ရီးရဲလ်မက်ဒရစ်အသင်း ပီရက်ဇ်မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတေ့ွ ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အသင်းကတော့ ဥက္ကဌ ပီရက်ဇ်မှာ ရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး ဘာမှ မပြဘူးလို့ ကြေညာထားပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ အခုမှ ကိုဗစ်ပိုး ကူးစက်ခံရမှုကနေ သီးသန့်နေထိုင်ပြီးနောက် ပြန်လာသူဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းမရှိခင်က ကစားခဲ့တဲ့ စပိန်လာလီဂါပွဲမှာ လီဗန်တေးအသင်းကို အိမ်ကွင်းမှာ (၂-၁) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါ အမှတ်ပေးဇယား၌ အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယား အဆင့် (၁) နေရာက မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းထက် (၁၀) မှတ် လျော့နည်းနေတာ ဖြစ်ပါတယ်။
လာမယ့် စနေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးက ဟူးစကာအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းက ဆဲလ်တာဗီဂိုအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
ရီးရဲလ္မက္ဒရစ္ဥကၠဌ ပီရက္ဇ္မွာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိ
ရီးရဲလ္မက္ဒရစ္အသင္း ပီရက္ဇ္မွာ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတ႕ြ ရွိတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ အသင္းကေတာ့ ဥကၠဌ ပီရက္ဇ္မွာ ေရာဂါလကၡဏာနဲ႔ ပတ္သက္ၿပီး ဘာမွ မျပဘူးလို႔ ေၾကညာထားပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ အခုမွ ကိုဗစ္ပိုး ကူးစက္ခံရမႈကေန သီးသန္႔ေနထိုင္ၿပီးေနာက္ ျပန္လာသူျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းဟာ နည္းျပဇီဒန္းမရွိခင္က ကစားခဲ့တဲ့ စပိန္လာလီဂါပြဲမွာ လီဗန္ေတးအသင္းကို အိမ္ကြင္းမွာ (၂-၁) နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ လက္ရွိမွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ စပိန္လာလီဂါ အမွတ္ေပးဇယား၌ အဆင့္ (၃) ေနရာမွာ ရပ္တည္ေနၿပီး အမွတ္ေပးဇယား အဆင့္ (၁) ေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္အသင္းထက္ (၁၀) မွတ္ ေလ်ာ့နည္းေနတာ ျဖစ္ပါတယ္။
လာမယ့္ စေနေန႔မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ အမွတ္ေပးဇယားေအာက္ဆံုးက ဟူးစကာအသင္းကို အေ၀းကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အက္သလက္တီကိုမက္ဒရစ္အသင္းက ဆဲလ္တာဗီဂိုအသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာပါ။