လာလီဂါမှာ ၁၀ မှတ်ကွာနေတာကြောင့် ချန်ပီယံဖြစ်ဖို့ ခက်သလို ချန်ပီယံလိဂ်မှာလည်း အတ္တလန္တာကို ရှုံးမှာ ကြောက်နေ တဲ့ ရီးရဲလ်

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကြောင့် အသင်းရဲ့နောက်ဆုံးပွဲစဉ် နှစ်ပွဲကို နည်းပြဇီဒန်းအနေနဲ့ မကြီးကြပ်နိုင်ခဲ့ချိန် မှာ လီဗန်တေးကို အိမ်ကွင်းမှာပဲ ရှုံးသွားခဲ့တဲ့အတွက် အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ အက်သလက်တီကိုနဲ့ ၁၀ မှတ် ကွာဟ သွားတာကြောင့် ချန်ပီယံဆုကာကွယ်နိုင်ဖို့ ခက်သွားသလို လာမယ့်ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာလည်း အတ္တလ န္တာကို ရှုံးပြီး ပြိုင်ပွဲက ထွက်ရမှာကို ရီးရဲလ်အနေနဲ့ ကြောက်ရွံနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။


နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၅ ပွဲမှာ နိုင်ပွဲတစ်ပွဲပဲ ရရှိခဲ့တာကြောင့် ရီးရဲလ်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲမှာ ရှုံးခဲ့သလို စပိန်ဘုရင့်ဖလားကလည်း ထွက်ခဲ့ရတဲ့ ရီးရဲလ်အနေနဲ့ လာလီဂါမှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခက်ခဲနေတာကြောင့် ချန်ပီယံလိဂ်ကို အားစိုက်လာနိုင်တယ်လို့ ခန့်မှန်းနေပေမယ့် အတ္တလန္တာနဲ့ ကစားရ မှာဖြစ်တာကြောင့်လည်း ပွဲကျပ်ကစားရဖို့ ရှိနေတယ်ဆိုပြီး ဖော်ပြခံခဲ့ရတာပဲ ဖြစ်ပါတယ်။


ရီးရဲလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၈ပွဲအထိရှုံးခဲ့တာ ဖြစ်ပြီး ၂၀၁၇-၁၈ ဘောလုံးရာသီက တစ်ရာ သီအတွင်း ရှုံးပွဲ ၉ ပွဲအပြီး အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၀၇-၀၈ ခုနှစ်နောက်ပိုင်း ကတည်းက ရီးရဲလ်အနေနဲ့ လာလီဂါချန်ပီယံဆုကို ၂ နှစ်ဆက်ရရှိခဲ့ခြင်းမရှိတာကြောင့် ဒီနှစ်မှာလည်း ချန်ပီယံဆုကို လက်လွှတ်ရဖို့များနေတယ်လို့ ရေးသားဖော်ပြခဲ့သလို ဖလားလက်မဲ့ရာသီနဲ့ ကြုံတွေ့ရဖို့ ရှိနေတယ်လို့လည်း ရေးသား ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

zawgyi version

လာလီဂါမွာ ၁၀ မွတ္ကြာေနတာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔ ခက္သလို ခ်န္ပီယံလိဂ္မွာလည္း အတၱလႏၲာကို ရႈံးမွာ ေၾကာက္ေန တဲ့ ရီးရဲလ္
ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတာေၾကာင့္ အသင္းရဲ႕ေနာက္ဆံုးပြဲစဥ္ ႏွစ္ပြဲကို နည္းျပဇီဒန္းအေနနဲ႔ မႀကီးၾကပ္ႏိုင္ခဲ့ခ်ိန္ မွာ လီဗန္ေတးကို အိမ္ကြင္းမွာပဲ ရႈံးသြားခဲ့တဲ့အတြက္ အမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့ အက္သလက္တီကိုနဲ႔ ၁၀ မွတ္ ကြာဟ သြားတာေၾကာင့္ ခ်န္ပီယံဆုကာကြယ္ႏိုင္ဖို႔ ခက္သြားသလို လာမယ့္ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္မွာလည္း အတၱလ ႏၲာကို ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ရမွာကို ရီးရဲဲလ္အေနနဲ႔ ေၾကာက္ရြံေနေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ေနာက္ဆံုးကစားခဲ့တဲ့ၿပိဳင္ပြဲစံု ၅ ပြဲမွာ ႏိုင္ပြဲတစ္ပြဲပဲ ရရွိခဲ့တာေၾကာင့္ ရီးရဲလ္ဟာ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ စပိန္စူပါဖလားၿပိဳင္ပြဲမွာ ရႈံးခဲ့သလို စပိန္ဘုရင့္ဖလားကလည္း ထြက္ခဲ့ရတဲ့ ရီးရဲလ္အေနနဲ႔ လာလီဂါမွာလည္း ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ခက္ခဲေနတာေၾကာင့္ ခ်န္ပီယံလိဂ္ကို အားစိုက္လာႏိုင္တယ္လို႔ ခန္႔မွန္းေနေပမယ့္ အတၱလႏၲာနဲ႔ ကစားရ မွာျဖစ္တာေၾကာင့္လည္း ပြဲက်ပ္ကစားရဖို႔ ရွိေနတယ္ဆိုၿပီး ေဖာ္ျပခံခဲ့ရတာပဲ ျဖစ္ပါတယ္။
ရီးရဲလ္အသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၂၈ ပြဲမွာ ၈ပြဲအထိရႈံးခဲ့တာ ျဖစ္ၿပီး ၂၀၁၇-၁၈ ေဘာလံုးရာသီက တစ္ရာ သီအတြင္း ရႈံးပြဲ ၉ ပြဲအၿပီး အဆိုးရြားဆံုးအျဖစ္ မွတ္တမ္းတင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၂၀၀၇-၀၈ ခုႏွစ္ေနာက္ပိုင္း ကတည္းက ရီးရဲလ္အေနနဲ႔ လာလီဂါခ်န္ပီယံဆုကို ၂ ႏွစ္ဆက္ရရွိခဲ့ျခင္းမရွိတာေၾကာင့္ ဒီႏွစ္မွာလည္း ခ်န္ပီယံဆုကို လက္လႊတ္ရဖို႔မ်ားေနတယ္လို႔ ေရးသားေဖာ္ျပခဲ့သလို ဖလားလက္မဲ့ရာသီနဲ႔ ၾကံဳေတြ႕ရဖို႔ ရွိေနတယ္လို႔လည္း ေရးသား ေဖာ္ျပမႈေတြ ရွိခဲ့ပါတယ္။