ဥက္ကဌသစ်ရွေးကောက်မယ့်နေ့ကို တရားဝင် သတ်မှတ်ပေးပြီး အတည်ပြုပေးခဲ့တဲ့ ဘာစီလိုနာ


ဘာစီလိုနာအသင်းမှာ နုတ်ထွက်သွားတဲ့ ဥက္ကဌဟောင်း ဘာတိုမီယူရဲ့နေရာအတွက် ဥက္ကဌသစ်ရွေးကောက်ပွဲကို ဇန်နဝါရီ လ ၂၄ ရက်နေ့မှာ ကျင်းပဖို့ ရှိခဲ့ပေမယ့် ရွှေ့ဆိုင်းခဲ့ရတာကြောင့် လာမယ့် မတ်လ ၇ရက်နေ့မှ ပြန်လည်ကျင်းပမယ်လို့ တရားဝင်ရက်သတ်မှတ်ပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်အဖြစ်တော့ လာပေါ်တာ၊ ဗစ်တာဖောင့် နဲ့ တိုနီ ဖရိုင်ဆာတို့က ဝင်ရောက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။


အစောပိုင်းတုန်းက ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ဥက္ကဌသစ်ရွေးကောက်ပွဲ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့ကတည်းက ပြုလုပ်ခဲ့တဲ့ညှိနှိုင်းဆွေးနွေးမှုက အဆင်မပြေခဲ့သလို ကတ်တလန်ဒေ သ အစိုးရရဲ့ ကိုဗစ်အတွက် တားမြစ်ထားတဲ့စည်းမျဉ်းတွေကြောင့်လည်း ဥက္ကဌသစ်ရွေးကောက်ပွဲကို မကျင်းပနိုင်တာဖြစ် တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။


ပြီးခဲ့တဲ့နွေရာသီက အသင်းကနေထွက်ဖို့တောင်းဆိုထားတဲ့ တိုက်စစ်မှူးမက်ဆီနဲ့ အဆင်မပြေမှုတွေကြောင့် ဥက္ကဌအဖြစ် ကနေ ဘာတိုမီယူနုတ်ထွက်သွားတယ်လို့ သတင်းတွေကဖော်ပြခဲ့ပြီး ဘာတိုမီယူ မရှိတော့တာကြောင့်လည်း မက်ဆီအနေ နဲ့ ဘာစီလိုနာမှာ ဆက်နေသွားဖို့ ရှိနေတယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။ ဥက္ကဌလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ ရဲ့ မဲဆွယ်မှုမှာတော့ မက်ဆီကို ဘာစီလိုနာမှာ ဆက်ပြီးရှိဖို့ဆိုတဲ့ အကြောင်းပြချက်က အကောင်းဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ဥကၠဌသစ္ေရြးေကာက္မယ့္ေန႔ကို တရားဝင္ သတ္မွတ္ေပးၿပီး အတည္ျပဳေပးခဲ့တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင္းမွာ ႏုတ္ထြက္သြားတဲ့ ဥကၠဌေဟာင္း ဘာတိုမီယူရဲ႕ေနရာအတြက္ ဥကၠဌသစ္ေရြးေကာက္ပြဲကို ဇန္နဝါရီ လ ၂၄ ရက္ေန႔မွာ က်င္းပဖို႔ ရွိခဲ့ေပမယ့္ ေရႊ႕ဆိုင္းခဲ့ရတာေၾကာင့္ လာမယ့္ မတ္လ ၇ရက္ေန႕မွ ျပန္လည္က်င္းပမယ္လို႔ တရားဝင္ရက္သတ္မွတ္ေပးခဲ့ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌသစ္အျဖစ္ေတာ့ လာေပၚတာ၊ ဗစ္တာေဖာင့္ နဲ႔ တိုနီ ဖ႐ိုင္ဆာတို႔က ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။
အေစာပိုင္းတုန္းက ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ ဥကၠဌသစ္ေရြးေကာက္ပြဲ ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ ဇန္နဝါရီလ ၁၅ ရက္ေန႔ကတည္းက ျပဳလုပ္ခဲ့တဲ့ညွိႏိႈင္းေဆြးေႏြးမႈက အဆင္မေျပခဲ့သလို ကတ္တလန္ေဒ သ အစိုးရရဲ႕ ကိုဗစ္အတြက္ တားျမစ္ထားတဲ့စည္းမ်ဥ္းေတြေၾကာင့္လည္း ဥကၠဌသစ္ေရြးေကာက္ပြဲကို မက်င္းပႏိုင္တာျဖစ္ တယ္ဆိုၿပီး သတင္းထုတ္ျပန္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက အသင္းကေနထြက္ဖို႔ေတာင္းဆိုထားတဲ့ တိုက္စစ္မွဴးမက္ဆီနဲ႔ အဆင္မေျပမႈေတြေၾကာင့္ ဥကၠဌအျဖစ္ ကေန ဘာတိုမီယူႏုတ္ထြက္သြားတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၿပီး ဘာတိုမီယူ မရွိေတာ့တာေၾကာင့္လည္း မက္ဆီအေန နဲ႔ ဘာစီလိုနာမွာ ဆက္ေနသြားဖို႔ ရွိေနတယ္လို႔လည္း ေဖာ္ျပခဲ့ၾကပါတယ္။ ဥကၠဌေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္မယ့္သူေတြ ရဲ႕ မဲဆြယ္မႈမွာေတာ့ မက္ဆီကို ဘာစီလိုနာမွာ ဆက္ၿပီးရွိဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္က အေကာင္းဆံုးျဖစ္ခဲ့တယ္လို႔ သိရပါ တယ္။