အာဆင်နယ် အသင်းကို လူငယ်တွေနဲ့ချည်းပဲ တည်ဆောက်သွားလို့ မရဘူးလို့ ပြောလိုက်တဲ့ ယွန်းဘတ်


အာဆင်နယ် အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ယွန်းဘတ် က သူ့အနေနဲ့ အသင်းရဲ့ လူစာရင်းမှာ ဝါရင့်ကစားသမားတွေ လိုအပ်တယ်လို့ ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ နည်းပြ အမ်မရီ လက်ထက်မှာ ပြိုင်ပွဲစုံ (၇) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာတာကြောင့် ထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြ ယွန်းဘတ် ကို ခန့်အပ်ခဲ့တာပါ။ ဒါပေမဲ့ ယွန်းဘတ် လက်ထက်မှာလည်း ကိုင်တွယ်ခဲ့တဲ့ နှစ်ပွဲလုံး နိုင်ပွဲမရသေးပဲ တစ်ပွဲသရေ တစ်ပွဲရှုံး သာ ဖြစ်နေပါသေးတယ်။


အာဆင်နယ် အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ အဆင့် (၁၁) နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း ရုန်းကန်ရဖို့ရှိနေပါတယ်။ ဒါပေမဲ့ ယွန်းဘတ် ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရှင်သန်နေတုန်းပဲလို့ ဖြေကြားခဲ့ပါတယ်။ ‘ ကျွန်တော်တို့ ထိပ်ဆုံး (၄) သင်းထဲဝင်ဖို့ မျှော်လင့်ချက်က ကုန်ဆုံးမသွားသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဟာ ရှေ့လာမယ့် အလုပ်တွေကို အာရုံစိုက်ပြီး လုပ်ဆောင်ပေးရပါမယ်၊ ယုံကြည်မူရှိနေဖို့လည်း လိုအပ်ပါတယ် ’ ဆက်လက်ပြီး


‘ အသင်းအတွက် ဘယ်ကစားသမားတွေပဲ ရွေးမယ်လို့ ဆုံးဖြတ်ချက်မချထားပါဘူး၊ လူငယ်ကစားသမားတွေဟာ အသင်းရဲ့ အနာဂတ်ဖြစ်ပေမဲ့ ကစားပွဲတစ်ခုကို ပြောင်းလဲနိုင်ဖို့တော့ ဝါရင့်ကစားသမားတွေကိုပဲ တာဝန်ပေးချင်ပါတယ်၊ ကျွန်တော်တို့ လုပ်ရမယ်၊ အခု အခြေအနေကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြောင်းလဲရမယ်၊ ဒါပေမဲ့ အခုလိုသွားမှာက ကျွန်တော်တို့ ကစားသမားတွေအတွက်ပါပဲ၊ ကစားသမားတွေ နားရက်အနည်းငယ်ရထားတာက ပွဲအပေါ်မှာ အာရုံစူးစိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ သူတို့တွေ ဘရိုက်တန် နဲ့ ဒုတိယပိုင်းပွဲတုန်းကလိုမျိုး လုပ်ပြနိုင်လိမ့်မယ်လို့ ထင်ပါတယ် ’ လို့ ပြောပြသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) အဖြစ် ဝက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

#Arsenal #Ljunberg


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344