အမ်ဘတ်ပီထက် ဟာလန်းက အသင်းအတွက် ပိုပြီး လိုအပ်တဲ့ကစားသမားလို့ နည်းပြဟောင်း ဗဲလ်ဒါနို ပြောဆို


ရီးရဲလ်အသင်းမှာ ကစားသမား၊နည်းပြ နဲ့ အထွေထွေမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဗဲလ်ဒါနိုက အသင်းအနေနဲ့ တိုက်စစ် အားဖြည့်မှုအတွက် ကစားသမားခေါ်ယူမှုပြုလုပ်မယ်ဆိုရင် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီထက် ဒေါ့မန်တိုက်စစ်မှူး ဟာလန်းက အသင်းအတွက် ပိုပြီးလိုအပ်တဲ့ကစားသမား ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်ဟာ အသက်ရလာတဲ့တိုက် စစ်မှူး ဘင်ဇီမာရဲ့နေရာအတွက် လူငယ်တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။


ဟာလန်းအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက သြစတြီးယားကလပ် ဆဲလ်ဘတ်ကိုအသင်းကနေ ဒေါ့မန်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြိုင်ပွဲစုံမှာ ၃၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အမ်ဘတ်ပီကလည်း ပီအက်စ် ဂျီအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ကစားသမားနဲ့အသင်းကြား ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့် ရီးရဲလ်အနေနဲ့ ဟာလန်းကို ခေါ်ယူဖို့က ပိုပြီးလိုအပ်တယ်လို့ ဗဲလ်ဒါနိုက ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ဗဲလ်ဒါနိုက “ အမ်ဘတ်ပီထက်စာရင် ဟာလန်းကို အသင်းအနေနဲ့ ပိုပြီး ခေါ်ယူသင့်ပါတယ်။ အမ်ဘတ်ပီက ပုံမှန်ဂိုးသွင်း နိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဆိုပေမယ့် ဟာလန်းက နေရာမျိုးစုံမျိုးကနေ ဂိုးသွင်းယူနိုင်ပါတယ်။” လို့ ပြောခဲ့ သလို အာဆင်နယ်အသင်းကို အဌားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ လူငယ်ကစားသမား အိုဒီဂတ်အနေနဲ့ အသင်းအတွက် ကစား ခွင့်ရခဲ့တဲ့အချိန်တွေမှာ အကောင်းဆုံးသက်သေမပြနိုင်ခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။

zawgyi version

အမ္ဘတ္ပီထက္ ဟာလန္းက အသင္းအတြက္ ပိုၿပီး လိုအပ္တဲ့ကစားသမားလို႔ နည္းျပေဟာင္း ဗဲလ္ဒါႏို ေျပာဆို
ရီးရဲလ္အသင္းမွာ ကစားသမား၊နည္းျပ နဲ႔ အေထြေထြမန္ေနဂ်ာအျဖစ္ လုပ္ကိုင္ခဲ့တဲ့ ဗဲလ္ဒါႏိုက အသင္းအေနနဲ႔ တိုက္စစ္ အားျဖည့္မႈအတြက္ ကစားသမားေခၚယူမႈျပဳလုပ္မယ္ဆိုရင္ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီထက္ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းက အသင္းအတြက္ ပိုၿပီးလိုအပ္တဲ့ကစားသမား ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ရီးရဲလ္ဟာ အသက္ရလာတဲ့တိုက္ စစ္မွဴး ဘင္ဇီမာရဲ႕ေနရာအတြက္ လူငယ္တိုက္စစ္မွဴးေတြကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔လည္း သိရပါတယ္။
ဟာလန္းအေနနဲ႔ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ၾသစႀတီးယားကလပ္ ဆဲလ္ဘတ္ကိုအသင္းကေန ေဒါ့မန္ကို ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ၿပိဳင္ပြဲစံုမွာ ၃၇ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ အမ္ဘတ္ပီကလည္း ပီအက္စ္ ဂ်ီအသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ကစားသမားနဲ႔အသင္းၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးေၾကာင့္ ရီးရဲလ္အေနနဲ႔ ဟာလန္းကို ေခၚယူဖို႔က ပိုၿပီးလိုအပ္တယ္လို႔ ဗဲလ္ဒါႏိုက ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ဗဲလ္ဒါႏိုက “ အမ္ဘတ္ပီထက္စာရင္ ဟာလန္းကို အသင္းအေနနဲ႔ ပိုၿပီး ေခၚယူသင့္ပါတယ္။ အမ္ဘတ္ပီက ပံုမွန္ဂိုးသြင္း ႏိုင္တဲ့ ကစားသမားေကာင္းတစ္ေယာက္ဆိုေပမယ့္ ဟာလန္းက ေနရာမ်ိဳးစံုမ်ိဳးကေန ဂိုးသြင္းယူႏိုင္ပါတယ္။” လို႔ ေျပာခဲ့ သလို အာဆင္နယ္အသင္းကို အဌားနဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ လူငယ္ကစားသမား အိုဒီဂတ္အေနနဲ႔ အသင္းအတြက္ ကစား ခြင့္ရခဲ့တဲ့အခ်ိန္ေတြမွာ အေကာင္းဆံုးသက္ေသမျပႏိုင္ခဲ့ဘူးလို႔ ေျပာသြားခဲ့ပါတယ္။