မျှော်လင့်ထားသလို ကစားခွင့်သိပ်မရတာ ဘာကြောင့်လဲဆိုတာ ကျွန်တော်လည်း မသိဘူးလို့ ဆိုလိုက်တဲ့ ဘာစီလိုနာကွင်းလယ်လူ ပီယာနစ်

ဘာစီလိုနာ ကွင်းလယ်လူ ပီယာနစ်က စပိန်မှာ စတင်ကစားတဲ့ရာသီမှာပဲ စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ ဝန်ခံပြောကြာသွားခဲ့ပါတယ်။ သို့သော်လည်း သူ့အနေနဲ့ အဆိုပါအခြေအနေတွေကို ပြောင်းလဲနိုင်မယ်လို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ “တစ်ကယ်ပြဿနာက ကျွန်တော်မျှော်လင့်ထားသလို ကစားခွင့်မရတာပါပဲ။ ကျွန်တော်ဆက်လက်ကြိုးစားပြီး သူတို့ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို သဘောမတူညီရင်တောင်မှ လေးစားသွားမှာပါ။

ဒီအသင်းမှာ ကျွန်တော်အမှတ်အသားတစ်ခု ချန်ထားခဲ့ချင်ပါတယ်”လို့ ပီယာနစ်က Telefoot နဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ပီယာနစ်ဟာ ဒီတစ်ပတ်ကစားမယ့် ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီ ချန်ပီယံလိဂ်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

“ဒီပွဲက ရှုံးထွက် (၁၆) သင်းအဆင့်ပွဲပါ။ ဘယ်အသင်းမှ မလွယ်ကူပါဘူး။ ကျွန်တော်တို့အတွက်၊ အသင်းနဲ့ ပရိတ်တွေအတွက်တော့ ပီအက်စ်ဂျီ ကို အနိုင်ယူဖို့က အရမ်းကို အရေးကြီးပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ချန်ပီယံလိဂ်ကို ဦးစားပေးရယူချင်နေတဲ့ အသင်းဖြစ်ပါတယ်” လို့ ပီယာနစ်က ထပ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

ေမွ်ာ္လင့္ထားသလို ကစားခြင့္သိပ္မရတာ ဘာေၾကာင့္လဲဆိုတာ ကၽြန္ေတာ္လည္း မသိဘူးလို႔ ဆိုလိုက္တဲ့ ဘာစီလိုနာကြင္းလယ္လူ ပီယာနစ္

ဘာစီလိုနာ ကြင္းလယ္လူ ပီယာနစ္က စပိန္မွာ စတင္ကစားတဲ့ရာသီမွာပဲ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတယ္လို႔ ၀န္ခံေျပာၾကာသြားခဲ့ပါတယ္။ သို႔ေသာ္လည္း သူ႔အေနနဲ႔ အဆိုပါအေျခအေနေတြကို ေျပာင္းလဲႏိုင္မယ္လို႔ ဆံုးျဖတ္ထားတာျဖစ္ပါတယ္။ “တစ္ကယ္ျပႆနာက ကၽြန္ေတာ္ေမွ်ာ္လင့္ထားသလို ကစားခြင့္မရတာပါပဲ။ ကၽြန္ေတာ္ဆက္လက္ႀကိဳးစားၿပီး သူတို႔ ခ်မွတ္တဲ့ ဆံုးျဖတ္ခ်က္ေတြကို သေဘာမတူညီရင္ေတာင္မွ ေလးစားသြားမွာပါ။

ဒီအသင္းမွာ ကၽြန္ေတာ္အမွတ္အသားတစ္ခု ခ်န္ထားခဲ့ခ်င္ပါတယ္”လို႔ ပီယာနစ္က Telefoot နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ ပီယာနစ္ဟာ ဒီတစ္ပတ္ကစားမယ့္ ဘာစီလိုနာ နဲ႔ ပီအက္စ္ဂ်ီ ခ်န္ပီယံလိဂ္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာၾကားသြားခဲ့ပါေသးတယ္။

“ဒီပြဲက ရႈံးထြက္ (၁၆) သင္းအဆင့္ပြဲပါ။ ဘယ္အသင္းမွ မလြယ္ကူပါဘူး။ ကၽြန္ေတာ္တို႔အတြက္၊ အသင္းနဲ႔ ပရိတ္ေတြအတြက္ေတာ့ ပီအက္စ္ဂ်ီ ကို အႏိုင္ယူဖို႔က အရမး္ကို အေရးႀကီးပါတယ္။ ပီအက္စ္ဂ်ီအသင္းကလည္း ခ်န္ပီယံလိဂ္ကို ဦးစားေပးရယူခ်င္ေနတဲ့ အသင္းျဖစ္ပါတယ္” လို႔ ပီယာနစ္က ထပ္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။