၁၀ ယောက်တည်းနဲ့ ကစားခဲ့ရလို့ ခက်ခဲခဲ့တယ်လို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုအာ

ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုအာက လီဗန်တေးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းရဲ့ စပိန်လာလီဂါအမှတ်ပေးဖလား ကာကွယ်နေခြင်းဟာ မပြီးဆုံးသေးဘူးလို့ ပြောသွားခဲ့ပါတယ်။ မီလီတာအိုကို ဆုံးရှုံးလိုက်တာက ပွဲကို ပြောင်းလဲစေခဲ့တာလို့ ကော်တိုအာက ပြောခဲ့တာဖြစ်ပါတယ်။

” ပွဲအစ (၇) မိနစ်အပြီး အနီကတ် က ခက်ခဲစေခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့ပြီး (၁-ဝ) နဲ့ ဦးဆောင်ခဲ့ပေမယ့် သူတို့က ချေပဂိုး ပြန်သွင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်ခဲ့ပေမယ့် ဒုတိယဂိုး ပေးခဲ့ရပါတယ်။
သူတို့ကစားတာ ကောင်းခဲ့ပြီး သူတို့ဆီက ဘောလုံးရဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က အခွင့်အရေးတွေလည်း မဖန်တီးနိုင်ခဲ့ပါဘူး။ ပြီးတော့ အချိန်ပို (၄) မိနစ်မှာလည်း ကျွန်တော်တို့ က (၁) မိနစ်လောက်ပဲ ကစားခွင့်ရခဲ့ပါတယ်” လို့ ကော်တိုအာက ပြောသွားခဲ့ပါတယ်။


