ရီးရဲလ်ကို ပထမအကြိမ်ကိုင်တွယ်တုန်းက ချန်ပီယံလိဂ် ၃ နှစ်ဆက်အထိ ရယူနိုင်ခဲ့ပေမယ့် ဒုတိယအကြိမ်ကိုင်တွယ်ရာမှာ တော့ ရလဒ်ပိုင်းဆိုးရွားမှုတွေနဲ့ ရုန်းကန်နေရတဲ့ ဇီဒန်းအနေနဲ့ လက်ရှိရာသီမှာ အောင်မြင်မှုတစ်စုံတစ်ရာ မရခဲ့ဘူးဆိုရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ဖော်နေခဲ့ပါတယ်။ ရီးရဲလ်ဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲ က ထွက်ခဲ့ရသလို လာလီဂါမှာလည်း အက်သလက်တီကိုနဲ့ အမှတ်ပြတ်နေမှုကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခွင့် အရေးနည်းပါးနေတယ်လို့ ဖော်ပြခံနေရပါတယ်။
ရီးရဲလ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးပိုများတယ်ဆိုပေမယ့် အသင်းကောင်းတွေသာ ကျန်ရှိတော့တဲ့အနေအထားမှာ ချန်ပီယံဖြစ်ဖို့ဆိုတာ ခက်ခဲတယ်လို့လည်း သတင်းတွေကရေးသားခဲ့ကြပါတယ်။ ရာသီအ ကုန်မှာ ရီးရဲလ်အနေနဲ့ ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပါက ဇီဒန်းကိုထုတ်ပယ်ပြီး ကစားသမားဟောင်း ရာအူးလ်နဲ့ ဂျူဗင် တပ်နည်းပြဟောင်း အလီဂရီတို့ကို နည်းပြအဖြစ်ခန့်အပ်မယ်လို့ Cadena Ser via Football Italia ကဖော်ပြခဲ့တာ ဖြစ်ပါ တယ်။
အလီဂရီဟာ ၂၀၁၉ ခုနှစ်တုန်းက ဂျူဗင်တပ်အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေ သူ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က စီးရီးအေချန်ပီယံဆုကို ၅ နှစ်ဆက်ရယူနိုင်ခဲ့တဲ့ အလီဂရီဟာ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတွေကို နည်းပြဖို့ သတင်းတွေထွက်ခဲ့ဖူးပေမယ့် လက်ရှိအချိန်ထိ ဘယ် အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။
zawgyi version
ဒီရာသီမွာ ဖလားလက္မဲ့ျဖစ္ခဲ့မယ္ဆိုရင္ ဇီဒန္းကို ထုတ္ပယ္ၿပီး ရာအူးလ္ မဟုတ္ရင္ အလီဂရီနဲ႔ အစားထိုးဖို႔ လုပ္ေနတဲ့ ရီးရဲလ္
ရီးရဲလ္ကို ပထမအႀကိမ္ကိုင္တြယ္တုန္းက ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္အထိ ရယူႏိုင္ခဲ့ေပမယ့္ ဒုတိယအႀကိမ္ကိုင္တြယ္ရာမွာ ေတာ့ ရလဒ္ပိုင္းဆိုးရြားမႈေတြနဲ႔ ႐ုန္းကန္ေနရတဲ့ ဇီဒန္းအေနနဲ႔ လက္ရွိရာသီမွာ ေအာင္ျမင္မႈတစ္စံုတစ္ရာ မရခဲ့ဘူးဆိုရင္ နည္းျပရာထူးကေန ထုတ္ပယ္ခံရဖို႔ ရွိေနတယ္လို႔ သတင္းေတြထြက္ေဖာ္ေနခဲ့ပါတယ္။ ရီးရဲလ္ဟာ စပိန္ဘုရင့္ဖလားၿပိဳင္ပြဲ က ထြက္ခဲ့ရသလို လာလီဂါမွာလည္း အက္သလက္တီကိုနဲ႔ အမွတ္ျပတ္ေနမႈေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ အခြင့္ အေရးနည္းပါးေနတယ္လို႔ ေဖာ္ျပခံေနရပါတယ္။
ရီးရဲလ္အေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ခုတည္းမွာ ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးပိုမ်ားတယ္ဆိုေပမယ့္ အသင္းေကာင္းေတြသာ က်န္ရွိေတာ့တဲ့အေနအထားမွာ ခ်န္ပီယံျဖစ္ဖို႔ဆိုတာ ခက္ခဲတယ္လို႔လည္း သတင္းေတြကေရးသားခဲ့ၾကပါတယ္။ ရာသီအ ကုန္မွာ ရီးရဲလ္အေနနဲ႔ ဖလားလက္မဲ့ရာသီနဲ႔ ရင္ဆိုင္ခဲ့ရပါက ဇီဒန္းကိုထုတ္ပယ္ၿပီး ကစားသမားေဟာင္း ရာအူးလ္နဲ႔ ဂ်ဴဗင္ တပ္နည္းျပေဟာင္း အလီဂရီတို႔ကို နည္းျပအျဖစ္ခန္႔အပ္မယ္လို႔ Cadena Ser via Football Italia ကေဖာ္ျပခဲ့တာ ျဖစ္ပါ တယ္။
အလီဂရီဟာ ၂၀၁၉ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္အသင္းကေန ထုတ္ပယ္ခံရၿပီးေနာက္ လက္ရွိအခ်ိန္ထိ အသင္းလက္မဲ့ျဖစ္ေန သူ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းကို ကိုင္တြယ္ခဲ့စဥ္က စီးရီးေအခ်န္ပီယံဆုကို ၅ ႏွစ္ဆက္ရယူႏိုင္ခဲ့တဲ့ အလီဂရီဟာ ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔ ယူႏိုက္တက္အသင္းေတြကို နည္းျပဖို႔ သတင္းေတြထြက္ခဲ့ဖူးေပမယ့္ လက္ရွိအခ်ိန္ထိ ဘယ္ အသင္းကိုမွ ကိုင္တြယ္ျခင္းမရွိေသးတာပဲ ျဖစ္ပါတယ္။