လူစားလဲခံရလို့ ပေါက်ကွဲခဲ့တဲ့ အိုဇေးလ် နဲ့ သူ့ကြားမှာ သဘောတူညီမူ ပြုလုပ်ထားခဲ့တယ်ဆိုတဲ့ ယွန်းဘတ်


အာဆင်နယ် အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ယွန်းဘတ် က မနေ့က မန်စီးတီး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကွင်းလယ်လူ အိုဇေးလ် နဲ့ သဘောတူညီမူတစ်ခုပြုလုပ်ခဲ့ကြောင်း ပြောပြသွားခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိ အိုဇေးလ် ဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားသွားခဲ့ပေမယ့် ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။ အိုဇေးလ် ဟာ နည်းပြ အမ်မရီ လက်ထက်မှာတုန်းက ပုံမှန်ပွဲထွက်ခွင့်တောင်မရခဲ့ပဲ အရံခုံမှာသာ အချိန်ဖြုန်းနေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ ယွန်းဘတ် လက်ထက်မှာတော့ အိုဇေးလ် ကို အသုံးပြုနေတာ တွေ့ရပါတယ်။


မန်စီးတီး အသင်းဟာ ကွင်းလယ်လူ ဒီဘရိုင်း ခြေစွမ်းပြသမူနဲ့အတူ (၃) ဂိုးပြတ်နဲ့ အာဆင်နယ် အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာပါ။ အဆိုပါပွဲမှာ အိုဇေးလ် ဟာ သူ့ရဲ့လူစားလဲမူအပြီး ကွင်းပြင်ပမှာ ပေါက်ကွဲသွားခဲ့တဲ့ပုံစံရှိခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာပဲ (၃) ဂိုးပြတ်နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး နည်းပြ ယွန်းဘတ် က ပွဲချိန် (၅၉) မီနစ်မှာ လူငယ်ကစားသမား ရော့ဝဲလ် နဲ့ လူစားလဲလိုက်တာဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ နည်းပြ ယွန်းဘတ် က Sky Sports နဲ့ တွေ့ဆုံရာမှာ ‘ ကျွန်တော့်အတွက်လား၊ အိုဇေးလ် ကို လိုအပ်ပါတယ်၊ ဘာကြောင့်လဲဆိုရင် သူဟာ အသင်းရဲ့ အားအင်တစ်ခုပါပဲ၊ ကျွန်တော် စကားပြောဖြစ်ပါတယ်၊ သူ အကောင်းဆပုံစံနဲ့ ပြန်လာနိုင်မှာပါ၊ သူ့ဘက်က ဘယ်လိုတုံ့ပြန်မူတွေရရှိခဲ့လဲ အဲဒီ့အရာနဲ့ပက်သက်ပြီး ကျွန်တော် တို့ ကောင်းမွန်တဲ့ သဘောတူညီပြုလုပ်ခဲ့ပြီးပါပြီ၊ ကျွန်တော် ဒီကို ရောက်ရှိခဲ့ပြီးနောက် တစ်နေ့ပြီးတစ်နေ့ အသင်းရဲ့ အနာဂတ်ကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ သေချာကြည့်ထားပြီးပါပြီ ’ လို့ ပြောပြသွားခဲ့ပါတယ်။

#Arsenal #Ozil


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344