လက်ရှိအချိန်ထိ ဘယ်အသင်းနဲ့မှ ဆွေးနွေးခြင်းမရှိသေးဘူး ဆိုပြီး ပြောလိုက်တဲ့ ဘာစီလိုနာကထွက်တော့မယ် မက်ဆီ


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းကနေ ထွက်ဖို့ တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ မက်ဆီကို ပီအက်စ်ဂျီ၊ မန်စီးတီး တို့ အပါအဝင် ဥရောပထိပ်သီးကလပ်အသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်နောက်ဆုံး နှစ်ကို ရောက်ရှိနေတဲ့ မက်ဆီဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ စည်းမျဉ်းအရ အခြားအသင်းနဲ့ အပြောင်းအရွှေ့အ တွက် စကားပြောဆိုခွင့်ရှိနေတယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိလည်း ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတဲ့ မက်ဆီက သူအနေနဲ့ အသင်းပြောင်းရွှေ့ဖို့အတွက် အခြားအသင်းတစ်သင်းသင်းနဲ့ ဆွေးနွေးပြောဆိုထားတာ မရှိသေးဘူးလို့ ပြောခဲ့ပြီး ပီအက်စ် ဂျီ၊ မန်စီးတီး အသင်းတို့နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌအပြောင်း အလဲ၊ ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်လည်း မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖြစ်မယ်လို့လည်းသတင်း တွေက ဖော်ပြခဲ့ကြပါတယ်။


စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ EL Mundo ကတော့ ဘာစီလိုနာအသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီက မက်ဆီကိုမရောင်းချ ခဲ့တာကြောင့် စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ယူရို ၅၅၅ သန်း နစ်နာခဲ့ရတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဥက္ကဌလောင်း အဖြစ် သတ်မှတ်ခံထားရတဲ့ လာပေါ်တာ၊ တိုနီဖရိုင်ဆာနဲ့ ဗစ်တာဖောင့် တို့အနေနဲ့ ဥက္ကဌသစ်ဖြစ်လာပါက မက်ဆီကို ဆက်ထိန်းထားနိုင်ဖို့ အဓိကထားဆောင်ရွက်ရမယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

zawgyi version

လက္ရွိအခ်ိန္ထိ ဘယ္အသင္းနဲ႔မွ ေဆြးေႏြးျခင္းမရွိေသးဘူး ဆိုၿပီး ေျပာလိုက္တဲ့ ဘာစီလိုနာကထြက္ေတာ့မယ္ မက္ဆီ
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းကေန ထြက္ဖို႔ ေတာင္းဆိုမႈျပဳလုပ္ခဲ့တဲ့ မက္ဆီကို ပီအက္စ္ဂ်ီ၊ မန္စီးတီး တို႔ အပါအဝင္ ဥေရာပထိပ္သီးကလပ္အသင္းေတြက ေခၚယူဖို႔ ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ ဘာစီလိုနာနဲ႔ စာခ်ဳပ္ေနာက္ဆံုး ႏွစ္ကို ေရာက္ရွိေနတဲ့ မက္ဆီဟာ ဇန္နဝါရီအေျပာင္းအေရႊ႕မွာေတာ့ စည္းမ်ဥ္းအရ အျခားအသင္းနဲ႔ အေျပာင္းအေရႊ႕အ တြက္ စကားေျပာဆိုခြင့္ရွိေနတယ္လို႔ သိရပါတယ္။
လက္ရွိအခ်ိန္ထိလည္း ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈမရေသးတဲ့ မက္ဆီက သူအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ အျခားအသင္းတစ္သင္းသင္းနဲ႔ ေဆြးေႏြးေျပာဆိုထားတာ မရွိေသးဘူးလို႔ ေျပာခဲ့ၿပီး ပီအက္စ္ ဂ်ီ၊ မန္စီးတီး အသင္းတို႔နဲ႔ ထြက္ေပၚေနတဲ့ သတင္းေတြကို ျငင္းဆိုသြားခဲ့ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌအေျပာင္း အလဲ၊ ပရိသတ္ေတြရဲ႕ေတာင္းဆိုမႈေၾကာင့္လည္း မက္ဆီအေနနဲ႔ ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျဖစ္မယ္လို႔လည္းသတင္း ေတြက ေဖာ္ျပခဲ့ၾကပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ EL Mundo ကေတာ့ ဘာစီလိုနာအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီက မက္ဆီကိုမေရာင္းခ် ခဲ့တာေၾကာင့္ စာခ်ဳပ္ပါေလ်ာ္ေၾကးျဖစ္တဲ့ ယူ႐ို ၅၅၅ သန္း နစ္နာခဲ့ရတယ္ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာဥကၠဌေလာင္း အျဖစ္ သတ္မွတ္ခံထားရတဲ့ လာေပၚတာ၊ တိုနီဖ႐ိုင္ဆာနဲ႔ ဗစ္တာေဖာင့္ တို႔အေနနဲ႔ ဥကၠဌသစ္ျဖစ္လာပါက မက္ဆီကို ဆက္ထိန္းထားႏိုင္ဖို႔ အဓိကထားေဆာင္ရြက္ရမယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။