လက်ရှိမှာ လာလီဂါအမှတ်ပေးဇယားကို အမှတ်ပြတ်ပြီး ဦးဆောင်နေတဲ့ အက်သလက်တီကိုအသင်းရဲ့ ဂိုးသမား အော့ဘ လက်ခ်က သူတို့အသင်းရဲ့ဒီရာသီအဓိကရည်မှန်းချက်က လာလီဂါချန်ပီယံဆုမဟုတ်ဘဲ ချန်ပီယံလိဂ်ရရှိရေးဆိုပြီး ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ လက်ရှိလာလီဂါမှာတော့ အက်သလက်တီကိုဟာ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်တွေ ဖြစ် တဲ့ ရီးရဲလ်ကို ၇ မှတ်၊ ဘာစီလိုနာကို ၁၀ မှတ် ဖြတ်ထားတဲ့အပြင် လက်ကျန်တစ်ပွဲလည်း ကစားဖို့ရှိနေတာကြောင့် ချန်ပ ယံ ဖြစ်ဖို့ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။
လာမယ့်ဖေဖော်ဝါရီလထဲမှာ ကစားဖို့ရှိနေတဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ အက်သလက်တီကိုဟာ ချဲလ်ဆီးနဲ့ တွေ့ဆုံနေတာဖြစ်ပြီး သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ၂ နှစ်ဆက်တက်ရောက်ဖို့အတွက်လုပ် ဆောင်သွားမယ်လို့လည်း အော့ဘလက်ခ်က ပြောခဲ့ပါတယ်။ အက်သလက်တီကိုဟာ ချန်ပီယံလိဂ်နောက်ဆုံး ၇ နှစ်မှာ ၆ နှစ်က ရှုံးထွက်အဆင့်တွေကပဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
Mundo Deportivo နဲ့ အင်တာဗျူး အစီအစဉ်မှာတော့ အော့ဘလက်ခ်က “ ချန်ပီယံဗိုလ်လုပွဲမှာ အကြီးအကျယ်ရှုံးခဲ့တာ ကို သတိရနေသလို အံအားလည်းသင့်နေပါတယ်။ အက်သလက်တီကိုဟာ ချန်ပီယံလိဂ်ကို ရယူနိုင်ဖို့အခွင့်အရေးတွေ ရှိ နေပေမယ့် ဘာကြောင့်မရသလဲဆိုတာ မသိခဲ့ပါဘူး။ ဒီနှစ် အသင်းအနေနဲ့ အကောင်းဆုံးပုံစံရနေတာကြောင့် ချန်ပီယံ လိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အဓိကရည်မှန်းထားပါတယ်” လို့ ပြောခဲ့ပါတယ်။
zawgyi version
အက္သလက္တီကိုရဲ႕ ဒီရာသီအဓိကရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ဆိုၿပီး ထုတ္ေဖာ္ေျပာခဲ့တဲ့ ဂိုးသမား ေအာ့ဘလက္ခ္
လက္ရွိမွာ လာလီဂါအမွတ္ေပးဇယားကို အမွတ္ျပတ္ၿပီး ဦးေဆာင္ေနတဲ့ အက္သလက္တီကိုအသင္းရဲ႕ ဂိုးသမား ေအာ့ဘ လက္ခ္က သူတို႔အသင္းရဲ႕ဒီရာသီအဓိကရည္မွန္းခ်က္က လာလီဂါခ်န္ပီယံဆုမဟုတ္ဘဲ ခ်န္ပီယံလိဂ္ရရွိေရးဆိုၿပီး ထုတ္ ေဖာ္ေျပာၾကားခဲ့ပါတယ္။ လက္ရွိလာလီဂါမွာေတာ့ အက္သလက္တီကိုဟာ ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ေတြ ျဖစ္ တဲ့ ရီးရဲလ္ကို ၇ မွတ္၊ ဘာစီလိုနာကို ၁၀ မွတ္ ျဖတ္ထားတဲ့အျပင္ လက္က်န္တစ္ပြဲလည္း ကစားဖို႔ရွိေနတာေၾကာင့္ ခ်န္ပ ယံ ျဖစ္ဖို႔ ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။
လာမယ့္ေဖေဖာ္ဝါရီလထဲမွာ ကစားဖို႔ရွိေနတဲ့ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္ေတြမွာ အက္သလက္တီကိုဟာ ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆံုေနတာျဖစ္ၿပီး သူတို႔အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို ၂ ႏွစ္ဆက္တက္ေရာက္ဖို႔အတြက္လုပ္ ေဆာင္သြားမယ္လို႔လည္း ေအာ့ဘလက္ခ္က ေျပာခဲ့ပါတယ္။ အက္သလက္တီကိုဟာ ခ်န္ပီယံလိဂ္ေနာက္ဆံုး ၇ ႏွစ္မွာ ၆ ႏွစ္က ရႈံးထြက္အဆင့္ေတြကပဲ ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာ ျဖစ္ပါတယ္။
Mundo Deportivo နဲ႔ အင္တာဗ်ဴး အစီအစဥ္မွာေတာ့ ေအာ့ဘလက္ခ္က “ ခ်န္ပီယံဗိုလ္လုပြဲမွာ အႀကီးအက်ယ္ရႈံးခဲ့တာ ကို သတိရေနသလို အံအားလည္းသင့္ေနပါတယ္။ အက္သလက္တီကိုဟာ ခ်န္ပီယံလိဂ္ကို ရယူႏိုင္ဖို႔အခြင့္အေရးေတြ ရွိ ေနေပမယ့္ ဘာေၾကာင့္မရသလဲဆိုတာ မသိခဲ့ပါဘူး။ ဒီႏွစ္ အသင္းအေနနဲ႔ အေကာင္းဆံုးပံုစံရေနတာေၾကာင့္ ခ်န္ပီယံ လိဂ္ဖလားကို ရယူႏိုင္ဖို႔အတြက္ အဓိကရည္မွန္းထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။