အာနိုးလ် နဲ့ ဘစ်ဆာကာ ဘယ်သူပိုကောင်းလဲ ပြောပြသွားခဲ့တဲ့ လီဗာပူးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်

လီဗာပူးအသင်းရဲ့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်သူ ဂလင်းဂျွန်ဆင် က လူငယ်ကစားသမားလေး အာနိုးလ် ဟာ လက်ရှိပရီးမီးယားလိဂ် မှာ အကောင်းဆုံးနောက်ခံလူဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ အာနိုးလ် ဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးအသင်းချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့အချိန်မှာ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိ အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ယူနိုက်တက်နောက်ခံလူ ဘစ်ဆာကာကိုကျော်လွန်ပြီး ရွေးချယ်ခြင်းခံထားရသလို ကိုင်လီဝေါ်ကာ နဲ့အတူ ပွဲထွက်ခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။


ဂလင်းဂျွန်ဆင် က လီဗာပူး နည်းပြကလော့ရဲ့ အောင်မြင်မူတွေမှာ အာနိုးလ် ဟာ အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်လို့ ဆိုသွားခဲ့ပါတယ်။ အလက်ဇန်းဒါးအားနိုးလ် ဟာ တိုက်စစ်ပိုင်းကိုလည်း လိုက်ပါပြီး သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ရုံမျှမကပဲ ခံစစ်အတွက်လည်း ကာကွယ်နိုင်တယ်လို့ ဂလင်းဂျွန်ဆင် ကမှတ်ချက်ပြုသွားခဲ့ပါတယ်။ Express Sport နဲ့ သီးသန့် အင်တာဗျူးအစီအစဉ်မှာ ‘ အလက်ဇန်းဒါးအာနိုးလ် ဟာ ခဏတဖြုတ်ပဲမဟုတ်ပါဘူး၊ သူဟာ အကောင်းဆုံးနောက်ခံလူပါ၊ ယူနိုက်တက်နောက်ခံကစားသမား ဘစ်ဆာကာ ဟာ မော်ဒန်ဘောလုံးလောကမှာ ပြီးပြည့်စုံ တဲ့ နောက်ခံကစားသမားမဟုတ်သေးပါဘူး၊ သူဟာ တစ်ခါတစ်ရံမှာ ဗဟိုခံစစ်မှူး အဖြစ်လည်း ကစားနေရတာတွေ့ရပါတယ်၊ သူ့ရဲ့ ကစားပုံဟာ ကောင်းပါတယ်၊ ဒါပေမဲ့ သာမာန်နောက်ခံကစားသမားတွေလိုပါပဲ၊ အာနိုးလ် ကတော့ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးနောက်ခံကစားသမားဖြစ်ပါတယ် ’ လို့ ပြောပြသွားခဲ့ပါတယ်။


ဘစ်ဆာကာ ဟာ ပဲလေ့အသင်းကနေ ဒီနှစ်မှာ ယူရိုသန်း (၅၀) နဲ့ ယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ယူနိုက်တက်အသင်းအတွက် ကြီးကြီးမားမား စွမ်းဆောင်ပေးနိုင်မူမရှိသေးတာတွေ့ရပါတယ်။ ယူရို (၂၀၂၀) ခြေစစ်ပွဲဝင်နေတဲ့ အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း နည်းပြဆောက်ဂိတ် ရဲ့ ချန်လှပ်ခြင်းကို ခံထားရပြီး အာနိုးလ် ကို အဓိက ကစားသမားအဖြစ် ရွေးချယ်ထားခဲ့ပါတယ်။

#Bissaka #England #Liverpool #Arnold


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344