ယနေ့နောက်ဆုံးရ ညနေခင်း အားကစားသတင်းတိုများ (၂၇.၁၁.၂၀၁၉)

မွိုက်စီကိန်း ကို ရောင်းချသွားမှာမဟုတ်ဘူးလို့ အဲဗာတန် သတင်းထုတ်ပြန်
အဲဗာတန် အသင်းဟာ အသက် (၁၉) နှစ်အရွယ်ကစားသမား မွိုက်စီကိန်း ကို ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဗာတန် အသင်း ဟာ အဆိုပါကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို (၂၇) သန်း ပေးချေထားခဲ့ရတာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၉) ပွဲပါဝင်ကစားပေးထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မွိုက်စီကိန်း ဟာ အဲဗာတန် အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။


ဒီယက်ဇ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်
အေစီမီလန် အသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဒီယက်ဇ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ ဒီယက်ဇ် ဟာ ပြီးခဲ့တဲ့နှစ်ကမှ ရီးရဲလ် ကိုရောက်ရှိခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် နဲ့ (၂၀၂၃) ခုနှစ် အထိစာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပါတယ်။


ရှော်လ်ကေး ဂိုးသမား ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ စပါး
စပါး အသင်းဟာဂျာမန်ဘွန်ဒက်လီဂါ ကလပ် ရှောလ်ကေး အသင်းရဲ့ ဂိုးသမား နူဘယ် ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ Talk Sport သတင်းဌာန ကဖော်ပြသွားခဲ့ပါတယ်။ စပါး အသင်းမှာ လက်ရှိ ဂိုးသမား လိုရစ် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတာဖြစ်ပြီး အရံဂိုးသမား ကို အသုံးပြုနေရတာကြောင့် လာမယ့် ဇန်နဝါရီ မှာ နူဘယ် ကိုခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အမရာဘတ် ကို ယူရို (၁၀) သန်း နဲ့ကမ်းလှမ်းလိုက်တဲ့ နာပိုလီ
နာပိုလီ အသင်းဟာ ဗီရိုနာ ကွင်းလယ်ကစားသမား အမရာဘတ် ကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်း နဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ အီတလီ သား အမရာဘတ် ဟာ အသက် (၂၃) နှစ်အရွယ်သာရှိသေးပြီး လာမယ့် ဇန်နဝါရီ အမှာ အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344