ရီးရဲလ်မက်ဒရစ်အသင်းမှာ နောက်ဆုံးအခွင့်အရေးရမယ့် အစ္စကို

အိုဒီဂတ်က အာဆင်နယ်ကို အငှားထွက်ခွာသွားပြီး ဗယ်ဗာဒီကလည်း ဒဏ်ရာရနေလို့ အစ္စကို ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အခွင့်အရေးရလာပြီဖြစ်ပါတယ်။ မာလာဂါနွယ်ဖွားကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ် (၃) ယောက်ဖြစ်တဲ့ တိုနီကရူးစ်၊ မိုဒရစ် နဲ့ ကက်စမဲရိုး တို့နောက်မှာ ရွေးချယ်ခြင်းခံရမှာပါ။ အခြားသော ကွင်းလယ်ကစားသမားတွေမရှိလို့ အစ္စကိုအနေနဲ့ ကစားချိန်ပိုရလာမှာဖြစ်ပါတယ်။

အစ္စကိုဟာ နည်းပြ ဇီဒန်း ပထမအကြိမ် အသင်းကို တာဝန်ယူတုန်းက အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ဇီဒန်းအသင်းကို နောက်တစ်ကြိမ် ပြန်လာတဲ့အခါမှာတော့ ပုံမှန်ပွဲကစားခွင့် မရတော့ပါဘူး။ ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းရန် ရည်ရွယ်ထားသော်လည်း အိုဒီဂတ်က အာဆင်နယ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားလို့ အစ္စကို ဟာ ရာသီကုန်အထိ အသင်းမှာဆက်နေမှာဖြစ်ပါတယ်။

မာကာ သတင်းဌာနက ဖော်ပြချက်အရ နိုဝင်ဘာလတုန်းက အစ္စကိုဟာ ဇန်နဝါရီမှာအသင်းက ထွက်ခွာချင်တယ်လို့ ပြောဆိုခဲ့ပြီး ဒီလမှာ ထွက်ခွာရန် ပြင်ဆင်ခဲ့ပါတယ်။ အသင်းကလည်း သူ့ရဲ့ ဆန္ဒကို နားလည်ပြီး ထွက်ခွာခွင့်ပေးထားတာဖြစ်ပါတယ်။ သို့သော်လည်း အခုအခါ ဇွန်လအထိ အသင်းမှာ ဆက်ရှိနေတော့မှာပါ။ အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် အစ္စကိုအနေနဲ့ ရာသီကုန်အထိ အသင်းရဲ့ ပွဲအများစုကို ကစားခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္အသင္းမွာ ေနာက္ဆံုးအခြင့္အေရးရမယ့္ အစၥကို

အိုဒီဂတ္က အာဆင္နယ္ကို အငွားထြက္ခြာသြားၿပီး ဗယ္ဗာဒီကလည္း ဒဏ္ရာရေနလို႔ အစၥကို ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အခြင့္အေရးရလာၿပီျဖစ္ပါတယ္။ မာလာဂါႏြယ္ဖြားကစားသမားဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ (၃) ေယာက္ျဖစ္တဲ့ တိုနီက႐ူးစ္၊ မိုဒရစ္ နဲ႔ ကက္စမဲ႐ိုး တို႔ေနာက္မွာ ေရြးခ်ယ္ျခင္းခံရမွာပါ။ အျခားေသာ ကြင္းလယ္ကစားသမားေတြမရွိလို႔ အစၥကိုအေနနဲ႔ ကစားခ်ိန္ပိုရလာမွာျဖစ္ပါတယ္။

အစၥကိုဟာ နည္းျပ ဇီဒန္း ပထမအႀကိမ္ အသင္းကို တာ၀န္ယူတုန္းက အေကာင္းဆံုးေျခစြမ္းျပခဲ့ၿပီး အေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ ဇီဒန္းအသင္းကို ေနာက္တစ္ႀကိမ္ ျပန္လာတဲ့အခါမွာေတာ့ ပံုမွန္ပြဲကစားခြင့္ မရေတာ့ပါဘူး။ ဒီဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းေျပာင္းရန္ ရည္ရြယ္ထားေသာ္လည္း အိုဒီဂတ္က အာဆင္နယ္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕သြားလို႔ အစၥကို ဟာ ရာသီကုန္အထိ အသင္းမွာဆက္ေနမွာျဖစ္ပါတယ္။

မာကာ သတင္းဌာနက ေဖာ္ျပခ်က္အရ ႏို၀င္ဘာလတုန္းက အစၥကိုဟာ ဇန္နဝါရီမွာအသင္းက ထြက္ခြာခ်င္တယ္လို႔ ေျပာဆိုခဲ့ၿပီး ဒီလမွာ ထြက္ခြာရန္ ျပင္ဆင္ခဲ့ပါတယ္။ အသင္းကလည္း သူ႔ရဲ႕ ဆႏၵကို နားလည္ၿပီး ထြက္ခြာခြင့္ေပးထားတာျဖစ္ပါတယ္။ သို႔ေသာ္လည္း အခုအခါ ဇြန္လအထိ အသင္းမွာ ဆက္ရွိေနေတာ့မွာပါ။ အသင္းရဲ႕ လက္ရွိအေျခအေနေတြေၾကာင့္ အစၥကိုအေနနဲ႔ ရာသီကုန္အထိ အသင္းရဲ႕ ပြဲအမ်ားစုကို ကစားခြင့္ရေတာ့မွာပဲ ျဖစ္ပါတယ္။