ဘာစီလိုနာရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရတဲ့ ဆွာရက်ဇ်က အခု အသင်းသစ်မှာ အောင်မြင်ပျော်ရွှင်နေပြီလို့ ဆိုလိုက်တဲ့ ဘာဘာတော့ဗ်

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဘာစီလိုနာက အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်တဲ့ ဆွာရက်ဇ်နဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။ ဆွာရက်ဇ်လို အရည်အသွေးရှိကစားသမားဟာ ဘာစီလိုနာအသင်းဆီက ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးနဲ့ ထိုက်တန်သူဖြစ်ပြီး အခုတော့ ပြိုင်ဘက်အသင်းဆီကနေ လှမ်းရယ်ပြနေတယ်လို့ ဘာဘာတော့ဗ်က ပြောခဲ့တာဖြစ်ပါတယ်။

“သူက စက်တစ်ခုပါ။ အက်သလက်တီကိုမက်ဒရစ်က အခု ဆွာရက်ဇ်ရဲ့ သွင်းဂိုးတွေနဲ့အတူ လာလီဂါ အမှတ်ပေးဇယားထိပ်မှာ (၇) မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ သူ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာအသင်းက သူ့လို အသင်းအတွက် စွမ်းဆောင်ပေးခဲ့သူမျိုးကို ဆက်ဆံပုံက မမိုက်ပါဘူး။

ဘာစီလိုနာရဲ့ လေးစားမှုမရှိတဲ့ လုပ်ရပ်ကို သူလည်း ဝမ်းနည်းနေတော့မှာ မဟုတ်ပါဘူး။ အခုသူ အက်သလက်တီကိုမက်ဒရစ်မှာ အောင်မြင်ပျော်ရွှင်နေပါပြီ” လို့ ဘာဘာတော့ဗ်က ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာရဲ႕ ပစ္ပယ္ျခင္းကို ခံခဲ့ရတဲ့ ဆြာရက္ဇ္က အခု အသင္းသစ္မွာ ေအာင္ျမင္ေပ်ာ္ရႊင္ေနၿပီလို႔ ဆိုလိုက္တဲ့ ဘာဘာေတာ့ဗ္

ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ဘာစီလိုနာက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္လိုက္တဲ့ ဆြာရက္ဇ္နဲ႔ ပတ္သက္ၿပီး ေျပာသြားခဲ့ပါတယ္။ ဆြာရက္ဇ္လို အရည္အေသြးရွိကစားသမားဟာ ဘာစီလိုနာအသင္းဆီက ေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳးနဲ႔ ထိုက္တန္သူျဖစ္ၿပီး အခုေတာ့ ၿပိဳင္ဘက္အသင္းဆီကေန လွမ္းရယ္ျပေနတယ္လို႔ ဘာဘာေတာ့ဗ္က ေျပာခဲ့တာျဖစ္ပါတယ္။

“သူက စက္တစ္ခုပါ။ အက္သလက္တီကိုမက္ဒရစ္က အခု ဆြာရက္ဇ္ရဲ႕ သြင္းဂိုးေတြနဲ႔အတူ လာလီဂါ အမွတ္ေပးဇယားထိပ္မွာ (၇) မွတ္အသာနဲ႔ ဦးေဆာင္ေနပါတယ္။ သူ႔အတြက္ ကၽြန္ေတာ္၀မ္းသာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘာစီလိုနာအသင္းက သူ႔လို အသင္းအတြက္ စြမ္းေဆာင္ေပးခဲ့သူမ်ိဳးကို ဆက္ဆံပံုက မမိုက္ပါဘူး။

ဘာစီလိုနာရဲ႕ ေလးစားမႈမရွိတဲ့ လုပ္ရပ္ကို သူလည္း ၀မ္းနည္းေနေတာ့မွာ မဟုတ္ပါဘူး။ အခုသူ အက္သလက္တီကိုမက္ဒရစ္မွာ ေအာင္ျမင္ေပ်ာ္ရႊင္ေနပါၿပီ” လို႔ ဘာဘာေတာ့ဗ္က ေျပာသြားခဲ့ပါတယ္။