤနေ့ကမှ ပြန်ပြီး လေ့ကျင့်ခန်းပြုလုပ်နိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ လာမယ့် ဇန်နဝါရီ မှာတော့ ခေါ်ယူဖို့ပြင်ဆင်နေတဲ့ ဘိုင်ယန်မြူးနစ် ထံ ပြောင်းရွှေ့ချင်ပြီလို့ ဆိုခဲ့ပါတယ်။


ဝက်ဟမ်း ကနေ အငှားထွက်ကစားတော့မယ့် အေဂျက်တီ
ဝက်ဟမ်း အသင်းရဲ့ တိုက်စစ်မှူး အေဂျက်တီ ဟာ လာမယ့်အပြောင်းအရွှေ့မှာ အငှားထွက်ကစားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အေဂျက်တီ ဟာ ဒီနှစ်နွေရာသီကမှ ဘေဆယ် အသင်းကနေ ဝက်စ်ဟမ်း ဆီကို ရောက်ခဲ့တာဖြစ်ပြီးတော့ အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးနေတာကြောင့် အငှားထွက်ကစားဖို့ စီစဉ်နေတာဖြစ်ပါတယ်။


လီဗာပူး အသင်းနဲ့ ဒီနေ့မှာ ဆေးစစ်မူပြုလုပ်သွားမယ့် မင်နာမီနို
ဆဲလ်ဘတ် အသင်းရဲ့ ကစားသမားဖြစ်သူ မင်နာမီနို ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လီဗာပူး အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီပဲဖြစ်ပါတယ်။ အဆိုပါ အသက် (၂၄) နှစ်အရွယ် ဂျပန်ကစားသမား ကို ပြောင်းရွှေ့ကြေးအဖြစ် ယူရို (၇) သန်း ကျော်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီးတော့ လီဗာပူး အသင်းနဲ့ လာမယ့် ဇန်နဝါရီ မှာ စတင်ကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ လီဗာပူး အသင်းနဲ့ မင်နာမီနို တို့ ဆေးစစ်မူပြုလုပ်သွားမယ်လို့ သိရပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344