ကော်တင်ဟို၊ ဒီဂျောင်နဲ့ အာသာတို့ကို ခေါ်ယူခဲ့တာကြောင့် ယူရို၁.၂ ဘီလီယံအထိ အရှုံးပေါ်ခဲ့တဲ့ ဘာစီလိုနာ


ကိုဗစ်ကြောင့် ဘဏ္ဍာရေးဆိုင်ရာတွေ ထိခိုက်မှုရှိခဲ့ကြတဲ့ ဘောလုံးအသင်းတွေထဲမှာ ဘာစီလိုနာအသင်းကနေ ယူရို ၁.၂ ဘီလီယံအထိ အရှုံးပေါ်ခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ကွင်းဝင်ကြေးဆုံးရှုံးတွေအပြင် ကော်တင် ဟို၊ ဒီဂျောင်နဲ့ အာသာတို့ကို ခေါ်ယူခဲ့တာကြောင့်လည်း ဘာစီလိုနာအသင်းအနေနဲ့ ဒီငွေကြေးပမာဏလောက် ဆုံးရှုံးခဲ့ရ တာဖြစ်တယ်ဆိုပြီး ဖော်ပြခံခဲ့ရပါတယ်။


ဘာစီလိုနာအသင်းဟာ ကစားသမားတွေရဲ့ လစာပေးချေမှုကို အခြားအသင်းတွေထက်ပိုပြီး လုပ်ဆောင်လေ့ရှိသလို ဘာ စီလိုနာရဲ့အသင်းဝင်ငွေအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ လစာငွေပေးချေမှုတွေအတွက် အသုံးပြုရတာဖြစ်တယ်လို့လည်း သိ ရပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ဘာစီလိုနာဟာ လစာငွေများပြားတဲ့ကစားသမားတွေ ကို အသင်းကနေထွက်ခွာခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။


ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီက အပြောင်းအရွှေ့အသုံးစရိတ်ကြောင့် ယူရို ၄၈၈ သန်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပြီး ကစား သမားခေါ်ယူမှာ ပေးချေရမယ့်တန်ကြေးတွေကိုလည်း လာမယ့်ဇွန်လအကုန်မှာ နောက်ဆုံးထားပြီး ပေးချေရမှာဖြစ်ပါ တယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ငွေကြေးထောက်ပံနိုင်မယ့်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆွေးနွေးနေတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

ေကာ္တင္ဟို၊ ဒီေဂ်ာင္နဲ႔ အာသာတို႔ကို ေခၚယူခဲ့တာေၾကာင့္ ယူ႐ို၁.၂ ဘီလီယံအထိ အရႈံးေပၚခဲ့တဲ့ ဘာစီလိုနာ
ကိုဗစ္ေၾကာင့္ ဘ႑ာေရးဆိုင္ရာေတြ ထိခိုက္မႈရွိခဲ့ၾကတဲ့ ေဘာလံုးအသင္းေတြထဲမွာ ဘာစီလိုနာအသင္းကေန ယူ႐ို ၁.၂ ဘီလီယံအထိ အရႈံးေပၚခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ကြင္းဝင္ေၾကးဆံုးရႈံးေတြအျပင္ ေကာ္တင္ ဟို၊ ဒီေဂ်ာင္နဲ႔ အာသာတို႔ကို ေခၚယူခဲ့တာေၾကာင့္လည္း ဘာစီလိုနာအသင္းအေနနဲ႔ ဒီေငြေၾကးပမာဏေလာက္ ဆံုးရႈံးခဲ့ရ တာျဖစ္တယ္ဆိုၿပီး ေဖာ္ျပခံခဲ့ရပါတယ္။
ဘာစီလိုနာအသင္းဟာ ကစားသမားေတြရဲ႕ လစာေပးေခ်မႈကို အျခားအသင္းေတြထက္ပိုၿပီး လုပ္ေဆာင္ေလ့ရွိသလို ဘာ စီလိုနာရဲ႕အသင္းဝင္ေငြအားလံုးရဲ႕ ၇၄ ရာခိုင္ႏႈန္းဟာ လစာေငြေပးေခ်မႈေတြအတြက္ အသံုးျပဳရတာျဖစ္တယ္လို႔လည္း သိ ရပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘာစီလိုနာဟာ လစာေငြမ်ားျပားတဲ့ကစားသမားေတြ ကို အသင္းကေနထြက္ခြာခြင့္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ရာသီက အေျပာင္းအေရႊ႕အသံုးစရိတ္ေၾကာင့္ ယူ႐ို ၄၈၈ သန္း ဆံုးရႈံးခဲ့ရတယ္လို႔ သိရၿပီး ကစား သမားေခၚယူမွာ ေပးေခ်ရမယ့္တန္ေၾကးေတြကိုလည္း လာမယ့္ဇြန္လအကုန္မွာ ေနာက္ဆံုးထားၿပီး ေပးေခ်ရမွာျဖစ္ပါ တယ္။ လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ ေငြေၾကးေထာက္ပံႏိုင္မယ့္အဖြဲ႔အစည္းေတြနဲ႔ ညွိႏိႈင္း ေဆြးေႏြးေနတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။