VAR ဟာ မသေချာမူတွေရှိနေပြီး အားလုံးမြင်သာအောင်လည်း ကွင်းထဲမှာပြသထားခြင်းမရှိတာကြောင့် ဝေဖန် အပြစ်တင်သွားခဲ့တဲ့ ချဲလ်ဆီး နည်းပြ လမ်းပတ်


ချဲလ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်က မနေ့က ဝက်ဖို့ဒ် နဲ့ပွဲအပြီးမှာ VAR စနစ်အပေါ် မေးခွန်းထုတ်ဝေဖန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) အဖြစ် ချဲလ်ဆီး အသင်းနဲ့ ဝက်ဖို့ဒ် အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး (၁-၂)ဆိုတဲ့ ရလာဒ်နဲ့ ချဲလ်ဆီး အသင်းက အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပွဲမှာ ဝက်ဖို့်ဒ် အသင်းက VAR ပြန်လည်ကြည့်ရှု့မူကနေတစ်ဆင့် ပင်နယ်တီ ရရှိသွားခဲ့ပြီး ဒယ်လိုဖူ က ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူသွားခဲ့ပါတယ်။ မီနစ် (၈၀) မှာ ပေးခဲ့ရတဲ့ ဒီပင်နယ်တီ ဆုံးဖြတ်ချက်ကို လမ်းပတ်က မျှတမူမရှိခဲ့ဘူးလို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။


VAR စနစ်ကို အစောပိုင်းတုန်းက ဂွာဒီယိုလာ ကလည်း ဝေဖန်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်မှာ ဒီနှစ်စတင်သုံးစွဲလာတဲ့ အဆိုပါစနစ်ဟာ ဒိုင်ကို အကူအညီဖြစ်စေဖို့ရည်ရွယ်ခဲ့ပေမယ့် အသင်းနဲ့ ကစားသမားတွေကြားထဲမှာတော့ ပြောစရာတစ်ခုဖြစ်လာနေခဲ့ပါတယ်။ လမ်းပတ်က ‘ ကျွန်တော်တို့ အရမ်းကို ဂရုစိုက်မူတွေရရှိနေကြတာလား၊ ပြီးခဲ့တဲ့အပတ်ကလည်း ဒီ VAR စနစ်ကိုပြန်လည်ကြည့်ရှု့ခဲ့ရပြီး ပြောင်းလဲမူတွေ မရခဲ့ပါဘူး၊ ဒီနေ့ပွဲမှာဆိုရင် ပင်နယ်တီ အဖြစ် လုံးဝပြောင်းလဲလိုက်ဖို့မသင့်ဘူးဆိုတာ ရှင်းပါတယ်၊ ကျွန်တော်တို့ အသင်းတွေရဲ့ မန်နေဂျာတွေ ဆွေးနွေးကြည့်ဖို့လိုပါတယ်၊ ဒီစနစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ဒိုင်တွေ နည်းပြတွေအတွက် ကမောက်ကမ ဖြစ်စေပါတယ်၊ ကျွန်တော်တို့ ဒီနေ့ပွဲ မီနစ် (၈၀) မှာပေးလိုက်တဲ့ရတဲ့ ပင်နယ်တီကြောင့် အံ့သြသွားခဲ့ရပါတယ်၊ ဒီစနစ်ကြောင့်မြင့်မားတဲ့ နေရာတစ်ခုကို မရောက်ရှိစေပါဘူး၊ ကွင်းအတွင်းမှာ အားလုံးမြင်တွေ့ရမယ့် တီဗီမျိုး မထားပေးတာဟာ အငြင်းပွားစရာတွေဖြစ်လာနိုင်လို့လား၊ ဒိုင်လူကြီးတစ်ဦးထဲ ကြည့်ပြီး ဆုံးဖြတ်ချက်ချသွားတဲ့အခါ ကောင်းမွန်တဲ့အခြေအနေတွေဖြစ်မလာခဲ့ပါဘူး ’ လို့ ဝေဖန်သွားခဲ့ပါတယ်။


ချဲလ်ဆီး အသင်းဟာ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲဆက် အနိုင်ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာကို တစ်ပွဲအသာနဲ့တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယနေရာက မန်စီးတီး ကိုလည်း (၂) မှတ်အကွာအနေအထားနဲ့ဖိအားပေးထားနိုင်ဆဲဖြစ်ပြီး အာဆင်နယ် အသင်း သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ယှဉ်ပြိုင်မူအတွက် ပိုမိုအားကောင်းသွားစေခဲ့ပါတယ်။

#Lampard #Chelsea

 

Zawgyi

 

VAR ဟာ မေသခ်ာမူေတြရွိေနျပီး အားလံုးျမင္သာေအာင္လည္း ကြင္းထဲမွာျပသထားျခင္းမရွိတာေၾကာင္႔ ေ၀ဖန္ အျပစ္တင္သြားခဲ႔တဲ႔ ခ်ဲလ္ဆီး နည္းျပ လမ္းပတ္

ခ်ဲလ္ဆီး အသင္းရဲ႕ နည္းျပျဖစ္သူ လမ္းပတ္က မေန႔က ၀က္ဖို႔ဒ္ နဲ႔ပြဲအျပီးမွာ VAR စနစ္အေပၚ ေမးခြန္းထုတ္ေ၀ဖန္သြားခဲ႔ပါတယ္။ ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၁) အျဖစ္ ခ်ဲလ္ဆီး အသင္းနဲ႔ ၀က္ဖို႔ဒ္ အသင္းတို႔ ယွဥ္ျပိဳင္ခဲ႔ၾကတာျဖစ္ျပီး (၁-၂)ဆိုတဲ႔ ရလာဒ္နဲ႔ ခ်ဲလ္ဆီး အသင္းက အေ၀းကြင္းမွာ အႏိုင္ရရွိခဲ႔ပါတယ္။ ဒါေပမယ္႔လည္း အဆိုပါပြဲမွာ ၀က္ဖို႔္ဒ္ အသင္းက VAR ျပန္လည္ၾကည္႔ရွဳ႕မူကေနတစ္ဆင္႔ ပင္နယ္တီ ရရွိသြားခဲ႔ျပီး ဒယ္လိုဖူ က ေခ်ပဂိုးတစ္ဂိုးျပန္လည္သြင္းယူသြားခဲ႔ပါတယ္။ မီနစ္ (၈၀) မွာ ေပးခဲ႔ရတဲ႔ ဒီပင္နယ္တီ ဆံုးျဖတ္ခ်က္ကို လမ္းပတ္က မွ်တမူမရွိခဲ႔ဘူးလို႔ ပြဲအျပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ႔တာပါ။

VAR စနစ္ကို အေစာပိုင္းတုန္းက ဂြာဒီယိုလာ ကလည္း ေ၀ဖန္ခဲ႔ဖူးျပီး ပရီးမီးယားလိဂ္မွာ ဒီႏွစ္စတင္သံုးစြဲလာတဲ႔ အဆိုပါစနစ္ဟာ ဒိုင္ကို အကူအညီျဖစ္ေစဖို႔ရည္ရြယ္ခဲ႔ေပမယ္႔ အသင္းနဲ႔ ကစားသမားေတြၾကားထဲမွာေတာ႔ ေျပာစရာတစ္ခုျဖစ္လာေနခဲ႔ပါတယ္။ လမ္းပတ္က ‘ ကြ်န္ေတာ္တို႔ အရမ္းကို ဂရုစုိက္မူေတြရရွိေနၾကတာလား၊ ျပီးခဲ႔တဲ႔အပတ္ကလည္း ဒီ VAR စနစ္ကိုျပန္လည္ၾကည္႔ရွဳ႔ခဲ႔ရျပီး ေျပာင္းလဲမူေတြ မရခဲ႔ပါဘူး၊ ဒီေန႔ပြဲမွာဆိုရင္ ပင္နယ္တီ အျဖစ္ လံုး၀ေျပာင္းလဲလိုက္ဖို႔မသင္႔ဘူးဆိုတာ ရွင္းပါတယ္၊ ကြ်န္ေတာ္တို႔ အသင္းေတြရဲ႕ မန္ေနဂ်ာေတြ ေဆြးေႏြးၾကည္႔ဖို႔လိုပါတယ္၊ ဒီစနစ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ကြင္းလယ္ဒိုင္ေတြ နည္းျပေတြအတြက္ ကေမာက္ကမ ျဖစ္ေစပါတယ္၊ ကြ်န္ေတာ္တို႔ ဒီေန႔ပြဲ မီနစ္ (၈၀) မွာေပးလိုက္တဲ႔ရတဲ႔ ပင္နယ္တီေၾကာင္႔ အံ႔ၾသသြားခဲ႔ရပါတယ္၊ ဒီစနစ္ေၾကာင္႔ျမင္႔မားတဲ႔ ေနရာတစ္ခုကို မေရာက္ရွိေစပါဘူး၊ ကြင္းအတြင္းမွာ အားလံုးျမင္ေတြ႔ရမယ္႔ တီဗီမ်ိဳး မထားေပးတာဟာ အျငင္းပြားစရာေတြျဖစ္လာႏုိင္လို႔လား၊ ဒိုင္လူၾကီးတစ္ဦးထဲ ၾကည္႔ျပီး ဆံုးျဖတ္ခ်က္ခ်သြားတဲ႔အခါ ေကာင္းမြန္တဲ႔အေျခအေနေတြျဖစ္မလာခဲ႔ပါဘူး  ’  လို႔ ေ၀ဖန္သြားခဲ႔ပါတယ္။

ခ်ဲလ္ဆီး အသင္းဟာ ဒီပြဲအႏိုင္ေၾကာင္႔ ပရီးမီးယားလိဂ္ ေနာက္ဆံုး (၅) ပြဲဆက္ အႏိုင္ရယူႏိုင္ခဲ႔ျပီး အမွတ္ေပးဇယားရဲ႕ အဆင္႔ (၃) ေနရာကို တစ္ပြဲအသာနဲ႔တက္လွမ္းႏိုင္ခဲ႔ပါတယ္။ ဒါ႔အျပင္ ဒုတိယေနရာက မန္စီးတီး ကိုလည္း (၂) မွတ္အကြာအေနအထားနဲ႔ဖိအားေပးထားႏိုင္ဆဲျဖစ္ျပီး အာဆင္နယ္ အသင္း သေရက်ခဲ႔တာေၾကာင္႔ ခ်န္ပီယံလိဂ္၀င္ခြင္႔ ယွဥ္ျပိဳင္မူအတြက္ ပိုမိုအားေကာင္းသြားေစခဲ႔ပါတယ္။

#Lampard #Chelsea


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344