အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ကို မရောက်ခဲ့တဲ့ တရားခံက ဂါရတ်ဘေးလ်လို့ သတင်းတွေ ထွက်ပေါ်လာ

လွန်ခဲ့တဲ့ (၄) နှစ်က ဂါရတ်ဘေးလ်ကို ယူနိုက်တက်ကို ရောင်းချလိုက်ရင် ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ ကို ခေါ်ယူနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ်ဟာ လွန်ခဲ့တဲ့ (၄)နှစ်က ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေ ကို ခေါ်ယူရန် နီးစပ်ခဲ့ဖူးတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်က ခေါ်ယူချင်နေတဲ့ ဂါရတ်ဘေးလ်ကိုသာ ရောင်းချလိုက်ပြီး ရတဲ့ ပိုက်ဆံနဲ့ မိုနာကိုအသင်းကနေ အမ်ဘာပေးကို ခေါ်ယူလို့ရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ရာသီအကြိုမှာတော့ ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ အမေရိကန်မှာ ကစားခဲ့တဲ့ ပွဲမှာ ယူနိုက်တက်နည်းပြ မော်ရင်ဟို နဲ့ ဂါရတ်ဘေးလ်တို့ ပွဲမတိုင်ခင် ဥမင်ထဲမှာ ပြောဆိုနေတာတွေကို ကင်မရာနဲ့ အမိအရ ရိုက်ကူးမိခဲ့ပါတယ်။ မော်ရင်ဟိုက “ မင်းငါ့ကို မပြောရင် ငါလည်း မင်းကို ဝယ်လို့မရဘူး” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ရက်သတ္တပတ်အနည်းငယ်အကြာ ၂၀၁၇ သြဂုတ်လ (၈) ရက်နေ့မှာ ယူအီးအက်ဖ်အေစူပါဖလားပွဲအတွက် ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် ကစားမယ့်ပွဲမတိုင်မီ ပေါ်တူဂီလူမျိုးနည်းပြက ဝေးလ်လက်ရွေးစင်ကစားသမားကို ခေါ်ယူချင်တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပါတယ်။ “သူ့အနေနဲ့ အသင်းရဲ့ အစီအစဉ်မှာ မပါဘူး၊ အခြားကစားသမားလည်း ရောက်လာမယ်ဆိုရင် သူထွက်ခွာမှာပါ။ ကျွန်တော်လည် သူ့ကို အခြားနည်းပြတွေနဲ့အတူ လိုချင်နေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မနက်ဖြန်မှာ ကစားဖြစ်မယ်ဆိုရင် သူ့အသင်းက သူ့ကို လိုအပ်နေဆဲလို့ ဆိုလိုမှာပါ” လို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။

ဒါဟာ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဂါရတ်ဘေးလ်ကို ရောင်းချလို့ရမယ့် အကောင်းဆုံး အခွင့်အရေးဖြစ်ခဲ့ပြီး မိုနာကိုအသင်းက အမ်ဘာပေကိုလည်း ဝယ်ယူလို့ရမယ့် အခွင့်အရေးရခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ အမ်ဘာပေဟာ ပေါင်သန်း ၁၈၀ ပေးတဲ့ ပီအက်စ်ဂျီကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

အမ္ဘာေပ ရီးရဲလ္မက္ဒရစ္ကို မေရာက္ခဲ့တဲ့ တရားခံက ဂါရတ္ေဘးလ္လို႔ သတင္းေတြ ထြက္ေပၚလာ

လြန္ခဲ့တဲ့ (၄) ႏွစ္က ဂါရတ္ေဘးလ္ကို ယူႏိုက္တက္ကို ေရာင္းခ်လိုက္ရင္ ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပ ကို ေခၚယူႏိုင္တယ္လို႔ သတင္းထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဥကၠဌ ပီရက္ဇ္ဟာ လြန္ခဲ့တဲ့ (၄)ႏွစ္က ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ဘာေပ ကို ေခၚယူရန္ နီးစပ္ခ့ဲဖူးတယ္လို႔ သတင္းမ်ားက ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ယူႏိုက္တက္က ေခၚယူခ်င္ေနတဲ့ ဂါရတ္ေဘးလ္ကိုသာ ေရာင္းခ်လိုက္ၿပီး ရတဲ့ ပိုက္ဆံနဲ႔ မိုနာကိုအသင္းကေန အမ္ဘာေပးကို ေခၚယူလို႔ရမွာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ရာသီအႀကိဳမွာေတာ့ ယူႏိုက္တက္ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ဟာ အေမရိကန္မွာ ကစားခဲ့တဲ့ ပြဲမွာ ယူႏိုက္တက္နညး္ျပ ေမာ္ရင္ဟို နဲ႔ ဂါရတ္ေဘးလ္တို႔ ပြဲမတိုင္ခင္ ဥမင္ထဲမွာ ေျပာဆိုေနတာေတြကို ကင္မရာနဲ႔ အမိအရ ႐ိုက္ကူးမိခဲ့ပါတယ္။ ေမာ္ရင္ဟိုက “ မင္းငါ့ကို မေျပာရင္ ငါလည္း မင္းကို ၀ယ္လို႔မရဘူး” ဆိုၿပီး ေျပာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္ ရက္သတၱပတ္အနည္းငယ္အၾကာ ၂၀၁၇ ၾသဂုတ္လ (၈) ရက္ေန႔မွာ ယူအီးအက္ဖ္ေအစူပါဖလားပြဲအတြက္ ယူႏိုက္တက္ နဲ႔ ရီးရဲလ္မက္ဒရစ္ ကစားမယ့္ပြဲမတိုင္မီ ေပၚတူဂီလူမ်ိဳးနည္းျပက ေ၀းလ္လက္ေရြးစင္ကစားသမားကို ေခၚယူခ်င္တယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ “သူ႔အေနန႔ဲ အသင္းရဲ႕ အစီအစဥ္မွာ မပါဘူး၊ အျခားကစားသမားလည္း ေရာက္လာမယ္ဆိုရင္ သူထြက္ခြာမွာပါ။ ကၽြန္ေတာ္လည္ သူ႔ကို အျခားနည္းျပေတြနဲ႔အတူ လိုခ်င္ေနပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ မနက္ျဖန္မွာ ကစားျဖစ္မယ္ဆိုရင္ သူ႔အသင္းက သူ႔ကို လိုအပ္ေနဆဲလို႔ ဆိုလိုမွာပါ” လို႔ ေမာ္ရင္ဟိုက ေျပာခဲ့တာျဖစ္ပါတယ္။

ဒါဟာ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ဂါရတ္ေဘးလ္ကို ေရာင္းခ်လို႔ရမယ့္ အေကာင္းဆံုး အခြင့္အေရးျဖစ္ခဲ့ၿပီး မိုနာကိုအသင္းက အမ္ဘာေပကိုလည္း ၀ယ္ယူလို႔ရမယ့္ အခြင့္အေရးရခဲ့ပါတယ္။ သို႔ေသာ္လည္း ေနာက္ပိုင္းမွာေတာ့ အမ္ဘာေပဟာ ေပါင္သန္း ၁၈၀ ေပးတဲ့ ပီအက္စ္ဂ်ီကိုပဲ ေရြးခ်ယ္သြားခဲ့ပါတယ္။