သူငယ်ချင်းမက်ဆီ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေတယ်လို့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဆွာရက်ဇ်ထုတ်ဖော်ပြောဆို

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဆွာရက်ဇ်က သူ့သူငယ်ချင်းဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို ပြီးခဲ့တဲ့ နွေရာသီက ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းကို ရောက်နေသော်လည်း ဆွာရက်ဇ်ဟာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မက်ဆီ နဲ့ အဆက်အသွယ်မပြတ်ဘူးလို့ သိရပါတယ်။

“ဒီညနေက သူနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။ သူဟာ မနေ့က ဂရန်နာဒါအသင်းကို အနိုင်ရခဲ့တာနဲ့ ပတ်သက်ပြီး အရမ်းကို ပြောနေပါတယ်။ သူဟာ အရမ်းကို ထူးခြားတဲ့ အဆင့်အတန်းမှာ ကစားနေသူပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးလည်းဖြစ်ပါတယ်။ မက်ဆီက သူလိုချင်တဲ့အချိန် အနားယူလို့ရတဲ့ ကစားသမားမျိုးပါ။ အဲ့ဒါက ဘာစီလိုနာ မှာလည်းဖြစ်နိုင်ပြီး အာဂျင်တီးနား ဒါမှမဟုတ် တစ်ခြားနေရာမှာလည်းဖြစ်နိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

မက်ဆီ နဲ့ ဆွာရက်ဇ်တို့ တစ်သင်းတည်းမှာ အတူတူ တွဲကစားတာကို ထပ်မြင်ရနိုင်သလားလို့ သတင်းထောက်များက မေးမြန်းခဲ့ရာ ဆွာရက်ဇ်က “ ချစ်ကြည်ရေးပွဲမှာတော့ ဖြစ်နိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

သူငယ္ခ်င္းမက္ဆီ ဘာစီလိုနာအသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မွဴး ဆြာရက္ဇ္ထုတ္ေဖာ္ေျပာဆို

အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မွဴး ဆြာရက္ဇ္က သူ႔သူငယ္ခ်င္းျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာအသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းကေန အက္သလက္တီကိုမက္ဒရစ္အသင္းဆီကို ၿပီးခဲ့တဲ့ ေႏြရာသီက ေျပာင္းေရႊ႕သြားခဲ့သူျဖစ္ပါတယ္။ ၿပိဳင္ဘက္အသင္းကို ေရာက္ေနေသာ္လည္း ဆြာရက္ဇ္ဟာ အခ်စ္ဆံုးသူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့ မက္ဆီ နဲ႔ အဆက္အသြယ္မျပတ္ဘူးလို႔ သိရပါတယ္။

“ဒီညေနက သူနဲ႔ ကၽြန္ေတာ္ စကားေျပာျဖစ္ခဲ့ပါတယ္။ သူဟာ မေန႔က ဂရန္နာဒါအသင္းကို အႏိုင္ရခဲ့တာနဲ႔ ပတ္သက္ၿပီး  အရမး္ကို ေျပာေနပါတယ္။ သူဟာ အရမး္ကို ထူးျခားတဲ့ အဆင့္အတန္းမွာ ကစားေနသူပါ။ သူဟာ ကမာၻ႕အေကာင္းဆံုးလည္းျဖစ္ပါတယ္။ မက္ဆီက သူလိုခ်င္တဲ့အခ်ိန္ အနားယူလို႔ရတဲ့ ကစားသမားမ်ိဳးပါ။ အဲ့ဒါက ဘာစီလိုနာ မွာလည္းျဖစ္ႏိုင္ၿပီး အာဂ်င္တီးနား ဒါမွမဟုတ္ တစ္ျခားေနရာမွာလည္းျဖစ္ႏိုင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

မက္ဆီ နဲ႔ ဆြာရက္ဇ္တို႔ တစ္သင္းတည္းမွာ အတူတူ တြဲကစားတာကို ထပ္ျမင္ရႏိုင္သလားလို႔ သတင္းေထာက္မ်ားက ေမးျမန္းခဲ့ရာ ဆြာရက္ဇ္က “ ခ်စ္ၾကည္ေရးပြဲမွာေတာ့ ျဖစ္ႏိုင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။