ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းတာဝန်ရှိသူတွေကို အသင်းကနေထွက်ဖို့ တောင်းဆိုထားပြီး လက်ရှိအ ချိန်ထိ အသင်းနဲ့ စာချုပ်ထပ်မံချုပ်ဆိုခြင်းမရှိသေးတဲ့ မက်ဆီကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်း လေးစားမှုမရှိဘဲ လုပ်ဆောင်နေတယ်ဆိုပြီး ဘာစီလိုနာဥက္ကဌလောင်း လာပေါ်တာက စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီ အသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက မက်ဆီလိုကစားသမားမျိုးကို အသင်းက အချိန်တိုင်းအလိုရှိခဲ့တာဖြစ်တယ် ဆိုပြီး ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေးကောက်ပွဲကို အစောပိုင်းတုန်းက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်ရဲ့စည်းမျဉ်းတွေကြောင့် မတ်လ ၇ ရက်နေ့ကို ပြောင်းလဲကျင်းပတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဥက္ကဌဖြစ် လာမယ့်သူအနေနဲ့ အသင်းရဲ့ပုံရိပ်တစ်ခုဖြစ်တဲ့ မက်ဆီကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့အတွက် အဓိကလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဘာစီလိုနာဥက္ကဌလောင်း လာပေါ်တာက “ မက်ဆီရဲ့ အဖြေအတွက် ကျွန်တော်အနေနဲ့နားလည်ပါတယ်။ လက်ရှိအချိန်မှာ သူအနေနဲ့ အခြားကလပ်အသင်းတစ်သင်းနဲ့ ပြောင်းရွှေ့ဖို့အတွက် ညှိနှိုင်းနိုင်ပေမယ့် သူအနေနဲ့ ဘာမှပြောဆိုထားတာမရှိ ပါဘူး။ ဒါကလည်း လက်ရှိဘာစီလိုနာမှာ ဥက္ကဌမရှိဘူးဆိုတာကို သူသိလို့ပဲ ဖြစ်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ မက်ဆီကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းအပြင် ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။
zawgyi version
ပီအက္စ္ဂ်ီအေနနဲ႔ ေလးစားမႈမရွိဘဲ မက္ဆီကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဘာစီလိုနာဥကၠဌေလာင္း လာေပၚတာ စြပ္စြဲေျပာဆို
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းတာဝန္ရွိသူေတြကို အသင္းကေနထြက္ဖို႔ ေတာင္းဆိုထားၿပီး လက္ရွိအ ခ်ိန္ထိ အသင္းနဲ႔ စာခ်ဳပ္ထပ္မံခ်ဳပ္ဆိုျခင္းမရွိေသးတဲ့ မက္ဆီကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီအသင္း ေလးစားမႈမရွိဘဲ လုပ္ေဆာင္ေနတယ္ဆိုၿပီး ဘာစီလိုနာဥကၠဌေလာင္း လာေပၚတာက စြပ္စြဲေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီ အသင္း အားကစားဒါ႐ိုက္တာ လီယိုနာဒိုက မက္ဆီလိုကစားသမားမ်ိဳးကို အသင္းက အခ်ိန္တိုင္းအလိုရွိခဲ့တာျဖစ္တယ္ ဆိုၿပီး ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဘာစီလိုနာအသင္းရဲ႕ ဥကၠဌသစ္ေရြးေကာက္ပြဲကို အေစာပိုင္းတုန္းက ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ ကိုဗစ္ရဲ႕စည္းမ်ဥ္းေတြေၾကာင့္ မတ္လ ၇ ရက္ေန႔ကို ေျပာင္းလဲက်င္းပေတာ့မွာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဥကၠဌျဖစ္ လာမယ့္သူအေနနဲ႔ အသင္းရဲ႕ပံုရိပ္တစ္ခုျဖစ္တဲ့ မက္ဆီကို အသင္းမွာဆက္ထိန္းထားႏိုင္ဖို႔အတြက္ အဓိကလုပ္ေဆာင္ရမွာ ျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ဘာစီလိုနာဥကၠဌေလာင္း လာေပၚတာက “ မက္ဆီရဲ႕ အေျဖအတြက္ ကၽြန္ေတာ္အေနနဲ႔နားလည္ပါတယ္။ လက္ရွိအခ်ိန္မွာ သူအေနနဲ႔ အျခားကလပ္အသင္းတစ္သင္းနဲ႔ ေျပာင္းေရႊ႕ဖို႔အတြက္ ညွိႏႈိင္းႏိုင္ေပမယ့္ သူအေနနဲ႔ ဘာမွေျပာဆိုထားတာမရွိ ပါဘူး။ ဒါကလည္း လက္ရွိဘာစီလိုနာမွာ ဥကၠဌမရွိဘူးဆိုတာကို သူသိလို႔ပဲ ျဖစ္ပါတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။ မက္ဆီကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းအျပင္ ဂြါဒီယိုလာကိုင္တြယ္ေနတဲ့ မန္စီးတီးအသင္းကလည္း စိတ္ဝင္စားေနတာျဖစ္ပါ တယ္။