အာဆင်နယ် အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိကြောင်းဆိုလိုက်တဲ့ ယွန်းဘတ်


အာဆင်နယ် အသင်းနဲ့ စတန်းတက်လီဂီ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အိမ်ရှင် စတန်းတက်လီဂီ အသင်းက ဦးဆောင်ဂိုး (၂) ဂိုးအရင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ် အသင်းက နောက်ကျချေပဂိုးတွေနဲ့ သရေတစ်မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အသင်းဟာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး နောက်တစ်ဆင့်ရှုံးထွက်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ စတန်းတက်လီဂီ အသင်းကတော့ ဒီပွဲသရေကြောင့် အုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။


ဒီပွဲမှာ အာဆင်နယ် အသင်းဟာ လူငယ်ကစားသမားတွေအများကြီး နဲ့ပွဲထွက်လာခဲ့ပြီး ဘယ်တောင်ပံက ဆာကာ အထူးခြေစွမ်းပြကစားသွားခဲ့ပါတယ်။ ယွန်းဘတ် ဟာ ခံစစ်နေရာမှာ မာဘရိုပါနို့စ် ကို ဝါရင့်ခံစစ်မှူး ဒေးဗစ်လုဇ် နဲ့တွဲကစားစေခဲ့ပြီး တိုက်စစ်မှာ နယ်လ်ဆင် နဲ့ စမစ်ရိုဝဲလ် တို့ကို လာကာဇက် နဲ့တွဲဖက်စေခဲ့ပါတယ်။ ကွင်းလယ်မှာ ဆာကာ၊ ဝီးလော့၊ ဂွမ်ဒူဇီ န့ မာတင်နယ်လီ တို့လို လူငယ်ကစားသမားတွေချည်းပွဲထုတ်ခဲ့တာပါ။ ဒီအတွက်လည်း နည်းပြ ယွန်းဘတ် က သူ့အနေနဲ့ကစားသမားတွေကို အတွေ့အကြုံရရှိစေချင်လို့ လို့ ပွဲအပြီးမှာ ပြောပြသွားခဲ့ပါတယ်။


ယွန်းဘတ် က ‘ ကျွန်တော်တို့အမြဲတမ်း စိတ်ခံစားမူတွေနဲ့ ရောထွေးလို့ မရပါဘူး၊ ကျွန်တော်တို့ ဒီနေ့လိုခံစားမူမျိုးရဖို့ အခြားနေ့တွေမှာလည်း အနိုင်ရရှိနေဖို့လိုအပ်ပါတယ်၊ ကျွန်တော်ကတော့ အမြဲအလုပ်ကို အကောင်းဆုံးလုပ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ၊ ဒါပေမဲ့ ပျော်ရွှင်ဖို့ အဓိကအရာက ကျွန်တော်တို့ တစ်ဖွဲလုံး အနိုင်ရအောင်လုပ်မှပါပဲ၊ အခြားနေ့တွေမှာရောပေါ့၊ နေ့တိုင်းနေ့တိုင်း ပွဲတိုင်းပွဲတိုင်းမှာ ကျွန်တော်တို့ ကလပ်အသင်း ရွေ့နေဖို့လိုပါတယ်၊ လူငယ်ကစားသမားလေးတွေ အတွေ့အကြုံရရှိဖို့လိုအပ်ပါတယ်၊ ကျွန်တော်တို့ နောက်ထပ် ပြိုင်ပွဲတွေ အများကြီး ကစားသွားရဦးမှာပါ၊ ဒီကနေ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပက်သက်လို့တော့ ကျွန်တော် ကျေနပ်ပါတယ် ’ လို့ ဖြေကြားသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ နည်းပြ အမ်မရီ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ယာယီနည်းပြ အဖြစ် ယွန်းဘတ်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ယွန်းဘတ် ကိုင်တွယ်ခဲ့တဲပ (၄) ပွဲမှာ (၁) ပွဲသာ အနိုင်ရရှိထားပါသေးတယ်။

#Arsenal #Ljunberg


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344