ဘောလုံးလောကမှာ ကျွန်တော်က လူမုန်းအခံရဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်မှာပါဆိုပြီး ပြောတဲ့ အဲလ်ဘာ


ဘာစီလိုနာနောက်ခံလူဖြစ်တဲ့ အဲလ်ဘာက သူအနေနဲ့ ဘောလုံးလောကမှာ လူမုန်းအခံရဆုံးကစားသမားတွေထဲက တစ် ယောက်ဖြစ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲလ်ဘာဟာ ဘယ်နောက်ခံလူတစ်ဦးဆိုပေမယ့် တစ်ဖက်အသင်းရဲ့ကစားသမား တွေကို ကျော်ဖြတ်ပြီး တိုက်စစ်ကို လိုက်ပါရမှာ ထူးချွန်တဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် ပြိုင်ဘက်ကစားသမားတွေ က သူကိုမုန်းတီးနေမှာ ဖြစ်ကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။


Movistar နဲ့ အင်တာဗျူးမှာတော့ အဲလ်ဘာက “ လက်ရှိစွမ်းဆောင်ရည်အရတော့ ကျွန်တော်နဲ့ ရင်ဆိုင်ကစားရတဲ့ ကစား သမားတွေအနေနဲ့ ကျွန်တော်ကို မုန်းနေမှာပါ။ ကျွန်တော်နဲ့ မက်ဆီက တွဲကစားလာတာ ၁၀ နှစ်ကျော်ပြီလေ။အဲ့တာမို့လို့ လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုက အကောင်းဆုံးအနေအထားမှာ ရှိနေတာပါ။ဒါကြောင့်လည်း မက်ဆီအ တွက် အခွင့်အရေးကောင်းတွေကို ဖန်တီးပေးနိုင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။


ဒီရာသီအစမှာ အသင်းပိုင်းအတွင်းအပြောင်းအလဲဖြစ်မှုတွေရှိခဲ့သလို ၊ မက်ဆီရဲ့အပြောင်းအရွှေ့သတင်းတွေကြောင့် ရုန်း ကန်နေခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ အဆင့်-၃ နေရာမှာရပ်တည်ပေမယ့် ဇယားထိပ် အက် သလက်တီကိုထက် တစ်ပွဲပိုကစားထားသလို ၁၀ မှတ်လည်း ကွာဟနေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲလ်ဘာကတော့ ဘာစီလိုနာအနေနဲ့ လက်ကျန်ရာသီဝက်မှာ အကောင်းဆုံးပြန်လာနိုင်မှာဖြစ်တယ်ဆိုပြီးတော့ ပြောသွား ခဲ့ပါတယ်။

zawgyi version
