မက်ဆီကို ဆက်ထိန်းထားနိုင်ပေမယ့် ဆွာရက်ဇ်ကို အက်သလက်တီကိုထံပြောင်းခွင့်ပေးခဲ့တာက ဘာစီလိုနာရဲ့ အမှား လို့ ဖော်ပြခံရ


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကထွက်ဖို့တောင်းဆိုထားတဲ့ မက်ဆီကို ဘာစီလိုနာတာဝန်ရှိသူတွေအနေနဲ့ အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့ပေမယ့် နောက်ထပ်အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကိုတော့ အက်သလက် တီကိုအသင်းထံ ပြောင်းရွှေ့ခွင့်ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ ဘာစီလိုနာအသင်းက ရုန်းကန်နေရပြီး ဆွာရက်ဇ်ရောက်ရှိ သွားတဲ့ အက်သလက်တီကိုကတော့ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းရနေပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်နေပါတယ်။


မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဘာစီလိုနာအသင်းမှာ ၆ နှစ်ကြာအောင် တွဲကစားခဲ့သူဖြစ်ပြီး အကောင်းဆုံးတွဲကစားနိုင်သူ တွေအဖြစ် ဖော်ပြခံရပေမယ့် ဘာစီလိုနာနည်းပြသစ်အဖြစ် ရော်နယ်ကိုးမန်းဖြစ်လာချိန်မှာ ဆွာရက်ဇ်အနေနဲ့ အသင်းမှာ နေရာမရှိတော့ဘူးလို့ ဖော်ပြခံရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဂျူဗင် တပ်အသင်းကို ပြောင်းရွှေ့ဖို့ ဆွာရက်ဇ်အနေနဲ့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အက်သလက်တီကိုထံကို ရောက်ရှိခဲ့ တာပဲ ဖြစ်ပါတယ်။


ဆွာရက်ဇ်ရောက်ရှိလာပြီးနောက်ပိုင်း အက်သလက်တီကိုရဲ့တိုက်စစ်အားက သိသိသာသာတက်လာခဲ့ပြီး ဆွာရက်ဇ်ကိုယ် တိုင်ကလည်း လက်ရှိလာလီဂါမှာ ၁၄ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရှိနေတာဖြစ်ပါတယ်။ အက်သလက် တီကိုကလည်း လက်ရှိမှာ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ကို ၁၀ မှတ်ထားသလို လက်ကျန်တစ်ပွဲလည်း ကစားဖို့ ကျန်နေသေးတာကြောင့် ချန်ပီယံဖြစ်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သတင်း တွေက ဖော်ပြခဲ့ကြပါတယ်။

zawgyi version

မက္ဆီကို ဆက္ထိန္းထားႏိုင္ေပမယ့္ ဆြာရက္ဇ္ကို အက္သလက္တီကိုထံေျပာင္းခြင့္ေပးခဲ့တာက ဘာစီလိုနာရဲ႕ အမွား လို႔ ေဖာ္ျပခံရ
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကထြက္ဖို႔ေတာင္းဆိုထားတဲ့ မက္ဆီကို ဘာစီလိုနာတာဝန္ရွိသူေတြအေနနဲ႔ အသင္းမွာ ဆက္ထိန္းထားႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ကိုေတာ့ အက္သလက္ တီကိုအသင္းထံ ေျပာင္းေရႊ႕ခြင့္ေပးခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ဘာစီလိုနာအသင္းက ႐ုန္းကန္ေနရၿပီး ဆြာရက္ဇ္ေရာက္ရွိ သြားတဲ့ အက္သလက္တီကိုကေတာ့ ဒီရာသီမွာ အေကာင္းဆံုးေျခစြမ္းရေနၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ေနပါ တယ္။
မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ဟာ ဘာစီလိုနာအသင္းမွာ ၆ ႏွစ္ၾကာေအာင္ တြဲကစားခဲ့သူျဖစ္ၿပီး အေကာင္းဆံုးတြဲကစားႏိုင္သူ ေတြအျဖစ္ ေဖာ္ျပခံရေပမယ့္ ဘာစီလိုနာနည္းျပသစ္အျဖစ္ ေရာ္နယ္ကိုးမန္းျဖစ္လာခ်ိန္မွာ ဆြာရက္ဇ္အေနနဲ႔ အသင္းမွာ ေနရာမရွိေတာ့ဘူးလို႔ ေဖာ္ျပခံရတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ ျဖစ္လာခဲ့တာပဲျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ဂ်ဴဗင္ တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆြာရက္ဇ္အေနနဲ႔ နီးစပ္ခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ အက္သလက္တီကိုထံကို ေရာက္ရွိခဲ့ တာပဲ ျဖစ္ပါတယ္။
ဆြာရက္ဇ္ေရာက္ရွိလာၿပီးေနာက္ပိုင္း အက္သလက္တီကိုရဲ႕တိုက္စစ္အားက သိသိသာသာတက္လာခဲ့ၿပီး ဆြာရက္ဇ္ကိုယ္ တိုင္ကလည္း လက္ရွိလာလီဂါမွာ ၁၄ ဂိုးသြင္းၿပီး ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ရွိေနတာျဖစ္ပါတယ္။ အက္သလက္ တီကိုကလည္း လက္ရွိမွာ ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ကို ၁၀ မွတ္ထားသလို လက္က်န္တစ္ပြဲလည္း ကစားဖို႔ က်န္ေနေသးတာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔အတြက္ ေရပန္းအစားဆံုး ျဖစ္ေနတယ္လို႔ သတင္း ေတြက ေဖာ္ျပခဲ့ၾကပါတယ္။