ယနေ့နောက်ဆုံးရ ညနေခင်း အားကစားသတင်းတိုများ (၂၆.၁၁.၂၀၁၉)

ဘာကာ လူငယ်ကို စောင့်ကြည့်နေတဲ့ ဂျူဗီတပ်
ဂျူဗီတပ် အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ လူငယ်ကစားသမားလေး တိုဒီဘို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တိုဒီဘို ဟာ အသက် (၁၉) နှစ်အရွယ်သာရှိသေးပြီး ဒီနှစ် ဘာစီလိုနာ အသင်းအတွက် လာလီဂါ နှစ်ပွဲ ပါဝင်ကစားပေးထားပြီဖြစ်ပါတယ်။


အက်တလန်တာ လူငယ်ကို ခေါ်ယူမယ့် စပို့တင်း
စပို့တင်းလစ္စဘွန်း အသင်းဟာ အက်တန်လန်တာ လူငယ် ကွင်းလယ်ကစားသမား ဘာကို ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပို့တင်း ရဲ့ အဓိက ကွင်းလယ်လူ ဖာနန်ဒက်စ် ကို အသင်းကထွက်ခွာဖို့ ခွင့်ပြုရနိုင်တာကြောင့် အစားထိုးဖို့အတွက် ဘာကို ကို စောင့်ကြည့်နေတာဖြစ်ပါတယ်။


ဗီအဲရာ ကို နည်းပြအဖြစ် ခန့်အပ်မယ့် အင်တာမီယာမီ
ဒေးဗစ်ဘက်ခမ်း ရဲ့ အင်တာမီယာမီ အသင်းဟာ လာမယ့်ရာသီမှာတော့ အမေရိကန်မေဂျာလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ပြင်သစ် အသင်း နဲ့ အာဆင်နယ် ကစားသမားဟောင်းဖြစ်သူ ဗီအဲရာ ကိုနည်းပြအဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဗီအဲရာ ဟာ ပြင်သစ် လီဂူး မှာ နိုက်စ် အသင်းနဲ့အတူ သူရဲ့ ဒုတိယ နည်းပြရာသီကို ဖြတ်သန်းနေတာဖြစ်ပါတယ်။


Salisu ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်
ယူနိုက်တက် အသင်းဟာ လာလီဂါ ကလပ် ဗယ်လာဒိုးလစ် လူငယ်ကစားသမားလေး ဆလီဆု ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ မိုဟာမက်ဆလီဆု ဟာ လာလီဂါ ပွဲပေါင်း (၁၄) ပွဲကစားပေးထားပြီး အသက် (၂၀)အရွယ်သာရှိသေးတာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ Daily Star သတင်မှာ ဖော်ပြသွားခဲ့ပါတယ်။

 


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344