ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ်အလာဘာကို (၄) နှစ်စာချုပ်နဲ့ ခေါ်ယူရန် သဘောတူညီမှု ရသွားပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ်အလာဘာကို (၄) နှစ်စာချုပ်နဲ့ ခေါ်ယူရန် သဘောတူညီမှု ရသွားပြီလို သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ခေါ်ယူရန် အသင်းတော်တော်များများက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်၊ ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့ အားလုံးဟာ ဝါရင့်နောက်ခံလူကို ခေါ်ယူလိုနေတာဖြစ်ပေမယ့် မာကာ သတင်းဌာနက ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို ခေါ်ယူခွင့်ရသွားပြီလို့ သိရပါတယ်။ အလာဘာဟာ ဇီဒန်းရဲ့ အသင်းနဲ့ (၄) နှစ်သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လာမယ့် နွေရာသီမှာ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

သြစတြီးယားလက်ရွေးစင်ကစားသမားဟာ လက်ရှိ ၂၀၂၀-၂၁ ဘောလုံးရာသီမှာလည်း ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းအတွက် အဓိက ကစားပေးနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၂၅) ပွဲကစားပြီးနောက် (၂) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးထားပါတယ်။ အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၀၁၀ ခုနှစ်ကတည်းက ပွဲထွက်ကစားလာသူဖြစ်ပြီး ပွဲပေါင်း (၄၀၀) ကျော်ကစားထားသူလည်း ဖြစ်ပါတယ်။

ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္အလာဘာကို (၄) ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရသြားၿပီျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္အလာဘာကို (၄) ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရသြားၿပီလို သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ဇြန္လမွာ ကုန္ဆံုးမွာျဖစ္ၿပီး သူ႔ကို ေခၚယူရန္ အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္၊ ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ အားလံုးဟာ ဝါရင့္ေနာက္ခံလူကို ေခၚယူလိုေနတာျဖစ္ေပမယ့္ မာကာ သတင္းဌာနက ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းက သူ႔ကို ေခၚယူခြင့္ရသြားၿပီလို႔ သိရပါတယ္။ အလာဘာဟာ ဇီဒန္းရဲ႕ အသင္းနဲ႔ (၄) ႏွစ္သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာ ေျပာင္းေရႊ႕မွာ ျဖစ္ပါတယ္။

ၾသစႀတီးယားလက္ေရြးစင္ကစားသမားဟာ လက္ရွိ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာလည္း ဂ်ာမန္ဘြန္ဒက္စ္လီဂါ ခ်န္ပီယံအသင္းအတြက္ အဓိက ကစားေပးေနသူျဖစ္ၿပီး ၿပိဳင္ပြဲစံု (၂၅) ပြဲကစားၿပီးေနာက္ (၂) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးထားပါတယ္။ အလာဘာဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ၂၀၁၀ ခုႏွစ္ကတည္းက ပြဲထြက္ကစားလာသူျဖစ္ၿပီး ပြဲေပါင္း (၄၀၀) ေက်ာ္ကစားထားသူလည္း ျဖစ္ပါတယ္။