ဖယ်လိုင်နီ ကို စပါး ဆီခေါ်ယူဖို့ ပြုလုပ်နေတဲ့ မော်ရင်ဟို


စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟို က တစ်ချိန်က ယူနိုက်တက်မှာ ရှိစဉ် တပည့်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ ဖယ်လိုင်နီ ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဖယ်လိုင်နီ ဟာ ဒီနှစ်နွေရာသီမှာ ယူနိုက်တက်ကနေထွက်ခွာလာခဲ့ပြီး တရုတ်ကလပ် ရှန်ဒေါင်း အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ ဘယ်ဂျီယံ ကလပ် Four Four Two ရဲ့ ဖော်ပြချက်အရ မော်ရင်ဟို ဟာ သူ့ရဲ့ တပည့်ဟောင်းကို တရုတ်ကလပ်ကနေ စါး ကိုခေါ်ယူဖို့ လာမယ့်ဇန်နဝါရီ မှာ လှုပ်ရှားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်မှာ မော်ရင်ဟို ရှိစဉ်တုန်းက ဖယ်လိုင်နီ ဟာ အသင်းရဲ့ကွင်းလယ်မှာ အဓိက ထားအသုံးပြုခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။


လက်ရှိမှာ အသက် (၃၂) နှစ်အရွယ်ရှိ ဖယ်လိုင်နီ ဟာ ရှန်ဒေါင်း အသင်းအတွက် (၃၂) ပွဲကစားပေးထားပြီး သွင်းဂိုး (၁၂) ဂိုးရယူထားပါတယ်။ စပါး အသင်းရဲ့ကွင်းလယ်လူ အဲရစ်ဆင် ဟာ ဒီရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်ပါတယ်။ ဒီအတွက် အဲရစ်ဆင်ဟာ ရာသီကုန်ထိ မနေပဲ ဇန်နဝါရီ မှာလည်း အသင်းကထွက်ခွာသွားနိုင်တာကြောင့် မော်ရင်ဟို အနေနဲ့ ဖယ်လိုင်နီ ကိုခေါ်ယူဖို့ ပြင်ဆင်နေတာပါ။


စပါး အသင်းဟာ နည်းပြ မော်ရင်ဟို လက်ထက် (၅) ပွဲကိုင်တွယ်ထားပြီး (၄) ပွဲအထိအနိုင်ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ပိုချက်တီနို လက်ထက်မှာတုန်းက ပရီးမီးယားလိဂ် ရဲ့ အဆင့် (၁၄) နေရာမှာ ရောက်ရှိနေပေမယ့် လက်ရှိမှာ အဆင့် (၇) နေရာကို တက်လှမ်းလာနိုင်ခဲ့ပါပြီ။ မော်ရင်ဟို ကလည်း ရောက်တဲ့ကလပ်အသင်းတိုင်းမှာ သူ့ရဲ့စိတ်ကြိုက်ကစားသမားတွေကို မရ ရအောင်ခေါ်ယူတက်တဲ့သူမျိုးဖြစ်တာကြောင့် ဘယ်ဂျီယံ သားကြီး ဖယ်လိုင်နီ ကို ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေရမလားဆိုတာကို လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#Spur #Fellaini


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344