လက်ရှိဒီဂျောင်က အေဂျက်က ဒီဂျောင်ထက် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်းက လက်ရှိမှာကွင်းလယ်ကစားသမား ဒီဂျောင်ဟာ ကစားသမားဘ၀ အကောင်းဆုံး ခြေစွမ်းမှာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ မနေ့ညက ဗယ်လီကာနိုအသင်းနဲ့ ကစားခဲ့တဲ့ ကိုပါဒဲလ်ရေးဖလားပြိုင်ပွဲမှာ ဒီဂျောင်ဟာ ထပ်မံ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီဂျောင်ဟာ ပြီးပြည့်စုံတဲ့ ဘောလုံးသမား တစ်ယောက်ပါ။ ဒါပေမယ့် သူ့အနေနဲ့ တိုက်စစ်ပိုင်း ပါဝင်မှု ပိုပြီး လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ အခုတော့ သူဟာ ဂိုးတွေ သွင်းနေရုံသာမက အကောင်းဆုံးလည်း လုပ်နေပါတယ်။ ပွဲအစကနေ အဆုံးအထိ သူဟာ အကောင်းဆုံး လုပ်ပြနေသူပါ။ သူဟာ အသင်းအတွက် ဟန်ချက်ညီစေခဲ့ပြီး ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းမှာလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားနေပါတယ်။

သူ့မှာ အရည်အသွေးတွေ အများကြီးရှိနေပမယ့် သူလည်း ကစားသမားတစ်ယောက်ပါ။ အခုတော့ သူဟာ တစ်ရာသီစလုံးမှာမှ တစ်ဂိုးပဲ သွင်းနိုင်ပါသေးတယ်။ ဒါပေမယ့် အခု ဒီဂျောင် က အေဂျက်ကထက် ပိုပြီး ပြီးပြည့်စုံပါတယ်။ လူတိုင်းက သူ့ရဲ့ အရည်အသွေးတွေကို သိပေမယ့် အခုသူဟာ လုံးဝကို ပြည့်စုံနေပါတယ်။ အခြားအသင်းရဲ့ ပင်နယ်တီဧရိယာအတွင်းမှာလည်း သူဟာ အကောင်းဆုံး ဖန်တီးပေးနေပြီး ဂိုးတွေလည်း သွင်းပေးနေပါတယ်” လို့ ရော်နယ်ကိုးမန်းက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လက္ရွိဒီေဂ်ာင္က ေအဂ်က္က ဒီေဂ်ာင္ထက္ ပိုေကာင္းတယ္လို႔ ဆိုလိုက္တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာ နည္းျပ ေရာ္နယ္ကိုးမန္းက လက္ရွိမွာကြင္းလယ္ကစားသမား ဒီေဂ်ာင္ဟာ ကစားသမားဘ၀ အေကာင္းဆုံး ေျခစြမ္းမွာ ရွိေနတယ္လို႔ ယုံၾကည္ေနပါတယ္။ မေန႔ညက ဗယ္လီကာႏိုအသင္းနဲ႔ ကစားခဲ့တဲ့ ကိုပါဒဲလ္ေရးဖလားၿပိဳင္ပြဲမွာ ဒီေဂ်ာင္ဟာ ထပ္မံ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ဒီေဂ်ာင္ဟာ ၿပီးျပည့္စုံတဲ့ ေဘာလုံးသမား တစ္ေယာက္ပါ။ ဒါေပမယ့္ သူ႔အေနနဲ႔ တိုက္စစ္ပိုင္း ပါဝင္မႈ ပိုၿပီး လိုအပ္ေနေသးတယ္လို႔ ထင္ပါတယ္။ အခုေတာ့ သူဟာ ဂိုးေတြ သြင္းေန႐ုံသာမက အေကာင္းဆုံးလည္း လုပ္ေနပါတယ္။ ပြဲအစကေန အဆုံးအထိ သူဟာ အေကာင္းဆုံး လုပ္ျပေနသူပါ။ သူဟာ အသင္းအတြက္ ဟန္ခ်က္ညီေစခဲ့ၿပီး ကြၽန္ေတာ္တို႔ရဲ႕ တိုက္စစ္ပိုင္းမွာလည္း အဓိက အခန္းက႑ကေန ပါဝင္ကစားေနပါတယ္။

သူ႔မွာ အရည္အေသြးေတြ အမ်ားႀကီးရွိေနပမယ့္ သူလည္း ကစားသမားတစ္ေယာက္ပါ။ အခုေတာ့ သူဟာ တစ္ရာသီစလုံးမွာမွ တစ္ဂိုးပဲ သြင္းႏိုင္ပါေသးတယ္။ ဒါေပမယ့္ အခု ဒီေဂ်ာင္ က ေအဂ်က္ကထက္ ပိုၿပီး ၿပီးျပည့္စုံပါတယ္။ လူတိုင္းက သူ႔ရဲ႕ အရည္အေသြးေတြကို သိေပမယ့္ အခုသူဟာ လုံးဝကို ျပည့္စုံေနပါတယ္။ အျခားအသင္းရဲ႕ ပင္နယ္တီဧရိယာအတြင္းမွာလည္း သူဟာ အေကာင္းဆုံး ဖန္တီးေပးေနၿပီး ဂိုးေတြလည္း သြင္းေပးေနပါတယ္” လို႔ ေရာ္နယ္ကိုးမန္းက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။