အာဆင်နယ် အသင်းခေါင်းဆောင်ဖြစ်လာနိုင်ဖို့ ရှိနေတဲ့ အူဘာမီယန်း (ဇာခါ ဆီက လက်ပတ်ကိုလွှဲပြောင်းရယူဖို့ အဆင်သင့်ရှိနေ)


မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ ဝုဗ်အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်း ဂျာမီနက်စ် ရဲ့နောက်ကျချေပဂိုးကြောင့် သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ အဆင့် (၅) နေရာမှာ ရောက်ရှိနေတဲ့ အာဆင်နယ် အသင်းဟာ ဒီပွဲမှာလည်း ရမှတ်ဆုံးရံှုးခဲ့တာကြောင့် အဆင့် (၄) အတွင်းဝင်ဖို့ ကျန်ပွဲတွေမှာအတော်လေး အားစိုက်ထုတ်ရတော့မှာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး ကြားရက်မှာကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာလည်း လီဗာပူးကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် အိုဇေးလ် နဲ့ အမ်မရီရဲ့ကြားမှာလည်း နားလည်မူလွဲမှာတဲ့ အခြေအနေတွေရှိနေသေးပြီး အသင်းခေါင်းဆောင်ဇာခါကလည်း နှစ်ပွဲဆက် အသင်းရဲ့လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။


ဇာခါ ဟာ ခရစ်စတယ်ပဲလေ့ချ် နဲ့ပွဲစဉ်မှာ ပရိတ်သတ်တွေနဲ့ ပြသနာအချို့ဖြစ်ပွားခဲ့တာကြောင့် အနားယူနေရတယ်လို့ သိရပါတယ်။ မနေ့ကပွဲမှာ အသင်းခေါင်းဆောင်အဖြစ် အူဘာမီယန်း က တာဝန်ယူခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ သူ့အတွက် (၅) မြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပြီး ဇာခါ ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို လွှဲပြောင်းရယူဖို့ ပရိတ်သတ်တွေရဲ့ထောက်ခံမူတွေလည်း ရရှိထားသူဖြစ်ပါတယ်။ နည်းပြ အမ်မရီက မနှစ်က အသင်းခေါင်းဆောင် ကိုစီရယ်နီ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် လျာထားတဲ့ စာရင်းမှာ အူဘာမီယန်း လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇာခါ ကို သာ လက်ပတ် လွှဲပေးထားခဲ့ပြီး လက်ရှိအခြေအနေတွေအရ တိုက်စစ်မှူး အူဘာမီးယန်း ကို ပေးအပ်ဖို့ အနေအထားရှိနေတယ်လို့ မနေ့ညက ပွဲအပြီးမှာ အရိပ်အမြွက်ပြောဆိုထားခဲ့ပါတယ်။


အမ်မရီက ‘ ကျွန်တော့်အနေနဲ့ အူဘာမီယန်း ဟာ အသင်းခေါင်းဆောင် တာဝန်ကို လွှဲပြောင်းရယူနိုင်တယ်လို့ ထင်ပါတယ်၊ သူဟာလည်း ယာယီအသင်းခေါင်းဆောင်အဖြစ် လျာထားခြင်းခံရတဲ့သူတစ်ဦးပါ၊ ဒီနေ့ပွဲရဲ့ရလာဒ်က ကျေနပ်ဖို့မကောင်းပေမယ့် ကျွန်တော်တို့ ကစားကွက်ကောင်းမွန်ခဲ့ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဝုဗ် ကိုနောက်ထပ်ဦးဆောင်ဂိုးရယူနိုင်မယ့်အခွင့်အရေးတွေကို မယူနိုင်ခဲ့ပါဘူး၊ ဒါကြောင့် (၁-ဝ) နဲ့သာ ဦးဆောင်ခဲ့ရပြီး ချေပဂိုးခွင့်ပြုခဲ့ရတဲ့အခါ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်၊ အသင်းခေါင်းဆောင်အတွက်ကတော့ ရှေ့လာမယ့်ပွဲစဉ်တွေကိုလည်း ကျွန်တော်စောင့်ကြည့်သွားရဦးမှာပါ ’ လို့ ဖြေကြားသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ကြားရက်မှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဗစ်တိုးရီးယား နဲ့အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#Arsenal #Xhaka

 

Zawgyi

 

အာဆင္နယ္ အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္ဖို႔ ရွိေနတဲ႔ အူဘာမီယန္း (ဇာခါ ဆီက လက္ပတ္ကိုလႊဲေျပာင္းရယူဖို႔ အဆင္သင္႔ရွိေန)

မေန႔ညက ယွဥ္ျပိဳင္ကစားသြားခဲ႔တဲ႔ အာဆင္နယ္ အသင္းနဲ႔ ၀ုဗ္အသင္းတို႔ရဲ႕ပြဲစဥ္မွာ အာဆင္နယ္ အသင္းဟာ ဦးေဆာင္ဂိုးရရွိခဲ႔ေပမယ္႔လည္း ဂ်ာမီနက္စ္ ရဲ႕ေနာက္က်ေခ်ပဂိုးေၾကာင္႔ သေရတစ္မွတ္သာ ရရွိခဲ႔ပါတယ္။ အဆင္႔ (၅) ေနရာမွာ ေရာက္ရွိေနတဲ႔ အာဆင္နယ္ အသင္းဟာ ဒီပြဲမွာလည္း ရမွတ္ဆံုးရံွုးခဲ႔တာေၾကာင္႔ အဆင္႔ (၄) အတြင္း၀င္ဖို႔ က်န္ပြဲေတြမွာအေတာ္ေလး အားစိုက္ထုတ္ရေတာ႔မွာပဲျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆံုး (၃) ပြဲဆက္ ႏုိင္ပြဲေပ်ာက္ဆံုးေနခဲ႔ျပီး ၾကားရက္မွာကစားခဲ႔တဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာလည္း လီဗာပူးကို ရွံဳးနိမ္႔ခဲ႔တာေၾကာင္႔ ျပိဳင္ပြဲကေန ထြက္ခြာခဲ႔ရျပီလည္းျဖစ္ပါတယ္။ ဒါ႔အျပင္ အိုေဇးလ္ နဲ႔ အမ္မရီရဲ႕ၾကားမွာလည္း နားလည္မူလြဲမွာတဲ႔ အေျခအေနေတြရွိေနေသးျပီး အသင္းေခါင္းေဆာင္ဇာခါကလည္း ႏွစ္ပြဲဆက္ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္ႏိုင္ခဲ႔ျခင္းမရွိပါဘူး။

ဇာခါ ဟာ ခရစ္စတယ္ပဲေလ႔ခ်္ နဲ႔ပြဲစဥ္မွာ ပရိတ္သတ္ေတြနဲ႔ ျပသနာအခ်ိဳ႕ျဖစ္ပြားခဲ႔တာေၾကာင္႔ အနားယူေနရတယ္လို႔ သိရပါတယ္။ မေန႔ကပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ အူဘာမီယန္း က တာ၀န္ယူခဲ႔ျပီး ဦးေဆာင္ဂိုးကိုလည္း သြင္းယူေပးႏိုင္ခဲ႔ပါတယ္။ ဒီဂိုးဟာ သူ႔အတြက္ (၅) ေျမာက္သြင္းဂိုးလည္းျဖစ္ခဲ႔ျပီး ဇာခါ ရဲ႕ အသင္းေခါင္းေဆာင္လက္ပတ္ကို လႊဲေျပာင္းရယူဖို႔ ပရိတ္သတ္ေတြရဲ႕ေထာက္ခံမူေတြလည္း ရရွိထားသူျဖစ္ပါတယ္။ နည္းျပ အမ္မရီက မႏွစ္က အသင္းေခါင္းေဆာင္ ကိုစီရယ္နီ ထြက္ခြာသြားျပီးတဲ႔ေနာက္ပိုင္း အာဆင္နယ္ အသင္းေခါင္းေဆာင္အျဖစ္ လ်ာထားတဲ႔ စာရင္းမွာ အူဘာမီယန္း လည္း တစ္ဦးအပါအ၀င္ျဖစ္ခဲ႔ပါတယ္။ ဒါေပမဲ႔ ဇာခါ ကို သာ လက္ပတ္ လႊဲေပးထားခဲ႔ျပီး လက္ရွိအေျခအေနေတြအရ တိုက္စစ္မွဴး အူဘာမီးယန္း ကို ေပးအပ္ဖို႔ အေနအထားရွိေနတယ္လို႔ မေန႔ညက ပြဲအျပီးမွာ အရိပ္အျမြက္ေျပာဆိုထားခဲ႔ပါတယ္။

အမ္မရီက ‘ ကြ်န္ေတာ္႔အေနန႔ဲ အူဘာမီယန္း ဟာ အသင္းေခါင္းေဆာင္ တာ၀န္ကို လႊဲေျပာင္းရယူႏိုင္တယ္လို႔ ထင္ပါတယ္၊ သူဟာလည္း ယာယီအသင္းေခါင္းေဆာင္အျဖစ္ လ်ာထားျခင္းခံရတဲ႔သူတစ္ဦးပါ၊ ဒီေန႔ပြဲရဲ႕ရလာဒ္က ေက်နပ္ဖို႔မေကာင္းေပမယ္႔ ကြ်န္ေတာ္တို႔ ကစားကြက္ေကာင္းမြန္ခဲ႔ပါတယ္၊ ကြ်န္ေတာ္တို႔အေနနဲ႔ ၀ုဗ္ ကိုေနာက္ထပ္ဦးေဆာင္ဂိုးရယူႏိုင္မယ္႔အခြင္႔အေရးေတြကို မယူႏိုင္ခဲ႔ပါဘူး၊ ဒါေၾကာင္႔ (၁-၀) နဲ႔သာ ဦးေဆာင္ခဲ႔ရျပီး ေခ်ပဂိုးခြင္႔ျပဳခဲ႔ရတဲ႔အခါ သေရတစ္မွတ္သာ ရရွိခဲ႔ပါတယ္၊ အသင္းေခါင္းေဆာင္အတြက္ကေတာ႔ ေရွ႕လာမယ္႔ပြဲစဥ္ေတြကိုလည္း ကြ်န္ေတာ္ေစာင္႔ၾကည္႔သြားရဦးမွာပါ  ’  လို႔ ေျဖၾကားသြားခဲ႔ပါတယ္။ အာဆင္နယ္ အသင္းဟာ ၾကားရက္မွာေတာ႔ ယူရိုပါလိဂ္ပြဲစဥ္အျဖစ္ ဗစ္တိုးရီးယား နဲ႔အေ၀းကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

#Arsenal #Xhaka


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344